အမႈစတင္စစ္ေဆးေနၿပီျဖစ္ေသာ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔၏ ထြက္ဆိုခ်က္မ်ား ကို တရား႐ုံးစည္းကမ္းအရ ေျပာခြင့္မရွိဟု ဆို

COVID-19 ေဘးအႏၲ ရာယ္ျဖစ္သည့္ လူစုလူေဝးမ်ား ျပားေသာေနရာမ်ားတြင္ လ်င္ျမန္ စြာကူးစက္ႏိုင္ သျဖင့္ လူစုလူေဝး ႏွင့္က်င္းပ ေသာ အခမ္းအနား မ်ား၊ ပြဲလမ္းသဘင္မ်ား မျပဳလုပ္ ရန္ ဧၿပီ ၃၀ ရက္အထိ က်င္းပခြင့္ မျပဳဘဲ ရပ္ဆိုင္းထား ရန္ ႏိုင္ငံ ေတာ္သမၼတ႐ုံးမွ မတ္လ ၁၃ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ယင္းထုတ္ျပန္ခ်က္ကို မရမ္းကုန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ ေရးမႉး႐ုံးက မတ္လ ၂၆ ရက္တြင္ ထပ္ဆင့္ၫႊန္ၾကား၍ အမိန႔္ထုတ္ ျပန္ခဲ့ ေသာ္လည္း ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ ႏွစ္ဦးက ဧၿပီ ၇ ရက္တြင္ လူစုလူ ေဝးႏွင့္ ဝတ္ျပဳျခင္း၊ ဓမၼေတးသီ ဆို ဆုေတာင္းျခင္းကို လူမႈ ကြန္ရက္တြင္ ထုတ္လႊင့္ခဲ့သည့္အေပၚ အမွတ္ (၇) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးရဲဝင္းေအာင္က အမႈဖြင့္တိုင္ တန္းခဲ့ျခင္းျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ စြဲခ်က္တင္ခံထားရသည့္ နာ မည္ေက်ာ္ တရားေဟာ ဆရာ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ကို ဇူလိုင္ ၉ ရက္ ႐ုံးခ်ိန္းတြင္ စတင္စစ္ေဆးခဲ့ေၾကာင္း မရမ္းကုန္းၿမိဳ႕ နယ္ တရား႐ုံးသတင္း ျပန္ၾကား ေရးအရာရွိ ၿမိဳ႕နယ္ တရားသူႀကီး ဦးမိုးေဆြက ေျပာသည္။

သို႔ေသာ္ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔၏ ထြက္ဆိုခ်က္မ်ား ကို တရား႐ုံးစည္းကမ္းအရ ေျပာခြင့္မရွိေၾကာင္း ဦးမိုးေဆြက ေျပာ သည္။ ယင္းအမႈႏွင့္ပတ္သက္၍ တရားခံျပသက္ေသ ေျခာက္ဦးတင္ျပထားၿပီး ဇူလိုင္ ၁၄ ရက္ ႐ုံးခ်ိန္းတြင္ တရားခံျပသက္ေသသုံးဦးကို စစ္ေဆး မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

အဆိုပါအမႈကို အလ်င္အ ျမန္စစ္ေဆးရမည့္အမႈဟု သတ္မွတ္ကာ ရက္ေပါင္း ၉၀ အတြင္း အၿပီးစစ္ေဆးရန္ လ်ာထားၿပီး တရားလိုျပသက္ ေသ ၁၂ ဦးကိုဇြန္လအတြင္းအၿပီး စစ္ေဆးခဲ့ သည္။ေဒးဗစ္လားႏွင့္ ဦးေဝထြန္း တို႔ကို ဇူလိုင္ ၂ ရက္ ႐ုံးခ်ိန္းတြင္ စြဲခ်က္တင္ခဲ့ျခင္းျဖစ္သည္။

REF: 7DAY DAILY

UNICODE

အမှုစတင်စစ်ဆေးနေပြီဖြစ်သော ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့၏ ထွက်ဆိုချက်များ ကို တရားရုံးစည်းကမ်းအရ ပြောခွင့်မရှိဟု ဆို

COVID-19 ဘေးအန္တ ရာယ်ဖြစ်သည့် လူစုလူဝေးများ ပြားသောနေရာများတွင် လျင်မြန် စွာကူးစက်နိုင် သဖြင့် လူစုလူဝေး နှင့်ကျင်းပ သော အခမ်းအနား များ၊ ပွဲလမ်းသဘင်များ မပြုလုပ် ရန် ဧပြီ ၃၀ ရက်အထိ ကျင်းပခွင့် မပြုဘဲ ရပ်ဆိုင်းထား ရန် နိုင်ငံ တော်သမ္မတရုံးမှ မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးက မတ်လ ၂၆ ရက်တွင် ထပ်ဆင့်ညွှန်ကြား၍ အမိန့်ထုတ် ပြန်ခဲ့ သော်လည်း ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးက ဧပြီ ၇ ရက်တွင် လူစုလူ ဝေးနှင့် ဝတ်ပြုခြင်း၊ ဓမ္မတေးသီ ဆို ဆုတောင်းခြင်းကို လူမှု ကွန်ရက်တွင် ထုတ်လွှင့်ခဲ့သည့်အပေါ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က အမှုဖွင့်တိုင် တန်းခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်ခံထားရသည့် နာ မည်ကျော် တရားဟော ဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ဇူလိုင် ၉ ရက် ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ကြောင်း မရမ်းကုန်းမြို့ နယ် တရားရုံးသတင်း ပြန်ကြား ရေးအရာရှိ မြို့နယ် တရားသူကြီး ဦးမိုးဆွေက ပြောသည်။

သို့သော် ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့၏ ထွက်ဆိုချက်များ ကို တရားရုံးစည်းကမ်းအရ ပြောခွင့်မရှိကြောင်း ဦးမိုးဆွေက ပြော သည်။ ယင်းအမှုနှင့်ပတ်သက်၍ တရားခံပြသက်သေ ခြောက်ဦးတင်ပြထားပြီး ဇူလိုင် ၁၄ ရက် ရုံးချိန်းတွင် တရားခံပြသက်သေသုံးဦးကို စစ်ဆေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအမှုကို အလျင်အ မြန်စစ်ဆေးရမည့်အမှုဟု သတ်မှတ်ကာ ရက်ပေါင်း ၉၀ အတွင်း အပြီးစစ်ဆေးရန် လျာထားပြီး တရားလိုပြသက် သေ ၁၂ ဦးကိုဇွန်လအတွင်းအပြီး စစ်ဆေးခဲ့ သည်။ဒေးဗစ်လားနှင့် ဦးဝေထွန်း တို့ကို ဇူလိုင် ၂ ရက် ရုံးချိန်းတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published.