




REF: APANN PYAY

UNICODE

ကိုကျော့် နောက်ဆုံးခရီးကို လိုက်မပို့နိုင်လို့ မဖြေဆည်နိုင်ဘူးလို့ ဝမ်းနည်းစွာ ပြောဆိုလိုက်တဲ့ အကယ်ဒမီချိုပြုံး(ရုပ်သံ)

ဦးဇင်း ကိတ္တိသာရဟာ ၂၀၁၀ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးတဲ့နောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ် ပါ တယ်။အဲဒီနောက် မြန်မာနိုင်ငံက ထွက်ခွာပြီး သမီးဖြစ်သူရှိတဲ့ ကင်မ်ဘာရာမြို့ကို ကြွရောက်သီတင်းသုံးခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်း ကိတ္တိ သာရ ကွယ်လွန်တဲ့ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ ဆရာတော်ရဲ့ တူတော်စပ်တဲ့ ရုပ်ရှင်မင်းသားသရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

စိတ်ထဲမှာ မဖြေနိုင်တာက သူ့ နောက်ဆုံးခရီးကို လိုက်မပို့ နိုင်တာပဲ။ အခုလို ငိုနေတာကို သူကြိုက်မှာ မဟုတ်ဘူး။ ရုပ်ရှင်မင်းသား TOP ONE ဖြစ်နေတဲ့ အချိန်မှာ သူ အကုန်လုံးကို ဖျက်ချလိုက်ခဲ့တယ်။ သာသနာ့ဘောင်ကို ဝင်ခဲ့တယ်။သူ့ကို သတိရနေတဲ့ အချိန်မှာ စောစော စီးစီး သူဒီလို ဖြစ်သွားတယ် ဆိုတာကို လက်မခံချင်ဘူး” လို့ သူငယ်ချင်း ကျော်ဟိန်း အတွက် ဝမ်းနည်းစကား ပြောလာတဲ့ သရုပ်ဆောင် ချိုပြုံး နှင့် ခဏတာ ပြောဆိုခြင်း ဖြစ်ပါတယ်။

လူသားအားလုံးကိုလေးစားပါတယ် လို့ အမြဲဆိုတက်တဲ့ ဦးကိတ္တိသာရ (နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးကျော်ဟိန်း) က တော့ ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီ ၂၇ မိနစ် အချိန်တွင် ဩစတေးလျနိုင်ငံ၊ကင်မ်ဘာရာမြို့တွင် ပျံလွန်တော်မူသွားပြီ ဖြစ်ပါ သည်…။ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ ၊ ဒွေးကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင် နေတာပါ။

ဦးဇင်း ကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားကြောင်း ဦးဇင်းရဲ့ တူတော်စပ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒါ့အပြင် နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူကလည်း ဦးဇင်းပျံလွန်တော်မူသွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

REF:   APANN  PYAY

Add a Comment

Your email address will not be published.