အိႏၵိယမွ ေဘာလိဝုဒ္မင္းသားႀကီး အမီတာဘဂ်မ္း COVID-19 ကူးစက္ခံထားရေၾကာင္း ေဆးစစ္ခ်က္အေျဖ ထြက္ရွိ

အိႏၵိယက်န္းမာေရးဝန္ႀကီး Harsh Vardhan က “ခင္ရတဲ့ အမီတာႀကီးေရ၊ ခင္ဗ်ားအျမန္ဆုံး ျပန္လည္သက္သာေစရဖို႔ ဆုေတာင္းၾကတဲ့ တႏိုင္ငံလုံးနဲ႔ က်ေနာ္ ပူးေပါင္းပါတယ္။ ခင္ဗ်ားဟာ ဒီႏိုင္ငံက လူသန္းေပါင္းမ်ားစြာရဲ႕ Idol လည္း ျဖစ္ပါတယ္။ ထင္ရွားတဲ့ စူပါစတား လည္း ျဖစ္ပါတယ္။ က်ေနာ္တို႔အားလုံး ခင္ဗ်ားကို အေကာင္းဆုံး ေစာင့္ေရွာက္ ပါ့မယ္။ အျမန္ဆုံး ျပန္လည္ သက္သာလာပါေစဖို႔ ဆု ေတာင္းေပးလိုက္ပါတယ္” လို႔ ေရးသားခဲ့ပါတယ္။မင္းသားႀကီးနဲ႔အတူ “Pink” နဲ႔ “Badla” ႐ုပ္ရွင္ေတြမွာ အတူပါဝင္ခဲ့တဲ့ မင္းသမီး Taapsee Pannu က “အျမန္ဆုံး က်န္းမာပါေစ”မင္းသား Sonu Sood ကလည္း “ဆရာ အျမန္ဆုံး သက္သာပါေစ”လို႔ ေျပာဆိုခဲ့ပါတယ္။

မင္းသားႀကီးဟာ အခုေနာက္ဆုံး Amazon Prime ကေနျပသခဲ့တဲ့ “Gulabo Sitabo” ႐ုပ္ရွင္မွာ ပါဝင္ထားပါတယ္။ သူ႔ရဲ႕ ႐ုပ္ရွင္သစ္ ႏွစ္ကားျဖစ္တဲ့ “Jhund” နဲ႔ “Chehre” တို႔ဟာလည္း ျပသဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ သူဟာ မင္းသား Ranbir Kapoor ၊ မင္းသမီး Alia Bhatt တို႔နဲ႔အတူ “Brahmastra” ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။နာမည္ေက်ာ္ ေဘာလိဝုဒ္မင္းသားႀကီး အမီတာဘဂ်မ္းဟာ COVID-19 ကူးစက္ခံခဲ့ရေၾကာင္း ေဆးစစ္အေျဖ ထြက္ခဲ့ၿပီးတဲ့ေနာက္ မြမ္ဘိုင္းၿမိဳ႕မွာရွိတဲ့ ေဆး႐ုံတခုမွာ တက္ေရာက္ ကုသမႈခံယူခဲ့ရ တယ္လို႔သိရပါတယ္။

အသက္ ၇၇ ႏွစ္အ႐ြယ္၊ မင္းသားႀကီး အမီတာဘဂ်မ္းဟာ အဲ့ဒီသတင္းကို Twitter ကေန အတည္ျပဳခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ မိသားစုနဲ႔ ဝန္ ထမ္းေတြလည္း ေဆးစစ္ခံထားရတယ္လို႔ ဆိုပါတယ္။ မင္းသားႀကီးရဲ႕သားျဖစ္သူ မင္းသား Abhishek Bachchan ဟာလည္း COVID -19 ကူးစက္ခံထားရေၾကာင္း ေဆးစစ္အေျဖ ထြက္ထားတယ္လို႔ သိရပါတယ္။မင္းသားႀကီး ဘဂ်မ္းက “က်ေနာ္ COVID-19 ေရာဂါ Positive စမ္းသပ္ ေတြ႕ရွိပါတယ္။ ေဆး႐ုံတက္ခဲ့ရပါတယ္။ မိသားစုနဲ႔ ဝန္ထမ္းေတြ ေဆးကုသမႈခံယူဖို႔ ေဆး႐ုံကေန အာဏာပိုင္ေတြဆီ သတင္းပို႔ပါတယ္။ ရလဒ္ေတြကို ေစာင့္ေနဆဲပါ။

လြန္ခဲ့တဲ့ ၁၀ ရက္အတြင္း က်ေနာ္နဲ႔ အနီးကပ္ ထိေတြ႕ခဲ့တဲ့သူအားလုံးကို စမ္းသပ္မႈခံယူဖို႔ ေမတၱာရပ္ခံထားပါတယ္”လို႔ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၁ ရက္ ညပိုင္းမွာေျပာဆိုခဲ့ပါတယ္။ ေဆး႐ုံမွာ ရွိေနတဲ့ သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ မင္းသားႀကီးဟာ အသက္ရႈရ ခက္ခဲမႈနဲ႔ ရင္ဆိုင္ ေနရတယ္လို႔ သိရပါတယ္။ ေဆး႐ုံမွ ဆရာဝန္တဦးက “သူဟာ အေသးစား အသက္ရႈရ ခက္ခဲတာမ်ိဳး ရွိေနေပမယ့္ တည္ၿငိမ္ပါတယ္။ ဒါ ေပမဲ့ တီဘီေရာဂါအပါအဝင္ အရင္က ေရာဂါအခံနဲ႔ သူ႔ရဲ႕ အသက္အ႐ြယ္ေၾကာင့္ သူ႔အေျခအေနဟာ ပိုဆိုး႐ြားလာႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၁ ရက္၊ ည ၁၀ နာရီေလာက္မွာ သူ႔ကို ေဆး႐ုံတင္ခဲ့တာလည္းျဖစ္ပါတယ္။ တျခားေဘာလိဝုဒ္သ႐ုပ္ေဆာင္ေတြနဲ႔ လုပ္ ေဖာ္ကိုင္ဖက္ေတြက မင္းသားႀကီး အျမန္ဆုံး ျပန္လည္သက္သာလာ ေစေရးအတြက္ ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါတယ္။

REF: MYANMARNEWS24

UNICODE

အိန္ဒိယမှ ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်း COVID-19 ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အဖြေ ထွက်ရှိ

အိန္ဒိယကျန်းမာရေးဝန်ကြီး Harsh Vardhan က “ခင်ရတဲ့ အမီတာကြီးရေ၊ ခင်ဗျားအမြန်ဆုံး ပြန်လည်သက်သာစေရဖို့ ဆုတောင်းကြတဲ့ တနိုင်ငံလုံးနဲ့ ကျနော် ပူးပေါင်းပါတယ်။ ခင်ဗျားဟာ ဒီနိုင်ငံက လူသန်းပေါင်းများစွာရဲ့ Idol လည်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ စူပါစတား လည်း ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ခင်ဗျားကို အကောင်းဆုံး စောင့်ရှောက် ပါ့မယ်။ အမြန်ဆုံး ပြန်လည် သက်သာလာပါစေဖို့ ဆု တောင်းပေးလိုက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။မင်းသားကြီးနဲ့အတူ “Pink” နဲ့ “Badla” ရုပ်ရှင်တွေမှာ အတူပါဝင်ခဲ့တဲ့ မင်းသမီး Taapsee Pannu က “အမြန်ဆုံး ကျန်းမာပါစေ”မင်းသား Sonu Sood ကလည်း “ဆရာ အမြန်ဆုံး သက်သာပါစေ”လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားကြီးဟာ အခုနောက်ဆုံး Amazon Prime ကနေပြသခဲ့တဲ့ “Gulabo Sitabo” ရုပ်ရှင်မှာ ပါဝင်ထားပါတယ်။ သူ့ရဲ့ ရုပ်ရှင်သစ် နှစ်ကားဖြစ်တဲ့ “Jhund” နဲ့ “Chehre” တို့ဟာလည်း ပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူဟာ မင်းသား Ranbir Kapoor ၊ မင်းသမီး Alia Bhatt တို့နဲ့အတူ “Brahmastra” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။နာမည်ကျော် ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ COVID-19 ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်အဖြေ ထွက်ခဲ့ပြီးတဲ့နောက် မွမ်ဘိုင်းမြို့မှာရှိတဲ့ ဆေးရုံတခုမှာ တက်ရောက် ကုသမှုခံယူခဲ့ရ တယ်လို့သိရပါတယ်။

အသက် ၇၇ နှစ်အရွယ်၊ မင်းသားကြီး အမီတာဘဂျမ်းဟာ အဲ့ဒီသတင်းကို Twitter ကနေ အတည်ပြုခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုနဲ့ ဝန် ထမ်းတွေလည်း ဆေးစစ်ခံထားရတယ်လို့ ဆိုပါတယ်။ မင်းသားကြီးရဲ့သားဖြစ်သူ မင်းသား Abhishek Bachchan ဟာလည်း COVID -19 ကူးစက်ခံထားရကြောင်း ဆေးစစ်အဖြေ ထွက်ထားတယ်လို့ သိရပါတယ်။မင်းသားကြီး ဘဂျမ်းက “ကျနော် COVID-19 ရောဂါ Positive စမ်းသပ် တွေ့ရှိပါတယ်။ ဆေးရုံတက်ခဲ့ရပါတယ်။ မိသားစုနဲ့ ဝန်ထမ်းတွေ ဆေးကုသမှုခံယူဖို့ ဆေးရုံကနေ အာဏာပိုင်တွေဆီ သတင်းပို့ပါတယ်။ ရလဒ်တွေကို စောင့်နေဆဲပါ။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကျနော်နဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့သူအားလုံးကို စမ်းသပ်မှုခံယူဖို့ မေတ္တာရပ်ခံထားပါတယ်”လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ညပိုင်းမှာပြောဆိုခဲ့ပါတယ်။ ဆေးရုံမှာ ရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ မင်းသားကြီးဟာ အသက်ရှုရ ခက်ခဲမှုနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။ ဆေးရုံမှ ဆရာဝန်တဦးက “သူဟာ အသေးစား အသက်ရှုရ ခက်ခဲတာမျိုး ရှိနေပေမယ့် တည်ငြိမ်ပါတယ်။ ဒါ ပေမဲ့ တီဘီရောဂါအပါအဝင် အရင်က ရောဂါအခံနဲ့ သူ့ရဲ့ အသက်အရွယ်ကြောင့် သူ့အခြေအနေဟာ ပိုဆိုးရွားလာနိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်၊ ည ၁၀ နာရီလောက်မှာ သူ့ကို ဆေးရုံတင်ခဲ့တာလည်းဖြစ်ပါတယ်။ တခြားဘောလိဝုဒ်သရုပ်ဆောင်တွေနဲ့ လုပ် ဖော်ကိုင်ဖက်တွေက မင်းသားကြီး အမြန်ဆုံး ပြန်လည်သက်သာလာ စေရေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

REF:   MYANMARNEWS24

Add a Comment

Your email address will not be published.