အပန္းေျဖပင္လယ္ ကမ္းေျခမ်ားႏွင့္ ဟိုတယ္မ်ားအား စိစစ္ကာ ဖြင့္ခြင့္ျပဳေတာ့မည္

ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး ဇူလိုင္လအတြင္း လိုက္နာရ မည့္ စည္းကမ္းခ်က္မ်ားကို ျပင္ ဆင္ကာ ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ သတ္မွတ္ခ်က္ ႏွင့္ကိုက္ညီသည့္ဟိုတယ္မ်ားကို အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ခြင့္ျပဳ ရန္ အၾကမ္းဖ်င္း သေဘာတူ ထားသည္ဟု သိရသည္။

စည္းကမ္းခ်က္မ်ားကို အျမန္ဆုံးစိစစ္ကာ ဧရာဝတီတိုင္း ရွိ ကမ္းေျခမ်ားႏွင့္ ဟိုတယ္မ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ စီစဥ္ သြားမည္ဟု ဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာန (ပုသိမ္) ဒုတိယၫႊန္ၾကားေရးမႉး ဦးေဇာ္ လင္းထြန္းက ေျပာသည္။ဇူလိုင္ ၁၆ ရက္က ျပဳလုပ္ သည့္ တိုင္းအစိုးရအဖြဲ႕အစည္း အေဝးတြင္ ေျပာဆိုျခင္းျဖစ္သည္။

ဧရာဝတီတိုင္းအတြင္း ရွိ ကမ္းေျခမ်ားႏွင့္ ကမ္းေျခရွိဟိုတယ္မ်ားျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က မူအားျဖင့္ သေဘာတူညီခဲ့ေသာ္ လည္း လိုက္နာရန္သတ္မွတ္ထား သည့္ စည္းကမ္းခ်က္အခ်ိဳ႕သည္ ျပန္လည္ျပင္ဆင္ရန္ လိုအပ္ေန သည္ဟု ၎ကေျပာသည္။

‘တခ်ိဳ႕ျပင္ရမယ့္ဟာေလး ေတြရွိတယ္။ ဥပမာအားျဖင့္ အင္းစိန္လိုေဒသမ်ိဳးေတြကဆိုရင္ က်န္းမာေၾကာင္း ေထာက္ခံခ်က္ လိုတယ္တို႔၊ ဘာတို႔ အရင္ထည့္ ဆြဲခဲ့တာကိုး။ အခု အင္းစိန္လိုေဒ သေတြက Stay at Home ေတြ က ပယ္ဖ်က္လိုက္ၿပီကိုး။ အဲဒါ မ်ိဳးေလးေတြပါ’’ ဟု ဦးေဇာ္လင္း ထြန္းက ေျပာသည္။

REF: 7DAY DAILY

UNICODE

အပန်းဖြေပင်လယ် ကမ်းခြေများနှင့် ဟိုတယ်များအား စိစစ်ကာ ဖွင့်ခွင့်ပြုတော့မည်

ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ဇူလိုင်လအတွင်း လိုက်နာရ မည့် စည်းကမ်းချက်များကို ပြင် ဆင်ကာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတ်မှတ်ချက် နှင့်ကိုက်ညီသည့်ဟိုတယ်များကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြု ရန် အကြမ်းဖျင်း သဘောတူ ထားသည်ဟု သိရသည်။

စည်းကမ်းချက်များကို အမြန်ဆုံးစိစစ်ကာ ဧရာဝတီတိုင်း ရှိ ကမ်းခြေများနှင့် ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် စီစဉ် သွားမည်ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုသိမ်) ဒုတိယညွှန်ကြားရေးမှူး ဦးဇော် လင်းထွန်းက ပြောသည်။ဇူလိုင် ၁၆ ရက်က ပြုလုပ် သည့် တိုင်းအစိုးရအဖွဲ့အစည်း အဝေးတွင် ပြောဆိုခြင်းဖြစ်သည်။

ဧရာဝတီတိုင်းအတွင်း ရှိ ကမ်းခြေများနှင့် ကမ်းခြေရှိဟိုတယ်များပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မူအားဖြင့် သဘောတူညီခဲ့သော် လည်း လိုက်နာရန်သတ်မှတ်ထား သည့် စည်းကမ်းချက်အချို့သည် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေ သည်ဟု ၎င်းကပြောသည်။

‘တချို့ပြင်ရမယ့်ဟာလေး တွေရှိတယ်။ ဥပမာအားဖြင့် အင်းစိန်လိုဒေသမျိုးတွေကဆိုရင် ကျန်းမာကြောင်း ထောက်ခံချက် လိုတယ်တို့၊ ဘာတို့ အရင်ထည့် ဆွဲခဲ့တာကိုး။ အခု အင်းစိန်လိုဒေ သတွေက Stay at Home တွေ က ပယ်ဖျက်လိုက်ပြီကိုး။ အဲဒါ မျိုးလေးတွေပါ’’ ဟု ဦးဇော်လင်း ထွန်းက ပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published.