ကိုဗစ္ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး စံခ်ိန္ စံၫႊန္း နဲ႔ မညီ တဲ့ စာသင္ေက်ာင္းေတြ ကို ဖြင့္ခြ င့္ျပဳမွာမဟုတ္

လက္ရွိမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အေျခခံပညာအထက္တန္းေက်ာင္း (၅၆၃၃) ေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ အထက္တန္းေက်ာင္း (၃) ေက်ာင္းနဲ႔ ကိုယ္ပိုင္အထက္တန္းေက်ာင္း (၁၀၀၀) ေက်ာင္းကို ဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီး အထက္တန္းေက်ာင္းသား (၁ဒႆမ ၂ ) သန္း ဝန္းက်င္ တက္ေရာက္မွာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ ေက်ာင္းေတြျပန္ဖြင့္ခ်ိန္ ေက်ာင္းျပင္ပမွာ လူစု လူေဝးေတြမျဖစ္ေအာင္ ေလာ္စပီ ကာေတြနဲ႔ လိုက္လံေျပာမွာျဖစ္ၿပီး ေက်ာင္းျပင္ပအနီးတစ္ဝိုက္ လူစုလူေဝးေတြ မလုပ္ဖို႔ ၾကက္ေျခနီ၊ မီးသတ္တပ္ဖြဲ႕ေတြက ထိန္းသိမ္းေပး ဖို႔လည္း လုပ္ေဆာင္မယ္လု႔ိ့ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဆက္လက္ၿပီး ဦးေဇာ္ေဌးက ႏိုင္ငံတကာ အေတြ႕အႀကဳံေတြအရ ထိုင္းနဲ႔ကိုရီးယားမွာ ကိုဗစ္-၁၉ တစ္ေက်ာ့ျပန္ျဖစ္ပြားလာမႈေတြေၾကာင့္ စာသင္ေက်ာင္းေတြ ျပန္ပိတ္ခဲ့ရတဲ့ျဖစ္စဥ္ေတြရွိခဲ့ၿပီး ျမန္မာႏိုင္ငံမွာ အဲဒီလို မျဖစ္ေအာင္ သတ္မွတ္ထားတဲ့ ကိုဗစ္ကာကြယ္ေရးစံခ်ိန္၊ စံ ၫြန္းေတြကို လုံးဝေလွ်ာ့ေပးမွာမဟုတ္ဘဲ စနစ္တက် စစ္ေဆးမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ဆန္း စစ္ခ်က္ျပည့္မီမႈ (A) အဆင့္ရတဲ့ ေက်ာင္းသာ ဖြင့္လွစ္ခြင့္ ရမွာပါ။ဇူလိုင္ ၂၁ ရက္မွာ ျပန္လည္ဖြင့္ လွစ္မယ့္ အေျခခံပညာအထက္တန္းေက်ာင္းေတြကို ကိုဗစ္ကာကြယ္ေရး စံခ်ိန္စံၫႊန္းနဲ႔ ညီ၊မညီ စစ္ေဆးမွာျဖစ္ပါတယ္။

စံခ်ိန္၊ စံၫြန္းနဲ႔ မကိုက္တဲ့ စာသင္ေက်ာင္းေတြကို ဖြင့္လွစ္ခြင့္မျပဳဘူးလို႔ ႏိုင္ငံေတာ္ သမၼတ႐ုံးေျပာေရးဆိုခြင့္ ရွိသူ ဦးေဇာ္ေဌးက ေျပာ လိုက္ပါတယ္။ဒီကေန႔ဇူလိုင္လ ၁၇ ရက္မွာ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းေရးဆြဲထားတဲ့ ဆန္းစစ္မႈပုံစံ (Checklist) မွာ အခ်က္ (၈၀) ခန႔္ပါဝင္ၿပီး ဆန္းစစ္ခ်က္ ျပည့္မီမႈ (A)၊ (B) နဲ႔ (C) ဆိုၿပီး အဆင့္ (၃) ဆင့္ခြဲျခားထားတယ္လို႔သိရပါတယ္။ (A)အဆင့္ရတဲ့ ေက်ာင္းဆိုရင္ ခ်က္ခ်င္းဖြင့္ခြင့္ရမွာျဖစ္ၿပီး (B) အဆင့္ရွိတဲ့ေက်ာင္းဆို ျပန္လည္ျပင္ဆင္ ရမွာျဖစ္ကာ။

(C) အဆင့္ရတဲ့ေက်ာင္းဆိုရင္ေတာ့ ဖြင့္ခြင့္မေပးဘူးလို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။တကယ္ျပင္ထားတာဟုတ္၊ မဟုတ္ ဂိုက္လိုင္း နဲ႔ ညီ၊ မညီစစ္ေဆးမယ္။ စစ္တဲ့အခါက်ရင္ စက္႐ုံ၊အလုပ္႐ုံေတြစစ္သလိုပဲ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးစံခ်ိန္စံၫြန္းနဲ႔ အညီ ျပင္ဆင္ထား ၿပီး ျပည့္စုံမႈရွိတဲ့ေက်ာင္းဆို (A)အဆင့္ေပါ့။ တစ္ခ်ိဳ႕ေက်ာင္းေတြက ထပ္ျပင္ရမယ့္ အပိုင္းဆို (B) အဆင့္ေပါ့။ ေတာ္ေတာ္မ်ားမ်ားကို ျပင္ ၿပီးျပင္ရမယ့္ အပိုင္းဆို (C) အဆင့္ေက်ာင္းေတြေပ့ါ။ (A) အဆင့္ရတဲ့ေက်ာင္းဆို ခ်က္ခ်င္းဖြင့္ခြင့္ေပးမယ္။ က်န္တဲ့ေက်ာင္းေတြဆိုရင္ ေတာ့ ဖြင့္ခြင့္မေပးဘူး” လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ပညာေရး အဖြဲ႕၊ မိဘဆရာအသင္း၊လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါဝင္တဲ့ အဖြဲ႕ (၅) ဖြဲ႕က အထက္တန္းေက်ာင္းေတြကို ဒီကေန႔ ဇူလိုင္လ (၁၇) ရက္ကစတင္စစ္ေဆးဖို႔ ကိုဗစ္-၁၉ ဗဟိုေကာ္မတီထိန္းခ်ဳပ္ေရးက ၫြန္ၾကား ထားၿပီး ျဖစ္တယ္လို႔လည္းသိရပါတယ္။

REF: Duwun

UNICODE

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာအထက်တန်းကျောင်း (၅၆၃၃) ကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း (၃) ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀၀၀) ကျောင်းကို ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အထက်တန်းကျောင်းသား (၁ဒဿမ ၂ ) သန်း ဝန်းကျင် တက်ရောက်မှာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ကျောင်းတွေပြန်ဖွင့်ချိန် ကျောင်းပြင်ပမှာ လူစု လူဝေးတွေမဖြစ်အောင် လော်စပီ ကာတွေနဲ့ လိုက်လံပြောမှာဖြစ်ပြီး ကျောင်းပြင်ပအနီးတစ်ဝိုက် လူစုလူဝေးတွေ မလုပ်ဖို့ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့တွေက ထိန်းသိမ်းပေး ဖို့လည်း လုပ်ဆောင်မယ်လု့ိ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဆက်လက်ပြီး ဦးဇော်ဌေးက နိုင်ငံတကာ အတွေ့အကြုံတွေအရ ထိုင်းနဲ့ကိုရီးယားမှာ ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားလာမှုတွေကြောင့် စာသင်ကျောင်းတွေ ပြန်ပိတ်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး မြန်မာနိုင်ငံမှာ အဲဒီလို မဖြစ်အောင် သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ရေးစံချိန်၊ စံ ညွန်းတွေကို လုံးဝလျှော့ပေးမှာမဟုတ်ဘဲ စနစ်တကျ စစ်ဆေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ဆန်း စစ်ချက်ပြည့်မီမှု (A) အဆင့်ရတဲ့ ကျောင်းသာ ဖွင့်လှစ်ခွင့် ရမှာပါ။ဇူလိုင် ၂၁ ရက်မှာ ပြန်လည်ဖွင့် လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေကို ကိုဗစ်ကာကွယ်ရေး စံချိန်စံညွှန်းနဲ့ ညီ၊မညီ စစ်ဆေးမှာဖြစ်ပါတယ်။

စံချိန်၊ စံညွန်းနဲ့ မကိုက်တဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ခွင့်မပြုဘူးလို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြော လိုက်ပါတယ်။ဒီကနေ့ဇူလိုင်လ ၁၇ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားတဲ့ ဆန်းစစ်မှုပုံစံ (Checklist) မှာ အချက် (၈၀) ခန့်ပါဝင်ပြီး ဆန်းစစ်ချက် ပြည့်မီမှု (A)၊ (B) နဲ့ (C) ဆိုပြီး အဆင့် (၃) ဆင့်ခွဲခြားထားတယ်လို့သိရပါတယ်။ (A)အဆင့်ရတဲ့ ကျောင်းဆိုရင် ချက်ချင်းဖွင့်ခွင့်ရမှာဖြစ်ပြီး (B) အဆင့်ရှိတဲ့ကျောင်းဆို ပြန်လည်ပြင်ဆင် ရမှာဖြစ်ကာ။

(C) အဆင့်ရတဲ့ကျောင်းဆိုရင်တော့ ဖွင့်ခွင့်မပေးဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။တကယ်ပြင်ထားတာဟုတ်၊ မဟုတ် ဂိုက်လိုင်း နဲ့ ညီ၊ မညီစစ်ဆေးမယ်။ စစ်တဲ့အခါကျရင် စက်ရုံ၊အလုပ်ရုံတွေစစ်သလိုပဲ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစံချိန်စံညွန်းနဲ့ အညီ ပြင်ဆင်ထား ပြီး ပြည့်စုံမှုရှိတဲ့ကျောင်းဆို (A)အဆင့်ပေါ့။ တစ်ချို့ကျောင်းတွေက ထပ်ပြင်ရမယ့် အပိုင်းဆို (B) အဆင့်ပေါ့။ တော်တော်များများကို ပြင် ပြီးပြင်ရမယ့် အပိုင်းဆို (C) အဆင့်ကျောင်းတွေပေ့ါ။ (A) အဆင့်ရတဲ့ကျောင်းဆို ချက်ချင်းဖွင့်ခွင့်ပေးမယ်။ ကျန်တဲ့ကျောင်းတွေဆိုရင် တော့ ဖွင့်ခွင့်မပေးဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေး အဖွဲ့၊ မိဘဆရာအသင်း၊လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ (၅) ဖွဲ့က အထက်တန်းကျောင်းတွေကို ဒီကနေ့ ဇူလိုင်လ (၁၇) ရက်ကစတင်စစ်ဆေးဖို့ ကိုဗစ်-၁၉ ဗဟိုကော်မတီထိန်းချုပ်ရေးက ညွန်ကြား ထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

REF:   Duwun

Add a Comment

Your email address will not be published.