



Chilli – Celegabar


UNICODE

ပရိသတ်တွေ သဘောကျနေတဲ့ ကျော်ကျော်ဗိုလ် နဲ့ ကျော်ကျော် တို့ကို ဆေးထိုး ထားတဲ့ ကိုပေါက် ရဲ့ အခွီဗီဒီယို ဖိုင်လေး

သရုပ်ဆောင်မင်းသားချော ကျော်ကျော်ကလည်း ဒီဗီဒီယိုဖိုင်လေး ကို တွေ့ပြီး သဘောကျပြီး ရီရလွန်း လို့ မျက်ရည်တောင် ကျမိခဲ့တဲ့ အထိဖြစ်ခဲ့ပြီး နောက်နောင်ကိုလည်း အခုလို သတင်းတွေထပ်တင်ဆက်ပေးပါဦးလို့ ပြန်လည်စနောက် ထားပါသေးတယ်။ ပရိသတ် ကြီးတွေလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေး လိုက်ပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့ အချစ်တော်ဒါရိုက်တာကိုပေါက် ကတော့ လတ်တလော ရိုက်ကူးရေးတွေ နားထားရချိန်မှာ ပရိသတ် တွေရယ်မောပျော်ရွှင်ရအောင် ဟာသအခွီဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်နေခဲ့ပါသေးတယ်။ ဒီနေ့ ဇူလိုင်လ (၃)ရက်နေ့မှာလည်း ကိုပေါက် ကတော့ ဗီဒီယိုလေး တစ်ခုကိုထပ်မံတင်ဆက်ပေးခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ကိုပေါက်က အနုပညာရှင်နှစ်ယောက်ရဲ့ နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်ဆိုပြီး သရုပ်ဆောင် မင်း သားချော ကျော်ကျော်နဲ့ ကျော်ကျော်ဗိုလ်တို့ နှစ်ယောက်ကို ဆေးထိုးခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ကိုပေါက်ရဲ့ ဒီဟာသ ဗီဒီယိုလေးကို သဘောကျနှစ်သက်နေခဲ့ပြီး သဘောကျကြောင်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။

Chilli – Celegabar

Source – Aung Min Naing , Kyaw Naing Oo

Add a Comment

Your email address will not be published.