ကိုဗစ္-19ေၾကာင့္ ပုံစံသစ္နဲ႔ စာသင္ရတဲ့အတြက္ ေက်ာင္းသားေတြမွာ အခက္အခဲရွိေနျခင္းကို သည္းခံၾကရန္ အတိုင္ပင္ခံေျပာဆို

ျမန္မာတစ္ႏိုင္ငံလုံးမွာ အေျခခံပညာ အထက္တန္းဆင့္သင္ေက်ာင္း စုစုေပါင္း (၇၁၇၃) ေက်ာင္း ရွိတဲ့အနက္၊ က်န္းမာေရး ဆန္းစစ္မႈ ျပဳ လုပ္ၿပီး ဖြင့္ခြင့္ျပဳေပးခဲ့တဲ့ေက်ာင္း ၃၉၉၉ ေက်ာင္း ရွိခဲ့တယ္လို႔လည္း အတိုင္ပင္ခံက ဆိုပါတယ္။ ေက်ာင္းသူ၊ ေက်ာင္းသားဦးေရ တစ္ သန္းေက်ာ္ ေက်ာင္းအပ္ႏွံခဲ့ရာမွာ ေက်ာင္းတက္ရက္ တစ္ပတ္ျခား စီစဥ္ထားတဲ့အတြက္ အခုအပတ္မွာ ေက်ာင္းအပ္ႏွံထားသူ ဦးေရ ရဲ႕ တစ္ဝက္ျဖစ္တဲ့ ဝ.၅၅၄ သန္း တက္ေရာက္ခဲ့တယ္လို႔လည္းသိရပါတယ္။

ဖြင့္ခြင့္မရေသးတဲ့ ေက်ာင္းေတြကေတာ့ ပိုးသတ္သန႔္စင္မႈျပည့္စုံစြာ မေဆာင္႐ြက္ႏိုင္ျခင္း၊ လက္ေဆးရန္ေနရာ၊ အိမ္သာနဲ႔ အဖုံးပါေျခနင္း အမႈိက္ပုံးတို႔ ျပည္စုံစြာ မထားရွိႏိုင္ျခင္း စတဲ့ လိုအပ္ခ်က္မ်ား ရွိေနျခင္းတို႔ေၾကာင့္မဖြင့္လွစ္ႏိုင္ေသးျခင္းျဖစ္ေၾကာင္း၊ ဒါေတြကိုလည္း ေစာ လ်င္စြာ ျဖည့္ဆည္းေပးၿပီး၊ ေက်ာင္းဖြင့္ခြင့္ေပးသြားမွာ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကား ခဲ့ပါတယ္။ေက်ာင္းအပ္ႏွံထားသူဦးေရရဲ႕တစ္ဝက္ျဖစ္တဲ့ ဝ.၅၅၄ သန္း တက္ေရာက္ခဲ့တယ္လို႔လည္းသိရပါတယ္။

ကိုဗစ္ကာလမွာ ေက်ာင္းသားေက်ာင္းသူေတြဟာ ႏွာေခါင္းစည္းနဲ႔ Face Shield ကိုအၾကာႀကီးတပ္ထားရတာ၊ အခ်င္းခ်င္း ခပ္ခြာခြာေန ရတာေတြဟာ ကေလးေတြအတြက္ ခက္ခဲမွာ အမွန္ပဲလို႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။ဒီေန႔ ည ေနပိုင္းက သူ႔ရဲ႕ လူမႈကြန္ရက္ေဖ့ဘုတ္စ္စာမ်က္ႏွာကတစ္ဆင့္ေျပာၾကားခဲ့တာျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူေတြလည္း ခက္ခဲမႈေတြ ရွိ သလို ဆရာ၊ဆရာမေတြလည္း အရင္ထက္ပိုၿပီး စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ၾကရတယ္လို႔သိရေၾကာင္း အတိုင္ပင္ခံက ေျပာခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္က လူငယ္ေတြ ပညာလမ္းဆက္ေလွ်ာက္ႏိုင္ဖို႔ အတြက္ ေျခလွမ္းေတြ မပ်က္ေအာင္ အားလုံးဝိုင္းၿပီး ႐ုန္းကန္ရမယ့္အခ်ိန္ျဖစ္တယ္လို႔လည္း တိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္“ပညာရွာ၊ ပမာသူဖုန္းစား” ဆိုတဲ့စကားေလးကိုၫႊန္းၿပီး ပင္ပင္ပန္းပန္း စစ္ပညာသင္ယူေနရတဲ့ ရဲေဘာ္ေတြကို ေဖေဖကအားေပးခဲ့ဖူးပါတယ္။ ႏိုင္ငံ့လြတ္လပ္ေရးအတြက္သင္ယူခဲ့ရတဲ့ပညာေတြ.. ယခု ေတာ့ ႏိုင္ငံ့တိုးတက္ေရးအတြက္ ကြၽန္မတို႔ လူငယ္ေတြ ပညာလမ္း ဆက္ေလွ်ာက္ႏိုင္ဖို႔။

ေျခလွမ္းေတြ မပ်က္ေအာင္ ေက်ာင္းသူ၊ ေက်ာင္းသား၊ ဆရာ၊ မိဘ၊အစိုးရ အားလုံး ဝိုင္းၿပီး႐ုန္းရမဲ့အခ်ိန္ပါ။ အင္အားေတြျဖည့္ၾကပါ။” ဆို ၿပီး အတိုင္ပင္ခံက သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

REF: Daw Aung San Suu Kyi fb

UNICODE

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းဆင့်သင်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်း ရှိတဲ့အနက်၊ ကျန်းမာရေး ဆန်းစစ်မှု ပြု လုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်း ရှိခဲ့တယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ် သန်းကျော် ကျောင်းအပ်နှံခဲ့ရာမှာ ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် အခုအပတ်မှာ ကျောင်းအပ်နှံထားသူ ဦးရေ ရဲ့ တစ်ဝက်ဖြစ်တဲ့ ဝ.၅၅၄ သန်း တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။

ဖွင့်ခွင့်မရသေးတဲ့ ကျောင်းတွေကတော့ ပိုးသတ်သန့်စင်မှုပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ လက်ဆေးရန်နေရာ၊ အိမ်သာနဲ့ အဖုံးပါခြေနင်း အမှိုက်ပုံးတို့ ပြည်စုံစွာ မထားရှိနိုင်ခြင်း စတဲ့ လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့်မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ကြောင်း၊ ဒါတွေကိုလည်း စော လျင်စွာ ဖြည့်ဆည်းပေးပြီး၊ ကျောင်းဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။ကျောင်းအပ်နှံထားသူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ ဝ.၅၅၄ သန်း တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။

ကိုဗစ်ကာလမှာ ကျောင်းသားကျောင်းသူတွေဟာ နှာခေါင်းစည်းနဲ့ Face Shield ကိုအကြာကြီးတပ်ထားရတာ၊ အချင်းချင်း ခပ်ခွာခွာနေ ရတာတွေဟာ ကလေးတွေအတွက် ခက်ခဲမှာ အမှန်ပဲလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ဒီနေ့ ည နေပိုင်းက သူ့ရဲ့ လူမှုကွန်ရက်ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေလည်း ခက်ခဲမှုတွေ ရှိ သလို ဆရာ၊ဆရာမတွေလည်း အရင်ထက်ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကြရတယ်လို့သိရကြောင်း အတိုင်ပင်ခံက ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ပညာလမ်းဆက်လျှောက်နိုင်ဖို့ အတွက် ခြေလှမ်းတွေ မပျက်အောင် အားလုံးဝိုင်းပြီး ရုန်းကန်ရမယ့်အချိန်ဖြစ်တယ်လို့လည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်“ပညာရှာ၊ ပမာသူဖုန်းစား” ဆိုတဲ့စကားလေးကိုညွှန်းပြီး ပင်ပင်ပန်းပန်း စစ်ပညာသင်ယူနေရတဲ့ ရဲဘော်တွေကို ဖေဖေကအားပေးခဲ့ဖူးပါတယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက်သင်ယူခဲ့ရတဲ့ပညာတွေ.. ယခု တော့ နိုင်ငံ့တိုးတက်ရေးအတွက် ကျွန်မတို့ လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့။

ခြေလှမ်းတွေ မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊အစိုးရ အားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ။ အင်အားတွေဖြည့်ကြပါ။” ဆို ပြီး အတိုင်ပင်ခံက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

REF:  Daw Aung San Suu Kyi fb

Add a Comment

Your email address will not be published.