ေဝဠဳေက်ာ္ ႏွင့္ မတိုင္ မီ ကာမလိမ္လည္မႈ တစ္ခု တြင္ အ မႈႏိုင္ ခဲ့ဖူးဟု ဝန္ခံ ထြက္ ဆိုသည့္ သင္းသင္း

ၿပီးခဲ့သည့္ ၂၀၁၁ခုႏွစ္က ေရနံေခ်ာင္းၿမိဳ႕နယ္တရား႐ုံးတြင္ ေမာ္ဒယ္ သင္းသင္းက အမ်ိဳးသားတစ္ဦးအား ကာမလိမ္လည္မႈျဖင့္ တရားစြဲဆို ခဲ့ၿပီး အမႈတြင္ အႏိုင္ရခဲ့ေၾကာင္း ယေန႔ တရားခြင္စစ္ေဆးမႈမွ သိရသည္။အဆိုပါ အမႈတြဲဖိုင္ မိတၱဴကိုလည္း ေဝဠဳေက်ာ္ ဘက္မွ သက္ေသ အျဖစ္ တင္သြင္းခဲ့ၿပီး တရား႐ုံးက လက္ခံခဲ့သည္။ အမႈစစ္ေဆးမႈႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္က” ဒီေန႔က တရားလိုကို ဒုတိ ယေျမာက္ အျပန္အလွန္စစ္ေမးတဲ့ ရက္ပါ။

အကိုတို႔ဘက္လည္း ေမးစရာရွိတာေမးတယ္။ တရားလို ဘက္ကလည္း ေျဖစရာရွိတာေျဖခဲ့ပါတယ္”ဟု မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အား ေမာ္ဒယ္သင္းသင္း က ကာမလိမ္လည္ရယူမႈ ပုဒ္မ-၄၁၇ ျဖင့္ တရားစြဲဆိုထားေသာအမႈအား ယေန႔တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံး၌ ႐ုံးခ်ိန္းေခၚယူ စစ္ေဆးခဲ့ျခင္းျဖစ္သည္။သ ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ႏွင့္ အမႈမတိုင္မီ ကာမလိမ္ လည္မႈ တစ္ခုတြင္ အမႈႏိုင္ခဲ့ဖူးေၾကာင္း ေမာ္ဒယ္ သင္းသင္းက ယေန႔(ဇူလိုင္ ၁၇ ရက္)တရားခြင္တြင္ ဝန္ခံထြက္ဆိုခဲ့သည္။

ယေန႔၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံး၌ အမႈစစ္ေဆးရာ တြင္ ေဝဠဳေက်ာ္ဘက္မွ ေရွ႕ေနက တရားလို သင္းသင္းအား ယခုအမႈမတိုင္မီ ကာ မလိမ္လည္မႈတစ္ခု၌ အမႈႏိုင္ခဲ့ျခင္း ရွိ၊မရွိ ေမးျမန္းရာ သင္းသင္းက ဟုတ္မွန္ေၾကာင္း ဝန္ခံခဲ့ျခင္းျဖစ္သည္။ဆက္လက္၍ အဆိုအမႈ တြင္ နစ္နာေၾကး သိန္းသုံးဆယ္ ရရွိခဲ့ျခင္း ရွိ၊မရွိ ဆက္လက္ေမးျမန္းရာ မရရွိခဲ့ေၾကာင္း သင္းသင္းက ျပန္လည္ထြက္ဆိုခဲ့သည္။ထိုသို႔ ေမး ျမန္း ခ်က္မ်ား အေပၚ တရားလိုဘက္မွ ကန႔္ကြက္ခဲ့ေသာ္လည္း တရား႐ုံးက ခြင့္ျပဳခဲ့ၿပီး အမႈအား ဆက္လက္စစ္ေဆးခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ တရား လို သင္းသင္းက ” ဒါကၾကာပါၿပီ။ ရက္ေတာင္ မမွတ္မိေတာ့ပါဘူး။ ကိုယ့္ဘက္က လိပ္ျပာသန႔္ ပါတယ္။ ေလ်ာ္ေၾကးနဲ႔ ပတ္သက္လို႔ေပါ့။ သူတို႔ဘက္က ေငြနဲ႔လာညႇိတာရွိပါတယ္။ သင္းသင္းဘက္က လက္မခံခဲ့တာပါ”ဟု မီဒီယာ မ်ားကို ေျပာၾကားခဲ့သည္။

REF: စံေတာ္ခ်ိန္

UNICODE

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က ရေနံချောင်းမြို့နယ်တရားရုံးတွင် မော်ဒယ် သင်းသင်းက အမျိုးသားတစ်ဦးအား ကာမလိမ်လည်မှုဖြင့် တရားစွဲဆို ခဲ့ပြီး အမှုတွင် အနိုင်ရခဲ့ကြောင်း ယနေ့ တရားခွင်စစ်ဆေးမှုမှ သိရသည်။အဆိုပါ အမှုတွဲဖိုင် မိတ္တူကိုလည်း ဝေဠုကျော် ဘက်မှ သက်သေ အဖြစ် တင်သွင်းခဲ့ပြီး တရားရုံးက လက်ခံခဲ့သည်။ အမှုစစ်ဆေးမှုနှင့်ပတ်သက်၍ သရုပ်ဆောင် ဝေဠုကျော်က” ဒီနေ့က တရားလိုကို ဒုတိ ယမြောက် အပြန်အလှန်စစ်မေးတဲ့ ရက်ပါ။

အကိုတို့ဘက်လည်း မေးစရာရှိတာမေးတယ်။ တရားလို ဘက်ကလည်း ဖြေစရာရှိတာဖြေခဲ့ပါတယ်”ဟု မီဒီယာများကို ပြောကြားခဲ့သည်။ သရုပ်ဆောင်ဝေဠုကျော်အား မော်ဒယ်သင်းသင်း က ကာမလိမ်လည်ရယူမှု ပုဒ်မ-၄၁၇ ဖြင့် တရားစွဲဆိုထားသောအမှုအား ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။သ ရုပ်ဆောင် ဝေဠုကျော်နှင့် အမှုမတိုင်မီ ကာမလိမ် လည်မှု တစ်ခုတွင် အမှုနိုင်ခဲ့ဖူးကြောင်း မော်ဒယ် သင်းသင်းက ယနေ့(ဇူလိုင် ၁၇ ရက်)တရားခွင်တွင် ဝန်ခံထွက်ဆိုခဲ့သည်။

ယနေ့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ အမှုစစ်ဆေးရာ တွင် ဝေဠုကျော်ဘက်မှ ရှေ့နေက တရားလို သင်းသင်းအား ယခုအမှုမတိုင်မီ ကာ မလိမ်လည်မှုတစ်ခု၌ အမှုနိုင်ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းရာ သင်းသင်းက ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ အဆိုအမှု တွင် နစ်နာကြေး သိန်းသုံးဆယ် ရရှိခဲ့ခြင်း ရှိ၊မရှိ ဆက်လက်မေးမြန်းရာ မရရှိခဲ့ကြောင်း သင်းသင်းက ပြန်လည်ထွက်ဆိုခဲ့သည်။ထိုသို့ မေး မြန်း ချက်များ အပေါ် တရားလိုဘက်မှ ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ခွင့်ပြုခဲ့ပြီး အမှုအား ဆက်လက်စစ်ဆေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရား လို သင်းသင်းက ” ဒါကကြာပါပြီ။ ရက်တောင် မမှတ်မိတော့ပါဘူး။ ကိုယ့်ဘက်က လိပ်ပြာသန့် ပါတယ်။ လျော်ကြေးနဲ့ ပတ်သက်လို့ပေါ့။ သူတို့ဘက်က ငွေနဲ့လာညှိတာရှိပါတယ်။ သင်းသင်းဘက်က လက်မခံခဲ့တာပါ”ဟု မီဒီယာ များကို ပြောကြားခဲ့သည်။

REF:   စံတော်ချိန်

Add a Comment

Your email address will not be published.