တတိယ ကမ္ဘာစစ် ရဲ့ အစဟု သုံးသပ် ပြောဆိုနေကြသော အီရန် နဲ့ အစ္စရေး တို့ ရဲ့တိုက်ပွဲစပြီ






Credit : Celecrazynews

Ref : TimesOfIsrae

UNICODE

အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ အီရန်ကို ကျောထောက်နောက်ခံပေး ထားတဲ့ စစ်အင်အားကြီးနိုင်ငံတွေကတော့ အမေရိကန်ရဲ့ ရန်ဘက် ရု ရှားနဲ့ တရုတ်တို့ဖြစ်ပြီး၊ အစ္စ ရေးကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ အမေရိကန်အပြင် အနောက်အုပ်စုနဲ့ အဆင်ပြေတဲ့ ရှားရှား ပါးပါး နိုင်ငံ တစ်ခုလည်း ဖြစ် ပါတယ်။ အခုတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြို့တော်တောင်ပိုင်းရှိ Kiswah မြို့ဝန်းကျင်မှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ဒေသဟာ အီရန်စစ်တပ်နဲ့ ဆက်စပ်နေပါတယ်။

အစ္စရေးတပ်မတော်က ပြီးခဲ့တဲ့ ဇူလိုင်(၂၀)မှာ ဆီရီးယားအခြေစိုက် အီရန်စစ် စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ အတွဲလိုက်ပစ်ပြီး တိုက်ခိုက် ကာ နှစ်နိုင်ငံတင်းမာမှုအကြား စစ်ပွဲတစ်ခု ပေါ်ပေါ်ထင်ထင်ဖြစ်စေဖို့အတွက် အစ္စရေးတို့က စတင်လိုက်ပြီလို့ ဆိုရမှာပါ။ အစ္စရေးရဲ့ တိုက် ခိုက် မှုကြောင့် အီရန်ဘက်က (၅)ဦးကျဆုံးခဲ့ပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဒမတ်စကတ်အနီးရှိ စစ်စခန်း ကို ထိမှန်ခဲ့ပါတယ်။

အထူးသဖြင့် လက်နက်ခဲယမ်းတွေ ထားရှိတဲ့ ဂိုထောင်ကို ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက် မှုကြောင့် ဆီးရီးယားစစ်သား (၇)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။SANA ကနေ ထုတ်ပြန်တဲ့ သ တင်းအရ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ တိုက်ခိုက်ရေးဖိုက်တာတွေဆီကနေ တစ်ဆင့် ပစ်လွှတ်ခဲ့တာပါ။ အနီးအနားက အစ္စရေး ဘက်ခြမ်းမှာ Golan Heights တောင်ကုန်းတည်ရှိပြီး၊ အခြားဘက်မှာကတော့ ဆီရီးယားက ပိုင်ဆိုင် ပါတယ်။

အဲဒီတောင်ကုန်းရဲ့ တစိတ်တစ်ဒေသဟာ (၁၉၆၇)ခုနှစ်နောက်ပိုင်းမှာ ဆီရီးယားဆီကနေ အစ္စရေးတို့ (၆)ရက်ကြာ စစ်ပွဲဆင်နွှဲပြီး လုယူ ထားတဲ့နေရာလည်း ဖြစ်ပါတယ်။ဆီးရီးယား စစ်သားတွေထဲမှာ ဒဏ်ရာရှိသူ (၇)ဦးအနက် (၂)ဦးမှာ ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ဆီရီးယားလေကြောင်းဘက် ကလည်း အခင်းဖြစ်ပြီးနောက် ကင်းလှည့်တဲ့သဘောမျိုး ပျံသန်းခဲ့ပေမယ့် တုန့်ပြန်တိုက်ခိုက်တာမျိုး မရှိပါဘူး။

အစ္စရေးတို့ အဓိကရည်ရွယ်တာကလည်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်အခြေစိုက်စခန်းကို ရည်ရွယ် တာပဲဖြစ်ပါ တယ်။အီရန်နဲ့ အစ္စရေးတို့ဟာ ကမ္ဘာ့ရန်ဘက်တွေ ဖြစ်ကြပြီး၊ မကြာသေးခင်က အီရန်သမ္မတခါမေနီက အစ္စရေးကိုတိုက်ခိုက်ဖို့အတွက် မဟာမိတ်တွေ ရထားပြီးပြီလို့ ကြေညာခဲ့ပါသေးတယ်။ အနောက်အင်အားစုတွေက စေလွှတ်ထားတဲ့ စုံထောက်တွေရဲ့အဆိုအရ အီရန် အနေနဲ့ မကြာသေးခင်ကမှ နယူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီလို့ သံသယရှိနေပါတယ်။

Credit :  Celecrazynews

Ref :  TimesOfIsrae

Add a Comment

Your email address will not be published.