ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ (၅၀၀)က်ပ္တန္ ေငြစကၠဴအသစ္မ်ား စတင္ထုတ္ေဝၿပီး လဲလွယ္ေပးေန

ျမန္မာႏိုင္ငံ တြင္ လည့္ပတ္ သုံးစြဲ ေနေသာ ေငြစကၠဴ အမ်ိဳးအစား ၁၄ မ်ိဳးလုံးတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားအား လာမည့္ႏွစ္မ်ားအတြင္း႐ိုက္ႏွိပ္ထုတ္ ေဝသြားေတာ့မည္ျဖစ္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၁၆ ရက္ေန႔တြင္ ဗဟိုဘဏ္က ေျပာဆိုခဲ့ ေၾကာင္း သိရသည္။

၂၀၁၅ အ စိုးလက္ ထက္တြင္ျမန္မာေငြစကၠဴမ်ား႐ိုက္ႏွိပ္သုံးစြဲရာတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမ်ားႏွင့္ ထုတ္ေဝသုံး စြဲရန္ ႀကိဳး ပမ္းမႈ ရွိခဲ့ရာ ၂၀၂၀ ျပည့္ႏွစ္ ဇႏၷဝါရီ လ ၄ရက္ေန႔တြင္ ထုတ္ေဝသည့္ က်ပ္၁၀၀၀ တန္ေငြစကၠဴ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ဇူလိုင္လတြင္ ထုတ္ေဝမည့္ က်ပ္၅၀၀တန္ေငြစကၠဴမ်ားအျဖစ္ ရွိလာမည္ ျဖစ္သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ ၅၀၀ က်ပ္တန္ေငြစကၠဴအသစ္ကို ဇူလိုင္လ(၁၉)ရက္ အာဇာနည္ေန႔တြင္ စတင္ထုတ္ေဝမည္ဟု ေၾကျငာထားရာ ယေန႔နံနက္က စတင္ထုတ္ေဝေနၿပီး ရန္ကုန္ၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ ေငြစုဘဏ္ခြဲ(၃)၌ လူတစ္ဦးလွ်င္ ႏွစ္႐ြက္ႏႈန္း လဲလွယ္ေပးေန သည့္ ျမင္ကြင္းမ်ားကို ေဖာ္ျပလိုက္ပါသည္။

REF: 7DAY NEWS

UNICODE

မြန်မာနိုင်ငံ တွင် လည့်ပတ် သုံးစွဲ နေသော ငွေစက္ကူ အမျိုးအစား ၁၄ မျိုးလုံးတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများအား လာမည့်နှစ်များအတွင်းရိုက်နှိပ်ထုတ် ဝေသွားတော့မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဗဟိုဘဏ်က ပြောဆိုခဲ့ ကြောင်း သိရသည်။

၂၀၁၅ အ စိုးလက် ထက်တွင်မြန်မာငွေစက္ကူများရိုက်နှိပ်သုံးစွဲရာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် ထုတ်ဝေသုံး စွဲရန် ကြိုး ပမ်းမှု ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန္နဝါရီ လ ၄ရက်နေ့တွင် ထုတ်ဝေသည့် ကျပ်၁၀၀၀ တန်ငွေစက္ကူ နှင့် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင် ထုတ်ဝေမည့် ကျပ်၅၀၀တန်ငွေစက္ကူများအဖြစ် ရှိလာမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် စတင်ထုတ်ဝေမည်ဟု ကြေငြာထားရာ ယနေ့နံနက်က စတင်ထုတ်ဝေနေပြီး ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်ခွဲ(၃)၌ လူတစ်ဦးလျှင် နှစ်ရွက်နှုန်း လဲလှယ်ပေးနေ သည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

REF:   7DAY  NEWS

Add a Comment

Your email address will not be published.