နှစ် (၁၀၀) မှာ တ စ်ကြိမ်ဖြစ် ခဲ တဲ့ ‘မက္ကဆီ ကို မှာ ကျရောက်တဲ့ ပဒေသာလျှပ်စစ်မုန်တိုင်း’ (ရုပ်သံ)






Ref ; The Sun

UNICODE

တချို့တော့ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ် မဟုတ်ကြောင်း ၊ ဓာတ်ပုံ ပညာ အရ မတူညီတဲ့ အချိန်တွေ မှာ ရိုက်ယူထား တဲ့ပုံတွေ ကို တစ် စု တစ်စည်းတည်း ဖော်ပြထားတာဖြစ် လို့ ထူးခြားတဲ့ အဖြစ်လို့ ထင်မြင်နေကြတာ ဖြစ်ကြောင်း ထောက်ပြခဲ့ ပါ တယ် ။ ဒါပေမယ့် သတင်း တွေ မှာတော့ ပြည်နယ် ရဲ့ လှုပ်ရှားမှုအမြင့်ဆုံး ကိုလီမာမီးတောင် ကိုလည်း လျှပ်စစ် မုန်တိုင်း သင့်ရောက်ခဲ့ တယ်လို့ ဆို ပါတယ် ။ ကိုလီ မာပြည်နယ် က မီးတောင်တာဝါ (မီးတောင် စောင့်ကြည့်ရေးစခန်း)တွေ လည်း ယမန်နေ့ည က လျှပ်စစ်မုန်တိုင်း သင့်ခဲ့ပါတယ်။

မိနစ်(၂၀)လောက်နီးပါး လျှပ်စီးမုန်တိုင်းတွေကြောင့် ဝန်းကျင် တစ် ခုလုံး နေ့ခင်း အတိုင်းပဲလို့ ဆိုနေကြ ပါတယ် ။ ဓာတ်ပုံဆရာ Rivera ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး “Night of a Thousand Forks “လို့ အမည်ပေး ခဲ့ ပါတယ် ။ လျှပ် စစ် မိုးကြိုး မုန်တိုင်း ဆိုတာ သဘာဝဖြစ်စဉ် တစ်ခုဖြစ် ပါတယ် ။ မိုးတိမ်တွေ အတွင်း မှာ လျှပ်စ ပ်အဖိုနဲ့ လျှပ်စစ် အမ တို့ ထိတွေ့ရာက ပြင်းထန်တဲ့ လျှပ်စီး လမ်း ကြောင်း ဖြစ်သွားတဲ့ သဘောပါ ။ မြေပြင်မှာ ထက် ကောင်း ကင်ပေါ် မှာ အဖြစ်များပါတယ်။

ဒီလို ဘေးဆိုးတွေကြောင့် လေယာဉ်တွေ မှာ အလွန် စိတ်ချ ရ တဲ့ လျှပ်လွှဲ စနစ်တွေ ၊ မိုးကြိုးလွှဲ စနစ်တွေ မဖြစ်မနေ တပ်ဆင် ရ ပါ တယ် ။မြေပြင်ပေါ်မှာ လည်း မိုးကြိုးမုန်တိုင်း ဖြစ်လေ့ရှိ သော်လည်း ကောင်းကင်ပေါ် မှာလောက် ကြာရှည်ခြင်း ပြင်းထန်ခြင်း မရှိပါဘူး ။ အခု လည်း မက္ကဆီကို မှာ အနှစ်( ၁၀၀ )မှာ တစ်ကြိမ်ဖြစ်ဖို့ ခက် ခဲတဲ့ မိုးကြိုးမုန်တိုင်းတွေ ကျရောက်ခဲ့ ပါတယ် ။ ဓာတ်ပုံဆရာ ကလည်း တစ် သက် မှာ တစ်ခါရိုက်ရ ဖို့မသေချာ တဲ့ သဘာဝဖြစ်စဉ်ကြီးကို မိမိရရ မှတ် တမ်း တင်နိုင်ခဲ့ တာ ပါ ။

အခု မိုးကြိုးမုန်တိုင်း လက်တံနှာမောင်း ( ၅၀ )ကျော် အထိရှိတယ် လို့ ဆို ပါတယ် ။ ဒီဓာတ်ပုံတွေကတော့ ( ၅ )မိနစ်အတွင်း မှာ ရိုက် ကူးထားတဲ့ ပုံတွေဖြစ်ပြီး၊ ဓာတ်ပုံဆရာအမည်မှာ Hernando Rivera Cervantes ဖြစ်ပါတယ်။ သူဟာ အသက်(၃၇)နှစ်ဖြစ်ပြီး၊ အခု ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဓာတ်ပုံ(၄၂)ခုကို တစ်စုတစ်စည်းတဲ့ ပေါင်းစပ်ဖော်ပြထားတာ ပါတဲ့။ချိုင့်ဝှမ်းအတွင်းမှာ ညဘက် မီး တွေထိန်ဝင်းနေ တဲ့မြို့ကလေး ကို လှပစွာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၁၆၅)စတုရန်းမိုင် အကျယ် ရှိတဲ့ အဲဒီချိုင့်ဝှမ်းလေး ကို လျှပ်စီးမုန်တိုင်းက (၅)မိနစ်အတွင်း နေရာ အမျိုးမျိုးကနေ သက်ရောက် ခဲ့တာပါ ။ ဓာတ်ပုံဆရာ Rivera ဟာ အလျှင်အမြန်ရိုက်ချက်တွေနဲ့ ဓာတ်ပုံတွေကို ချိန်သားကိုက် ရယူခဲ့ပြီး၊ အားလုံးကို တစ်စုတစ်စည်းတဲ့ ပေါင်း စပ်လိုက်တော့ အလွန်လှပတဲ့ ဓာတ်ပုံဖြစ်သွား ပါတယ် ။

Ref ; The Sun

Add a Comment

Your email address will not be published.