သတင်းကောင်းလေးပါ ဇူလိုင်( ၃၀) ရက်မှ စတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ ဘုရား၊ စေတီတော်များ အားလုံးပြန်လည် ဖွင့်လှစ်မည်





REF: ELEVEN MEDIA

UNICODE

ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီတော်များ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူး ခင်လှမြင့်က လက်မှတ်ရေးထိုးထားပြီး မိတ္တူကို လူမှုရေး ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ် ရေး နှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး သို့ ပေးပို့ခဲ့ကြောင်း ညွှန်ကြားစာတွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင် ငံလင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုစုကြည် တို့အား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။ယင်းညွှန်ကြားစာကို မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးရုံးများသို့ ရောက်ရှိခြင်း ရှိ မရှိ သိရှိရန် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့် ဆက် သွယ်ခဲ့ရာ ညွှန်ကြားစာ ရောက်ရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဇူလိုင် ၃၀ ရက်မှ စ တင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီတော်များ ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ဇူလိုင် ၂၈ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်း သာသနာရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေး မှူး၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လိပ်မှုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များ ဖွင့်လှစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီတော်များ ဖွင့်လှစ်ခြင်းအား COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ခေတ္တ ယာယီ ဆိုင်းငံထားရှိခဲ့ပြီးဖြစ်ရာ ယခုအခါ ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီမှ စတင်ပြီး COVID-19 ရောဂါ ကြောင့် ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြား ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ဂေါပကအဖွဲ့များအား ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published.