ဖားကန႔္မွာ ေျမမၿပိဳမွီ နိမိတ္ အျဖစ္ျမင္ေတြ႕ခဲ့ရေသာ ေျမစာပုံႀကီးနံရံက ေၾကာက္မက္ဖြယ္ ႐ုပ္ပုံမ်ား

ဗုဒၶဘာသာမွာ သာမဟုတ္ တစ္ျခားေသာ ဘာသာမ်ားတြင္လည္း နမိတ္ပုံမ်ား ေရွ႕ျဖစ္မ်ားကို ယုံၾကည္လက္ခံထားၾကပါတယ္။ အခုပုံကို လည္း ေသခ်ာၾကည့္ၾကည့္ပါ၊ မေကာင္းဆိုးဝါးမ်ား အရည္တ႐ႊဲ႐ႊဲ သြားရည္မ်ား မ်က္ရည္မ်ားစီက်ေနပုံႀကီးေပၚေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူ ေက်း႐ြာအုပ္စု ေဝွ႔ခါးေဒသမွာ ေက်ာက္တြင္းေျမစာပုံၿပိဳကလို႔ လူ(၂၀၀)ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

အျမင့္ေပ 300 ေလာက္ရွိတဲ့ ေျမစာပုံႀကီးေျမေတၿပိဳက်ခဲ့တာျဖစ္ပီး ဂ်ိဳင့္တြင္း အတြင္းမွေရေတေပၚက က်ေရာက္ခဲ့တာ ျဖစ္ပီး ဆူနာမီ လႈိင္းလုံးေလာက္ ရွိတဲ့ ေရလိုင္းႀကီးမ်ား ျဖစ္ေပၚကာ ေရမေဆးေက်ာက္ ရွာေဖြေနသူမ်ား လႈိင္းနဲ႔အတူ ေရအိုင္ အလယ္ကို ဆြဲယူ နစ္မြန္း ေစခဲ့တာျဖစ္ပါတယ္။ ေျပးခ်ိန္ေတာင္ မရေလာက္ေအာင္ ျမန္လြန္း လွပါတယ္။

ဒီလိုအျဖစ္ဆိုးမ်ား မျဖစ္ေပၚမီ ၿပိဳက်မယ့္ ေျမစာပုံ နံရံႀကီးမွာ မေကာင္းဆိုးဝါမ်ား ပုံစံ ေပၚေနတဲ့ ေျမစာပုံကပါးယံႀကီးလည္း ျဖစ္ေပၚခဲ့ တယ္လို႔ ဆိုၾကပါတယ္။ ဒီပုံကိုေတာ့ ေဒသခံ လူငယ္တစ္ဦးက မေကာင္းဆိုးဝါပုံေတြေပၚေနလို႔ ေျမစာပုံႀကီး မၿပိဳက်မီ ႐ိုက္ကူးထား ခဲ့တာ ျဖစ္ပါတယ္။ ေလာကႀကီးမွာ ထူးဆန္းမႈေတြ လည္းျပည့္ႏွက္လို႔ေနပါတယ္။

REF: LET PAN

UNICODE

ဖားကန့်မှာ မြေမပြိုမှီ နိမိတ် အဖြစ်မြင်တွေ့ခဲ့ရသော မြေစာပုံကြီးနံရံက ကြောက်မက်ဖွယ် ရုပ်ပုံများ

ဗုဒ္ဓဘာသာမှာ သာမဟုတ် တစ်ခြားသော ဘာသာများတွင်လည်း နမိတ်ပုံများ ရှေ့ဖြစ်များကို ယုံကြည်လက်ခံထားကြပါတယ်။ အခုပုံကို လည်း သေချာကြည့်ကြည့်ပါ၊ မကောင်းဆိုးဝါးများ အရည်တရွှဲရွှဲ သွားရည်များ မျက်ရည်များစီကျနေပုံကြီးပေါ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု ဝှေ့ခါးဒေသမှာ ကျောက်တွင်းမြေစာပုံပြိုကလို့ လူ(၂၀၀)ကျော် သေဆုံးခဲ့ရပါတယ်။

အမြင့်ပေ 300 လောက်ရှိတဲ့ မြေစာပုံကြီးမြေတေပြိုကျခဲ့တာဖြစ်ပီး ဂျိုင့်တွင်း အတွင်းမှရေတေပေါ်က ကျရောက်ခဲ့တာ ဖြစ်ပီး ဆူနာမီ လှိုင်းလုံးလောက် ရှိတဲ့ ရေလိုင်းကြီးများ ဖြစ်ပေါ်ကာ ရေမဆေးကျောက် ရှာဖွေနေသူများ လှိုင်းနဲ့အတူ ရေအိုင် အလယ်ကို ဆွဲယူ နစ်မွန်း စေခဲ့တာဖြစ်ပါတယ်။ ပြေးချိန်တောင် မရလောက်အောင် မြန်လွန်း လှပါတယ်။

ဒီလိုအဖြစ်ဆိုးများ မဖြစ်ပေါ်မီ ပြိုကျမယ့် မြေစာပုံ နံရံကြီးမှာ မကောင်းဆိုးဝါများ ပုံစံ ပေါ်နေတဲ့ မြေစာပုံကပါးယံကြီးလည်း ဖြစ်ပေါ်ခဲ့ တယ်လို့ ဆိုကြပါတယ်။ ဒီပုံကိုတော့ ဒေသခံ လူငယ်တစ်ဦးက မကောင်းဆိုးဝါပုံတွေပေါ်နေလို့ မြေစာပုံကြီး မပြိုကျမီ ရိုက်ကူးထား ခဲ့တာ ဖြစ်ပါတယ်။ လောကကြီးမှာ ထူးဆန်းမှုတွေ လည်းပြည့်နှက်လို့နေပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published.