ဆိုရွယ္မီဒီယာႏွင့္ လူမႈကြန္ရက္သည္ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ရမည့္ ပလက္ေဖာင္းတစ္ခုျဖစ္လာမည္” ဟု မုံ႐ြာေအာင္ရွင္ေျပာ

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနႏွင့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ျပဳလုပ္မည္ဟု ေၾကညာလိုက္ျခင္းသည္ ပါဝင္ယွဥ္ၿပိဳင္မည့္ပါတီမ်ား အခ်ိန္မ်ားမ်ားရၿပီး ႀကိဳတင္ျပင္ဆင္ခ်ိန္ရွိေစရန္ဟု ယူဆေၾကာင္း မုံ႐ြာေအာင္ရွင္က ဆက္လက္ေျပာဆိုသည္။ ကိုဗစ္ကာလျဖစ္ေနေတာ့ အခ်ိဳ႕က ကိုဗစ္ကာလေၾကာင့္ ေ႐ြးေကာက္ပြဲကိုပဲ ေ႐ႊ႕ေတာ့မလို၊ ေျပာင္းေတာ့မလို။ ေျပာင္းရင္ ေ႐ႊ႕ရင္လည္း လက္မခံဘူးလို႔ ေျပာေနၾကတာေတြရွိတယ္။

အခုလို ေစာေစာစီးစီး ေၾကညာလိုက္တာ ကြၽန္ေတာ္ကေတာ့ ႀကိဳဆိုပါတယ္။ ေ႐ြးေကာက္ပြဲဝင္မယ့္ ႏိုင္ငံေရးပါတီေတြ ပိုၿပီးအဆင္သင့္ ျဖစ္ေအာင္၊ ပိုၿပီးေတာ့အခ်ိန္ရေအာင္လုပ္ေပးလိုက္တယ္လို႔ ျမင္တယ္” ဟု ၎ကေျပာဆိုသည္။ ဆိုရွယ္မီဒီယာမ်ားႏွင့္ လူမႈကြန္ရက္ စာ မ်က္ႏွာမ်ားသည့္ မဲဆြယ္ရမည့္ ပလက္ေဖာင္းတစ္ခုျဖစ္လာမည္ဟု အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ပါတီဗဟိုျပန္ၾကားေရး ေကာ္မတီဝင္ မုံ႐ြာေအာင္ရွင္ကေျပာဆိုသည္။”Social Media က Platform တစ္ခု ျဖစ္လာႏိုင္တာေပါ့။

ဒါကေနာက္ပိုင္းေျပာေနတဲ့ New Normal လို႔ ေျပာေနၾကတာပဲ။ New Normal ပုံစံနဲ႔ပဲ ကြၽန္ေတာ္တို႔ကိုယ့္ပါတီအႏိုင္ရေရး ဝါဒျဖန႔္ၾကရ မွာေလ။ Social Media Platform က အမ်ားႀကီးက်ယ္ျပန႔္လာ မယ္” ဟု ၎ကေျပာဆိုသည္။ကိုဗစ္ကာလေၾကာင့္ မဲဆြယ္ရန္အခက္ အခဲရွိေနျခင္းသည္ ႏိုင္ငံေရးပါတီတစ္ခုတည္းမဟုတ္ဘဲ ပါတီအားလုံးရင္ဆိုင္ရမည့္ ျပႆနာတစ္ခုျဖစ္ေၾကာင္း၊ ယင္းသို႔ ပါတီအားလုံး ရင္ဆိုင္ရမည့္ျပႆနာကို ကိုယ့္နည္းကိုယ့္ဟန္ျဖင့္သာ ျဖတ္သန္းၾကရမည္။

အားလုံးညီတူမွ်တူသာ ျဖစ္သည္ဟု မုံ႐ြာေအာင္ရွင္က ဆက္လက္ေျပာဆိုသည္။ မဲဆြယ္စည္း႐ုံးမႈက ပုံစံေျပာင္းႏိုင္စရာရွိတယ္။ အေျခ အေနအရ ဒီအတိုင္းျဖစ္ေနတာကိုး။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ သြားၾကလုပ္ၾက႐ုံရွိတာပဲ။ NLD လည္း သူမ်ားလုပ္သလိုပါပဲ ကြၽန္ေတာ္တို႔က အခြင့္အေရးေတြ အမ်ားႀကီးရၿပီးေတာ့ လုပ္ေနတဲ့ပုံစံမ်ိဳးမရွိပါဘူး။ အျခားႏိုင္ငံေရးပါတီေတြလုပ္သလို ကြၽန္ေတာ္တို႔လည္း လုပ္ၾကရတာ ပဲ” ဟုလည္း ထပ္မံရွင္းျပသည္။

ref: The Voice

UNICODE

ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ရက်သည် ရွေးကောက်ပွဲအတွက် မဲဆွယ်ရမည့် ပလက်ဖောင်းတစ်ခုဖြစ်လာမည်” ဟု မုံရွာအောင်ရှင်ပြော

ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာလိုက်ခြင်းသည် ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ အချိန်များများရပြီး ကြိုတင်ပြင်ဆင်ချိန်ရှိစေရန်ဟု ယူဆကြောင်း မုံရွာအောင်ရှင်က ဆက်လက်ပြောဆိုသည်။ ကိုဗစ်ကာလဖြစ်နေတော့ အချို့က ကိုဗစ်ကာလကြောင့် ရွေးကောက်ပွဲကိုပဲ ရွှေ့တော့မလို၊ ပြောင်းတော့မလို။ ပြောင်းရင် ရွှေ့ရင်လည်း လက်မခံဘူးလို့ ပြောနေကြတာတွေရှိတယ်။

အခုလို စောစောစီးစီး ကြေညာလိုက်တာ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ ပိုပြီးအဆင်သင့် ဖြစ်အောင်၊ ပိုပြီးတော့အချိန်ရအောင်လုပ်ပေးလိုက်တယ်လို့ မြင်တယ်” ဟု ၎င်းကပြောဆိုသည်။ ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက် စာ မျက်နှာများသည့် မဲဆွယ်ရမည့် ပလက်ဖောင်းတစ်ခုဖြစ်လာမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဗဟိုပြန်ကြားရေး ကော်မတီဝင် မုံရွာအောင်ရှင်ကပြောဆိုသည်။”Social Media က Platform တစ်ခု ဖြစ်လာနိုင်တာပေါ့။

ဒါကနောက်ပိုင်းပြောနေတဲ့ New Normal လို့ ပြောနေကြတာပဲ။ New Normal ပုံစံနဲ့ပဲ ကျွန်တော်တို့ကိုယ့်ပါတီအနိုင်ရရေး ဝါဒဖြန့်ကြရ မှာလေ။ Social Media Platform က အများကြီးကျယ်ပြန့်လာ မယ်” ဟု ၎င်းကပြောဆိုသည်။ကိုဗစ်ကာလကြောင့် မဲဆွယ်ရန်အခက် အခဲရှိနေခြင်းသည် နိုင်ငံရေးပါတီတစ်ခုတည်းမဟုတ်ဘဲ ပါတီအားလုံးရင်ဆိုင်ရမည့် ပြဿနာတစ်ခုဖြစ်ကြောင်း၊ ယင်းသို့ ပါတီအားလုံး ရင်ဆိုင်ရမည့်ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြတ်သန်းကြရမည်။

အားလုံးညီတူမျှတူသာ ဖြစ်သည်ဟု မုံရွာအောင်ရှင်က ဆက်လက်ပြောဆိုသည်။ မဲဆွယ်စည်းရုံးမှုက ပုံစံပြောင်းနိုင်စရာရှိတယ်။ အခြေ အနေအရ ဒီအတိုင်းဖြစ်နေတာကိုး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားကြလုပ်ကြရုံရှိတာပဲ။ NLD လည်း သူများလုပ်သလိုပါပဲ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီးရပြီးတော့ လုပ်နေတဲ့ပုံစံမျိုးမရှိပါဘူး။ အခြားနိုင်ငံရေးပါတီတွေလုပ်သလို ကျွန်တော်တို့လည်း လုပ်ကြရတာ ပဲ” ဟုလည်း ထပ်မံရှင်းပြသည်။

ref:  The Voice

Add a Comment

Your email address will not be published.