ျပည္ေတာ္ျပန္ ကြၽမ္းက်င္လုပ္သား တစ္ေသာင္းေက်ာ္ ကို အလုပ္အကိုင္ ဖန္တီးေပးမည္ဟု ေျပာၿပီ

လက္ရွိမွာေတာ့ ျပည္ပႏိုင္ငံ အသီးသီးက ျပန္လည္ဝင္ေရာက္လိုတဲ့ ျမန္မာႏိုင္ငံသားေတြ ကို ေလေၾကာင္းလိုင္းနဲ႔ ျပန္လည္ေခၚေနသလို ျမဝတီ၊ ေကာ့ေသာင္း၊ တာခ်ီလိတ္၊ မူဆယ္ စတဲ့ နယ္စပ္ ဂိတ္ေတြကေန လက္ခံေပးေနၿပီး ျပန္ဝင္လာသူဦးေရ တစ္သိန္း ေက်ာ္ရွိေနတယ္ လို႔လည္းသိရပါတယ္။ကိုဗစ္ကာလအတြင္းမွာ ျပည္တြင္း၊ျပည္ပ ျမန္မာ လုပ္သားဦးေရ၂ သိန္းခြဲခန႔္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရတယ္လို႔လည္း အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးျမင့္ႀကိဳင္ကဇြန္လ ၂၆ ရက္က ျပဳလုပ္တဲ့ အစိုးရရဲ႕ စတုတၱတစ္ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္နဲ႔ ပတ္သက္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ျပည္ပျပန္လုပ္သားစာရင္းေတြအရ အထည္ခ်ဳပ္၊ ေဆာက္လုပ္ေရး ႏွင့္ စားေသာက္ကုန္လုပ္ငန္းေတြမွာ ကြၽမ္းက်င္မႈ ရွိတာကို အမ်ားဆုံး ေတြ႕ ရပါတယ္။ကိုဗစ္ကာလအတြင္း ျပည္ပႏိုင္ငံေတြက ျပန္ေရာက္လာၾကသူေတြကို ကြၽမ္းက်င္မႈအလိုက္ အလုပ္အကိုင္ ေတြ ခ်ိတ္ဆက္ ေပးဖို႔ လုပ္ငန္းကြၽမ္းက်င္မႈစာရင္းေကာက္ခံေနရာ ရန္ကုန္တိုင္းအတြင္း ကြၽမ္းက်င္လုပ္သားဦးေရ ၁ ေသာင္းေက်ာ္ရရွိထားတယ္လို႔ အ လုပ္သမား ၫႊန္ၾကားေရး ဦးစီးဌာနမွ သိရပါတယ္။ အခုလို စာရင္းေကာက္ယူ ရျခင္းမွာ အလုပ္အကိုင္ အခြင့္အလမ္းသစ္ေတြ ေဖာ္ေဆာင္ ႏိုင္ဖို႔ ၊ အလုပ္သမားလိုအပ္ေနတဲ့ လုပ္ငန္းရွင္ေတြနဲ႔ လုပ္ငန္းကြၽမ္းက်င္မႈရွိတဲ့ လုပ္သားေတြ ခ်ိတ္ဆက္အဆင္ေျပဖို႔ ရည္႐ြယ္လုပ္ေဆာင္ ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

ျပည္ပက ဘယ္စက္႐ုံ၊ ဘာလုပ္ငန္း လုပ္ခဲ့သလဲ COVID ၿပီးရင္ ေရာ ျပည္ပကို ျပန္သြားၿပီး လုပ္ကိုင္မွာလား စသျဖင့္ေပါ့ ဒါကို ဌာနက ဘာကူညီေပးရမလဲ။ သူတို႔ ျပည္တြင္းမွာပဲလုပ္မယ္ဆိုရင္ ဘယ္လို လုပ္ငန္းမ်ိဳး ကို ခ်ိတ္ဆက္ေပးရမလဲ စသျဖင့္ေပါ့ေနာ္။ ဒါေတြကို သိႏိုင္ဖို႔အတြက္ စစ္တမ္းေကာက္တာပါ။ ” လို႔ အလုပ္သမား ၫႊန္ၾကားေရးဦးစီးဌာန ရန္ကုန္တိုင္းေဒသႀကီး တိုင္းမႉး ဦးခင္ေမာင္သြင္က ေျပာပါတယ္။ လက္ရွိ ေကာက္ခံရရွိၿပီးတဲ့ ျပည္ပျပန္လုပ္သား စာရင္းေတြအရ အထည္ခ်ဳပ္၊ ေဆာက္လုပ္ေရးႏွင့္ စားေသာက္ကုန္ လုပ္ငန္းေတြမွာ ကြၽမ္းက်င္မႈရွိတာကို အမ်ားဆုံး ေတြ႕ရတယ္လို႔သိရပါတယ္။ ”

ကိုဗစ္မို႔ ဟိုမွာေနမရေတာ့လို႔သာျပန္လာရတာပါ။ တစ္ေခါက္ ျပန္တက္ဖို႔ဆိုတာ မလြယ္ဘူး ။ ပိုက္ဆံမရွိဘဲ ျပန္တက္မရဘူး။ ေနာက္အ လုပ္က ခ်ိတ္ဆက္ရအုံးမွာ။ ျမန္မာျပည္ က်ေတာ့လည္း ဘြဲ႕မရတဲ့လူအတြက္ အလုပ္က ရွားတယ္။ရန္ကုန္သြားလုပ္ေတာ့လည္း စားစရိတ္ ေနစရိတ္နဲ႔ ဘာမွအဖတ္မတင္ဘူး။ ခုစာရင္း ေကာက္တယ္ဆိုတာလည္း က်ေနာ္တို႔ဆီေတာ့မေရာက္ေသးဘူး။ “လို႔ တ႐ုတ္ႏိုင္ငံမွာ အ လုပ္လုပ္ကိုင္ခဲ့သူကို ေအာင္မင္းကေျပာပါတယ္။

REF: Duwun

UNICODE

လက်ရှိမှာတော့ ပြည်ပနိုင်ငံ အသီးသီးက ပြန်လည်ဝင်ရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေ ကို လေကြောင်းလိုင်းနဲ့ ပြန်လည်ခေါ်နေသလို မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မူဆယ် စတဲ့ နယ်စပ် ဂိတ်တွေကနေ လက်ခံပေးနေပြီး ပြန်ဝင်လာသူဦးရေ တစ်သိန်း ကျော်ရှိနေတယ် လို့လည်းသိရပါတယ်။ကိုဗစ်ကာလအတွင်းမှာ ပြည်တွင်း၊ပြည်ပ မြန်မာ လုပ်သားဦးရေ၂ သိန်းခွဲခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်ကဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္တတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြည်ပပြန်လုပ်သားစာရင်းတွေအရ အထည်ချုပ်၊ ဆောက်လုပ်ရေး နှင့် စားသောက်ကုန်လုပ်ငန်းတွေမှာ ကျွမ်းကျင်မှု ရှိတာကို အများဆုံး တွေ့ ရပါတယ်။ကိုဗစ်ကာလအတွင်း ပြည်ပနိုင်ငံတွေက ပြန်ရောက်လာကြသူတွေကို ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင် တွေ ချိတ်ဆက် ပေးဖို့ လုပ်ငန်းကျွမ်းကျင်မှုစာရင်းကောက်ခံနေရာ ရန်ကုန်တိုင်းအတွင်း ကျွမ်းကျင်လုပ်သားဦးရေ ၁ သောင်းကျော်ရရှိထားတယ်လို့ အ လုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။ အခုလို စာရင်းကောက်ယူ ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင် နိုင်ဖို့ ၊ အလုပ်သမားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေ ချိတ်ဆက်အဆင်ပြေဖို့ ရည်ရွယ်လုပ်ဆောင် နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပက ဘယ်စက်ရုံ၊ ဘာလုပ်ငန်း လုပ်ခဲ့သလဲ COVID ပြီးရင် ရော ပြည်ပကို ပြန်သွားပြီး လုပ်ကိုင်မှာလား စသဖြင့်ပေါ့ ဒါကို ဌာနက ဘာကူညီပေးရမလဲ။ သူတို့ ပြည်တွင်းမှာပဲလုပ်မယ်ဆိုရင် ဘယ်လို လုပ်ငန်းမျိုး ကို ချိတ်ဆက်ပေးရမလဲ စသဖြင့်ပေါ့နော်။ ဒါတွေကို သိနိုင်ဖို့အတွက် စစ်တမ်းကောက်တာပါ။ ” လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူး ဦးခင်မောင်သွင်က ပြောပါတယ်။ လက်ရှိ ကောက်ခံရရှိပြီးတဲ့ ပြည်ပပြန်လုပ်သား စာရင်းတွေအရ အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုရှိတာကို အများဆုံး တွေ့ရတယ်လို့သိရပါတယ်။ ”

ကိုဗစ်မို့ ဟိုမှာနေမရတော့လို့သာပြန်လာရတာပါ။ တစ်ခေါက် ပြန်တက်ဖို့ဆိုတာ မလွယ်ဘူး ။ ပိုက်ဆံမရှိဘဲ ပြန်တက်မရဘူး။ နောက်အ လုပ်က ချိတ်ဆက်ရအုံးမှာ။ မြန်မာပြည် ကျတော့လည်း ဘွဲ့မရတဲ့လူအတွက် အလုပ်က ရှားတယ်။ရန်ကုန်သွားလုပ်တော့လည်း စားစရိတ် နေစရိတ်နဲ့ ဘာမှအဖတ်မတင်ဘူး။ ခုစာရင်း ကောက်တယ်ဆိုတာလည်း ကျနော်တို့ဆီတော့မရောက်သေးဘူး။ “လို့ တရုတ်နိုင်ငံမှာ အ လုပ်လုပ်ကိုင်ခဲ့သူကို အောင်မင်းကပြောပါတယ်။

REF:   Duwun

Add a Comment

Your email address will not be published.