ဂုတ္တြင္းလမ္း က ျဖစ္ရပ္မွန္ အေၾကာင္း ( ေနာက္ လူေတြ မျဖစ္ေစ ဖို႔ သတိထားႏိုင္ဖို႔ပါ )

ၾကာေတာ့ၾကာခဲ့ပါၿပီ။လြန္ခဲ့ တဲ့ ႏွစ္ႏွစ္ဆ ယ္ေလာက္က ေနာင္ခ်ိဳၿမိဳ႕နယ္ အတြင္း က နာမည္ေက်ာ္ ဂုတ္တြင္းလမ္းႀကီး မွာ ျဖစ္ခဲ့တဲ့ ျဖစ္ ရပ္မွန္ေပါ့ ဗ်ာ ။ဒီျဖစ္ရပ္မွာ ပါဝင္ခဲ့သူ ကိုယ္တိုင္ မိသားစုဝင္အေန နဲ႔ ေရးပါတယ္ ။ဆိုေတာ့ကာ အျဖစ္အပ်က္ တူ နစ္နာ ဆုံးရႈံးမႈေတြ ရွိခဲ့ တဲ့ မိသားစုဝင္ေတြ အတြက္လဲ စိတ္မေကာင္းျဖစ္ရ ပါတယ္ ။ ကိုယ္ေတြ႕ကိုးဗ်ာ ။ ကြၽန္ေတာ္တို႔လိုမ်ိဳး ဝမ္းနည္းစရာႀကဳံတဲ့ မိသားစုေတြ အမ်ားႀကီးေပ့ါဗ်ာ ။ နာက်င္ေစဖို႔ မရည္႐ြယ္ပါဘူး။အေၾကာင္းအရာအေန နဲ႔ကေတာ့ မိသားစုကိစၥျဖစ္တဲ့ အတြက္ မိသားစုဝင္ အေနေရး တဲ့ ဒီပို႔စ္အေန နဲ႔ကေတာ့ ေစာင့္စည္းစရာနည္း ပါတယ္ ။

၂၀၀၀ ခုႏွစ္ရဲ႕ ႏိုဝင္ဘာလေလာက္ မွာေပါ့ဗ်ာ ။ဒီအခ်ိန္က တ႐ုတ္ဆိုင္ကယ္ေတြ စေခာတ္စား တဲ့ အခ်ိန္ေပါ့ဗ်ာ ။တစ္ၿမိဳ႕လုံးအေနနဲ႔ ေတာင္ ဆိုင္ကယ္ အေရအတြက္ အမ်ားႀကီးမရွိေသးပါဘူး ။ဆိုင္ကယ္ Super Cup ခဲေရာင္တို႔ ေ႐ႊေရာင္တို႔ ေက်ာက္စိမ္းေရာင္ဆို ဆရာ ႀကီးေပါ့ ။ ဘီးႀကီးေတြ DT တို႔ R Start တို႔ေခၚမလားပဲ ။ ဒါမ်ိဳးစီးႏိုင္တဲ့သူမ်ိဳး ဆိုရင္ေတာ့ မင္းသားေပ့ါဗ်ာ။ကြၽန္ေတာ္တို႔ ၿမိဳ႕ေလး က လူငယ္ေတြက လားရႈိးကို လိုင္စင္မဲ့ ဆိုင္ကယ္ေတြ ကန္ဘို တို႔ ေလာ္ဂ်ားတို႔ ဂ်ားလင္ တို႔ တ႐ုတ္ဆိုင္ကယ္ နာမည္ေတြ ထင္တာပါပဲ ။ ေသ ခ်ာေတာ့ မမွတ္မိေတာ့ပါဘူး ။

သြားသယ္က်တာ ေပ့ါဗ်ာ ။ လားရႈိးက ဝယ္ၿပီးမန္းေလး ကို ဆင္းေရာင္းရင္ ငါးေသာင္းကေန တသိန္း အထိ ျမတ္ႏိုင္ တဲ့ ကာလမ်ိဳးေပ့ါ ။ဆိုေတာ့ ဒီပမာဏက မက္လုံးအႀကီးႀကီး ျဖစ္ေနတာေပ့ါေလ ။ကြၽန္ေတာ္ တို႔ လူငယ္ေတြအေနနဲ႔လဲ ဘယ္ျငင္းႏိုင္မလဲဗ်ာ ။ မက္တာ ေပ့ါ ။ အုပ္စုလိုက္ လူစုၿပီးဒါ နဲ႔ ေငြေလး ဘာေလးစုၿပီး ဝယ္တန္ဝယ္ ၊ မဝယ္ႏိုင္တဲ့သူေတြကလဲ လားရႈိးကေန မန္းေလး ကို ကယ္ရီ ေမာင္းတာေပါ့ ။ေပ်ာ္ေတာ့ ေပ်ာ္စရာႀကီးေပါ့ ။ ဒီလို နဲ႔ စီးလာတဲ့ အုပ္ေတြက တစ္အုပ္ ကို ဆယ္ေယာက္ကေန ႏွစ္ဆယ္ေလာက္ အထိ ဆိုင္ကယ္အုပ္ႀကီးေပ့ါ ။ ညညဆို ေမာင္းဆင္းလာတာ ။

ဒီလမ္းပိုင္း မွာက အရင္ကတဲကမေတာ္ တဆမႈေတြက ခပ္စိပ္စိပ္ ကို ျဖစ္တာဗ် ။အရင္တုန္းက ယဥ္ေတြ ရဲ႕ ႀကံ့ခိုင္မႈ အားနည္းတာရယ္ ၊ လမ္းက ဆိုးလြန္းတာရယ္နဲ႔ဆိုေတာ့ကာ ဒီလမ္းပိုင္းက မေတာ္တဆျဖစ္တဲ့ေနရာမွာ နာမည္ႀကီးပါပဲ ။ဆိုေတာ့ တစ္ေန႔ မွာေတာ့ ကြၽန္ ေတာ္ အစ္ကို ရဲ႕ ကံဆိုးတဲ့ေန႔ေရာက္လာတာေပ့ါ ဗ်ာ ။ ဒီရက္ မတိုင္ခင္ ကလဲ မၾကာမၾကာ မက္တတ္တဲ့ သူ႔အိပ္မက္ထဲ မွာ သိပ္လွတဲ့ တိုင္းရင္းသူေလး တစ္ေယာက္က ဒီလမ္းပိုင္းမွာ လာေနဖို႔ေခၚတယ္တဲ့ဗ်ာ ။ဆိုေတာ့ သူငယ္ခ်င္းေတြ ကလဲ စက်ေနာက္က်ေပါ့ ။ ဒါက သူ႔ဘ ဝဇတ္သိမ္း ျဖစ္လာမယ္ လို႔ ဘယ္သူမွမထင္ခဲ့ပဲဗ်ာ ။

မေတာ္တဆ ျဖစ္တဲ့ရက္မွာေတာ့ အစ္ကိုႏွစ္ေယာက္ (အႀကီးနဲ႔ အငယ္ ) တို႔အဖြဲ႕ေတြက လားရႈိးကေန ဆင္းလာတာမွာ ေက်ာက္မဲမွာ ေတာင္ ေတ ထာက္နား လိုက္ပါေသးတယ္တဲ့ ဗ်ာ ။အစ္ကိုအငယ္ နဲ႔ ေပငါးဆယ္ေလာက္ ခြာစီးလာရင္း ကို အစ္ကိုအႀကီးက ေနာက္ခ်န္ စီးရင္း နဲ႔ ဘယ္ေတာ့ မွ ျပန္မလာေတာ့ ပါဘူး ။ ညလဲေမွာင္ေမွာင္နဲ႔ အဆက္အသြယ္ လုပ္စရာဖုန္းေတြလဲ မေပါေသးဘူးေလ ေနာ္ ။ေနာက္ မွာ ပါလာမယ္ ထင္ရင္း နဲ႔ ကို ဘယ္ေတာ့မွ မေတြ႕ေတာ့ပါဘူး ။ဒီလို နဲ႔ ကြၽန္ေတာ္တို႔လဲ စုံစမ္းက်တာေပ့ါဗ်ာ ။ လမ္းတေလ်ာက္ လမ္းက လဲ အရွည္ႀကီး ဆိုေတာ့ ဘယ္မွာ က်န္ခဲ့မွန္းမသိ နဲ႔ စိတ္ေတြ ပူၿပီးေနက်တာေပါ့ဗ်ာ ။

ဂုတ္တြင္းလမ္းပိုင္းေလး ကို ဆင္းရွာၾကည့္ေပမယ့္ လဲ မေတြ႕ခဲ့ပါဘူး ။တစ္ညမွာေတာ့ အစ္ကို အငယ္က အိပ္မက္ ရေရာဗ်ာ ။အခင္းျဖစ္ တဲ့ အစ္ကိုက ႏြမ္းနယ္ေန တဲ့ ႐ုပ္ကေလး နဲ႔ စုတ္ၿပဲေနတဲ့ အဝတ္အစားေတြ နဲ႔ သူရွိတဲ့ေနရာကို ေျပာျပၿပီး ေသခ်ာျမဳပ္ႏွံေပးဖို႔ ေျပာလာ တာ ပါ ။အိပ္မက္အရ ျပန္ရွာတဲ့ေနရာက ကြၽန္ေတာ္တို႔အရင္ရွာ တဲ့ေနရာ မလွမ္းမကမ္းေလး မွာပဲ ။အဲ့ေနရာကိုေတာ့ ေစ့ေစ့စပ္စပ္ရွာခဲ့ က်တာပါပဲ ။ လုံးဝကိုမေတြ႕ခဲ့တာပါ ။ တျခားပရေလာကသားေတြက ႐ုပ္ႂကြင္း ကို ဖြက္ထားတယ္လို႔ ေျပာက်တာ ပါပဲ ။ ေတြ႕မယ့္ ေတြ႕ေတာ့လဲ ပ်က္စီးေနတဲ့ ဆိုင္ကယ္ နဲ႔ ႐ုပ္ႂကြင္းက မွတ္မိဖို႔ေတာင္ခက္ ေနပါၿပီ ။

သိပ္ကိုၾကင္နာ တတ္တဲ့ အစ္ကိုႀကီး အတြက္ ကြၽန္ေတာ္တို႔ရင္ထုက်တာေပါ့ဗ်ာ ၊လက္မွာ စြတ္ထား တဲ့လက္စြပ္ကေလးနဲ႔ တျခားအ ေထာက္အထားေတြေၾကာင့္သာ မွတ္မိခဲ့တာေပါ့ဗ်ာ ။ကြၽန္ေတာ္တို႔လဲ ေသခ်ာျပန္ေကာက္လာၿပီး ေနာက္ဆုံးခရီး အတြက္ေသခ်ာျမဳပ္ ႏွံေပး ခဲ့တာေပါ့ဗ်ာ ။ဒ ဏ္ရာ ဆိုတာမ်ိဳးကေတာ့ အနာ႐ြတ္က်က္ရင္ေတာင္ ေတြးလိုက္တိုင္း ျပန္သတိရေနတုန္းပဲမလား ။ ဒီစာကို ကိုယ္ ခ်င္းစာစိတ္နဲ႔ေရး ပါတယ္ ။ တျခား ဇတ္လမ္းေလးေတြအေန နဲ႔ကေတာ့ လမ္းကူးေနတဲ့ မိသားစု လိုက္ေတြ႕တာမ်ိဳး အနံ႔ေတြရတာမ်ိဳး အသံေတြၾကား တာမ်ိဳးရွိေပမယ့္ အေသးစိတ္မေဖာ္ျပခ်င္ေ တာ့ပါဘူး ။

တစ္ခါလဲဆဲ ခံထားရၿပီဆိုေတာ့ကာ ဒီလမ္းပိုင္းမွာပဲ တစ္ေလာက ေရေတြက် လို႔ ကားေတြပ်က္ၿပီး ပိတ္လို႔ ညအိပ္ေစာင့္ရတဲ့အခ်ိန္မွာ ၾကားခဲ့တာေလးေတြ တခ်ိဳ႕ကားဆရာေတြႀကဳံခဲ့ တာေတရွိပါတယ္ ။ Google မွာရွာလိုက္ရင္လဲ စိတ္မေကာင္းစရာေတြခ်ည္း ပါပဲ ။ မန္း ေလးမူဆယ္ ျပည္ေထာင္စုလမ္းမႀကီး ဆိုေတာ့ ျဖတ္သန္းသြားတဲ့ ကားဆရာေတြရဲ႕ ကိုယ္ေတြ႕ေတြအမ်ားႀကီး ပါပဲ ။သိထားတာ ရွိရင္လဲ ေကာ္မန႔္မွာ ေဝမွ်ေစခ်င္ပါတယ္ ။အရင္ႏွစ္ကေတာင္ ေဒသခံေတြ နဲ႔ နယ္ေျမအစိုးရ ေပါင္းၿပီး အကြၽတ္အလြတ္ လႈဒါန္းပြဲေတြ လုပ္ေပးခဲ့ပါ တယ္။ဒီအတြက္လဲ ေက်းဇူးတင္ပါတယ္ ။

အစိုးရအေနနဲ႔လဲ ဒီလမ္းပိုင္း ကို ေက်ာ္ၿပီးသြားႏိုင္မယ့္ တံတားသစ္ႀကီး တစ္စင္း ေဆာက္လုပ္ဖို႔ျပင္ဆင္ေန ပါၿပီ ။ၿပီးစီးသြား ရင္ေတာ့ မန္း ေလး မူဆယ္လမ္းပိုင္း တေထာက္အေနနဲ႔ ေတာ္ေတာ္အဆင္ေျပသြားမွာပါ ။ဆိုေတာ့ နာမည္ေက်ာ္ ဂုတ္ထိပ္တံတား ၊ သီေပါ နဲ႔ လားရႈိး ၿမိဳ႕ေတြကို သြားလည္ခဲ့လို႔ ဒီလမ္းပိုင္း ကို ေရာက္ခဲ့ရင္ ေသခ်ာ ဂ႐ုစိုက္ၿပီးေမာင္းေစခ်င္ ပါတယ္ ။ လမ္းအေကြ႕ေလးေတြက နည္းနည္း ၾကမ္းပါတယ္ ။ ဒါက လြဲရင္ေတာ့ သိပ္လွတဲ့ ေတာေတာင္ အလွေတြနဲ႔ ေလကလဲအေတာ္ လတ္ဆတ္ ပါတယ္ ။ ဒီၿမိဳ႕ေလးေတြရဲ႕ သဘာ ဝအလွနဲ႔ လည္ပတ္စရာေတြကလဲေတာ္ေတာ္မ်ား ပါတယ္ ။

တိုင္းတပါး မွ မသြားရေသး ပဲဆိုေတာ့ ဂုတ္ထိပ္တံတားကလဲ ဒီႏွစ္ပိုင္း မွာ ေတာ္ေတာ္ လည္လာက်ပါၿပီ ။ ယဥ္ႀကံ့ခိုင္မႈကိုေသခ်ာ စစ္ေဆး ၿပီးလမ္းတေလ်ာက္ ဂ႐ုတစိုက္ေမာင္းရင္း နဲ႔ အမႈိက္ေတြစနစ္တက် ပစ္ရင္း နဲ႔ သိပ္ေပ်ာ္စရာေကာင္း တဲ့ အခ်ိန္ေတြပိုင္ဆိုင္ ႏိုင္ဖို႔ပဲစိတ္ ကူးက်တာေပ့ါဗ်ာ ။ျပည္တြင္းလုပ္ငန္းေတြ နဲ႔ ရွမ္းေဒသစာေတြ နဲ႔ ေနာင္ခ်ိဳ ၊ေက်ာက္မဲ ၊ သီေပါ လားရႈိးၿမိဳ႕ေတြ ရဲ႕ ခရီးသြားလုပ္ငန္း ကို ျမႇင့္တင္ေပးရာလဲေရာက္တာ ေပါ့ဗ်ာ ။

Glamour Malikha

UNICODE

ဂုတ်တွင်းလမ်း က ဖြစ်ရပ်မှန် အကြောင်း ( နောက် လူတွေ မဖြစ်စေ ဖို့ သတိထားနိုင်ဖို့ပါ )

ကြာတော့ကြာခဲ့ပါပြီ။လွန်ခဲ့ တဲ့ နှစ်နှစ်ဆ ယ်လောက်က နောင်ချိုမြို့နယ် အတွင်း က နာမည်ကျော် ဂုတ်တွင်းလမ်းကြီး မှာ ဖြစ်ခဲ့တဲ့ ဖြစ် ရပ်မှန်ပေါ့ ဗျာ ။ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ ကိုယ်တိုင် မိသားစုဝင်အနေ နဲ့ ရေးပါတယ် ။ဆိုတော့ကာ အဖြစ်အပျက် တူ နစ်နာ ဆုံးရှုံးမှုတွေ ရှိခဲ့ တဲ့ မိသားစုဝင်တွေ အတွက်လဲ စိတ်မကောင်းဖြစ်ရ ပါတယ် ။ ကိုယ်တွေ့ကိုးဗျာ ။ ကျွန်တော်တို့လိုမျိုး ဝမ်းနည်းစရာကြုံတဲ့ မိသားစုတွေ အများကြီးပေ့ါဗျာ ။ နာကျင်စေဖို့ မရည်ရွယ်ပါဘူး။အကြောင်းအရာအနေ နဲ့ကတော့ မိသားစုကိစ္စဖြစ်တဲ့ အတွက် မိသားစုဝင် အနေရေး တဲ့ ဒီပို့စ်အနေ နဲ့ကတော့ စောင့်စည်းစရာနည်း ပါတယ် ။

၂၀၀၀ ခုနှစ်ရဲ့ နိုဝင်ဘာလလောက် မှာပေါ့ဗျာ ။ဒီအချိန်က တရုတ်ဆိုင်ကယ်တွေ စခောတ်စား တဲ့ အချိန်ပေါ့ဗျာ ။တစ်မြို့လုံးအနေနဲ့ တောင် ဆိုင်ကယ် အရေအတွက် အများကြီးမရှိသေးပါဘူး ။ဆိုင်ကယ် Super Cup ခဲရောင်တို့ ရွှေရောင်တို့ ကျောက်စိမ်းရောင်ဆို ဆရာ ကြီးပေါ့ ။ ဘီးကြီးတွေ DT တို့ R Start တို့ခေါ်မလားပဲ ။ ဒါမျိုးစီးနိုင်တဲ့သူမျိုး ဆိုရင်တော့ မင်းသားပေ့ါဗျာ။ကျွန်တော်တို့ မြို့လေး က လူငယ်တွေက လားရှိုးကို လိုင်စင်မဲ့ ဆိုင်ကယ်တွေ ကန်ဘို တို့ လော်ဂျားတို့ ဂျားလင် တို့ တရုတ်ဆိုင်ကယ် နာမည်တွေ ထင်တာပါပဲ ။ သေ ချာတော့ မမှတ်မိတော့ပါဘူး ။

သွားသယ်ကျတာ ပေ့ါဗျာ ။ လားရှိုးက ဝယ်ပြီးမန်းလေး ကို ဆင်းရောင်းရင် ငါးသောင်းကနေ တသိန်း အထိ မြတ်နိုင် တဲ့ ကာလမျိုးပေ့ါ ။ဆိုတော့ ဒီပမာဏက မက်လုံးအကြီးကြီး ဖြစ်နေတာပေ့ါလေ ။ကျွန်တော် တို့ လူငယ်တွေအနေနဲ့လဲ ဘယ်ငြင်းနိုင်မလဲဗျာ ။ မက်တာ ပေ့ါ ။ အုပ်စုလိုက် လူစုပြီးဒါ နဲ့ ငွေလေး ဘာလေးစုပြီး ဝယ်တန်ဝယ် ၊ မဝယ်နိုင်တဲ့သူတွေကလဲ လားရှိုးကနေ မန်းလေး ကို ကယ်ရီ မောင်းတာပေါ့ ။ပျော်တော့ ပျော်စရာကြီးပေါ့ ။ ဒီလို နဲ့ စီးလာတဲ့ အုပ်တွေက တစ်အုပ် ကို ဆယ်ယောက်ကနေ နှစ်ဆယ်လောက် အထိ ဆိုင်ကယ်အုပ်ကြီးပေ့ါ ။ ညညဆို မောင်းဆင်းလာတာ ။

ဒီလမ်းပိုင်း မှာက အရင်ကတဲကမတော် တဆမှုတွေက ခပ်စိပ်စိပ် ကို ဖြစ်တာဗျ ။အရင်တုန်းက ယဉ်တွေ ရဲ့ ကြံ့ခိုင်မှု အားနည်းတာရယ် ၊ လမ်းက ဆိုးလွန်းတာရယ်နဲ့ဆိုတော့ကာ ဒီလမ်းပိုင်းက မတော်တဆဖြစ်တဲ့နေရာမှာ နာမည်ကြီးပါပဲ ။ဆိုတော့ တစ်နေ့ မှာတော့ ကျွန် တော် အစ်ကို ရဲ့ ကံဆိုးတဲ့နေ့ရောက်လာတာပေ့ါ ဗျာ ။ ဒီရက် မတိုင်ခင် ကလဲ မကြာမကြာ မက်တတ်တဲ့ သူ့အိပ်မက်ထဲ မှာ သိပ်လှတဲ့ တိုင်းရင်းသူလေး တစ်ယောက်က ဒီလမ်းပိုင်းမှာ လာနေဖို့ခေါ်တယ်တဲ့ဗျာ ။ဆိုတော့ သူငယ်ချင်းတွေ ကလဲ စကျနောက်ကျပေါ့ ။ ဒါက သူ့ဘ ဝဇတ်သိမ်း ဖြစ်လာမယ် လို့ ဘယ်သူမှမထင်ခဲ့ပဲဗျာ ။

မတော်တဆ ဖြစ်တဲ့ရက်မှာတော့ အစ်ကိုနှစ်ယောက် (အကြီးနဲ့ အငယ် ) တို့အဖွဲ့တွေက လားရှိုးကနေ ဆင်းလာတာမှာ ကျောက်မဲမှာ တောင် တေ ထာက်နား လိုက်ပါသေးတယ်တဲ့ ဗျာ ။အစ်ကိုအငယ် နဲ့ ပေငါးဆယ်လောက် ခွာစီးလာရင်း ကို အစ်ကိုအကြီးက နောက်ချန် စီးရင်း နဲ့ ဘယ်တော့ မှ ပြန်မလာတော့ ပါဘူး ။ ညလဲမှောင်မှောင်နဲ့ အဆက်အသွယ် လုပ်စရာဖုန်းတွေလဲ မပေါသေးဘူးလေ နော် ။နောက် မှာ ပါလာမယ် ထင်ရင်း နဲ့ ကို ဘယ်တော့မှ မတွေ့တော့ပါဘူး ။ဒီလို နဲ့ ကျွန်တော်တို့လဲ စုံစမ်းကျတာပေ့ါဗျာ ။ လမ်းတလျောက် လမ်းက လဲ အရှည်ကြီး ဆိုတော့ ဘယ်မှာ ကျန်ခဲ့မှန်းမသိ နဲ့ စိတ်တွေ ပူပြီးနေကျတာပေါ့ဗျာ ။

ဂုတ်တွင်းလမ်းပိုင်းလေး ကို ဆင်းရှာကြည့်ပေမယ့် လဲ မတွေ့ခဲ့ပါဘူး ။တစ်ညမှာတော့ အစ်ကို အငယ်က အိပ်မက် ရရောဗျာ ။အခင်းဖြစ် တဲ့ အစ်ကိုက နွမ်းနယ်နေ တဲ့ ရုပ်ကလေး နဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေ နဲ့ သူရှိတဲ့နေရာကို ပြောပြပြီး သေချာမြုပ်နှံပေးဖို့ ပြောလာ တာ ပါ ။အိပ်မက်အရ ပြန်ရှာတဲ့နေရာက ကျွန်တော်တို့အရင်ရှာ တဲ့နေရာ မလှမ်းမကမ်းလေး မှာပဲ ။အဲ့နေရာကိုတော့ စေ့စေ့စပ်စပ်ရှာခဲ့ ကျတာပါပဲ ။ လုံးဝကိုမတွေ့ခဲ့တာပါ ။ တခြားပရလောကသားတွေက ရုပ်ကြွင်း ကို ဖွက်ထားတယ်လို့ ပြောကျတာ ပါပဲ ။ တွေ့မယ့် တွေ့တော့လဲ ပျက်စီးနေတဲ့ ဆိုင်ကယ် နဲ့ ရုပ်ကြွင်းက မှတ်မိဖို့တောင်ခက် နေပါပြီ ။

သိပ်ကိုကြင်နာ တတ်တဲ့ အစ်ကိုကြီး အတွက် ကျွန်တော်တို့ရင်ထုကျတာပေါ့ဗျာ ၊လက်မှာ စွတ်ထား တဲ့လက်စွပ်ကလေးနဲ့ တခြားအ ထောက်အထားတွေကြောင့်သာ မှတ်မိခဲ့တာပေါ့ဗျာ ။ကျွန်တော်တို့လဲ သေချာပြန်ကောက်လာပြီး နောက်ဆုံးခရီး အတွက်သေချာမြုပ် နှံပေး ခဲ့တာပေါ့ဗျာ ။ဒ ဏ်ရာ ဆိုတာမျိုးကတော့ အနာရွတ်ကျက်ရင်တောင် တွေးလိုက်တိုင်း ပြန်သတိရနေတုန်းပဲမလား ။ ဒီစာကို ကိုယ် ချင်းစာစိတ်နဲ့ရေး ပါတယ် ။ တခြား ဇတ်လမ်းလေးတွေအနေ နဲ့ကတော့ လမ်းကူးနေတဲ့ မိသားစု လိုက်တွေ့တာမျိုး အနံ့တွေရတာမျိုး အသံတွေကြား တာမျိုးရှိပေမယ့် အသေးစိတ်မဖော်ပြချင်ေ တာ့ပါဘူး ။

တစ်ခါလဲဆဲ ခံထားရပြီဆိုတော့ကာ ဒီလမ်းပိုင်းမှာပဲ တစ်လောက ရေတွေကျ လို့ ကားတွေပျက်ပြီး ပိတ်လို့ ညအိပ်စောင့်ရတဲ့အချိန်မှာ ကြားခဲ့တာလေးတွေ တချို့ကားဆရာတွေကြုံခဲ့ တာတေရှိပါတယ် ။ Google မှာရှာလိုက်ရင်လဲ စိတ်မကောင်းစရာတွေချည်း ပါပဲ ။ မန်း လေးမူဆယ် ပြည်ထောင်စုလမ်းမကြီး ဆိုတော့ ဖြတ်သန်းသွားတဲ့ ကားဆရာတွေရဲ့ ကိုယ်တွေ့တွေအများကြီး ပါပဲ ။သိထားတာ ရှိရင်လဲ ကော်မန့်မှာ ဝေမျှစေချင်ပါတယ် ။အရင်နှစ်ကတောင် ဒေသခံတွေ နဲ့ နယ်မြေအစိုးရ ပေါင်းပြီး အကျွတ်အလွတ် လှုဒါန်းပွဲတွေ လုပ်ပေးခဲ့ပါ တယ်။ဒီအတွက်လဲ ကျေးဇူးတင်ပါတယ် ။

အစိုးရအနေနဲ့လဲ ဒီလမ်းပိုင်း ကို ကျော်ပြီးသွားနိုင်မယ့် တံတားသစ်ကြီး တစ်စင်း ဆောက်လုပ်ဖို့ပြင်ဆင်နေ ပါပြီ ။ပြီးစီးသွား ရင်တော့ မန်း လေး မူဆယ်လမ်းပိုင်း တထောက်အနေနဲ့ တော်တော်အဆင်ပြေသွားမှာပါ ။ဆိုတော့ နာမည်ကျော် ဂုတ်ထိပ်တံတား ၊ သီပေါ နဲ့ လားရှိုး မြို့တွေကို သွားလည်ခဲ့လို့ ဒီလမ်းပိုင်း ကို ရောက်ခဲ့ရင် သေချာ ဂရုစိုက်ပြီးမောင်းစေချင် ပါတယ် ။ လမ်းအကွေ့လေးတွေက နည်းနည်း ကြမ်းပါတယ် ။ ဒါက လွဲရင်တော့ သိပ်လှတဲ့ တောတောင် အလှတွေနဲ့ လေကလဲအတော် လတ်ဆတ် ပါတယ် ။ ဒီမြို့လေးတွေရဲ့ သဘာ ဝအလှနဲ့ လည်ပတ်စရာတွေကလဲတော်တော်များ ပါတယ် ။

တိုင်းတပါး မှ မသွားရသေး ပဲဆိုတော့ ဂုတ်ထိပ်တံတားကလဲ ဒီနှစ်ပိုင်း မှာ တော်တော် လည်လာကျပါပြီ ။ ယဉ်ကြံ့ခိုင်မှုကိုသေချာ စစ်ဆေး ပြီးလမ်းတလျောက် ဂရုတစိုက်မောင်းရင်း နဲ့ အမှိုက်တွေစနစ်တကျ ပစ်ရင်း နဲ့ သိပ်ပျော်စရာကောင်း တဲ့ အချိန်တွေပိုင်ဆိုင် နိုင်ဖို့ပဲစိတ် ကူးကျတာပေ့ါဗျာ ။ပြည်တွင်းလုပ်ငန်းတွေ နဲ့ ရှမ်းဒေသစာတွေ နဲ့ နောင်ချို ၊ကျောက်မဲ ၊ သီပေါ လားရှိုးမြို့တွေ ရဲ့ ခရီးသွားလုပ်ငန်း ကို မြှင့်တင်ပေးရာလဲရောက်တာ ပေါ့ဗျာ ။

Glamour Malikha

Add a Comment

Your email address will not be published.