




REF: L.K.T

UNICODE

တရုတ် အမေရိက န် စက်လက် နက် ကုမ္ပဏီကြီး ကို အရေး ယူ ပိတ်ဆို့ခြင်းဖြင့် တရု တ်က ပဋိပက္ခမီး မွှေးရန်လုပ်ဆောင်နေ

ဒီသတင်း ဟာ ဈေးကွက် ရိုက်ခတ်မှုအတွင်း အတော်ကလေးဖြစ်ပွားခဲ့ပြီး ဥရောပရှယ်ယာတွေဟာ စဖွင့်ဖွင့်ချင်း အချိန်မှာပဲ ၂% နီးနီး ကျ ဆင်းသွားခဲ့ ပါတယ် ။ အမေရိကန်ရဲ့ S&P 500 အညွှန်းကိန်းတွေ ကတော့ အလှုပ်အခတ် သိပ်မရှိခဲ့တာ ကိုတွေ့ရပါတယ်။ အမေရိကန် -တရုတ် ပြဿနာတွေ ပြင်းထန်လာတာ နဲ့အတူ အမေရိကန် ဒေါ်လာအညွှန်းကိန်း ဟာလည်း တစ်ဖြည်းဖြည်း မြင့်တက်နေခဲ့ပါတယ်။

တ ရုတ်နိုင်ငံ ဘက် ကနေပြီး အမေရိကန် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ် တဲ့ လော့ဟိမာတင် (Lockheed Martin) ကို အရေးယူ ပိတ်ဆို့မှုပြု လုပ်မယ် လို့ ပြည်တွင်းစာတွေ မှာ ကြေညာ လိုက် ပါ တယ် ။ အခုလို အရေးယူ ပိတ်ဆို့မှု ဟာ အမေရိကန် ကေ နပြီး ဟောင်ကောင် ကိစ္စအပေါ် ဝင်ရောက် စွက်ဖက်မှုကြောင့် ဖြစ်တယ် လို့ ပြောသွားခဲ့ ပါ တယ် ။

ဒီကိစ ္စမတိုင်ခင် က လဲ တရုတ်နိုင်ငံ ဟာ အမေရိကန် လွှတ်တော် အမတ်တွေဖြစ်တဲ့ ခရုစ်ဇ် နဲ့ မာကို အပါအဝင် တခြားအရာရှိကြီး ၄ ဦး ကို ပြည်ဝင်ခွင့် ပိတ်ဆို့အရေးယူမှုပြု လုပ်ထား ပါတယ် ။ ဒီအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ကို တန်ပြန်အရေး ယူ လိုက်တာဖြစ် ပါ တယ် ။

Zhao ကတရုတ်နိုင်ငံ ၏ Lockheed Martin အားပိတ်ဆို့အရေးယူမှုများ ဒဏ်ခတ်ပိတ်ဆို့မှု သည်“ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ရန်” ဖြစ်သည်ဟုပြောကြား ခဲ့သည် ။မကြာခင်အချိန် အတွင်းက တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ရှိတဲ့ ဝီဂါမွတ်စ်လင်မ်တွေကို လူ့အခွင့် အရေး ချိုးဖောက်တာ နဲ့ပတ်သတ်ပြီး တရုတ်အရာရှိ အတော် များများ ကို အမေရိကန်ဘက်က ပိတ်ဆို့မှုတွေပြုလုပ် ထားခဲ့ ပါတယ်။

REF:   L.K.T

Add a Comment

Your email address will not be published.