ေတာ႐ြာက ကေလးငယ္ ရဲ႕ ႏွစ္ပါးသြား သီခ်င္းတီးခတ္မႈ ၾကည့္ရႈသူအရမ္းမ်ားေန

ဒီကေလးငယ္ကေတာ့ အဖက္ဖက္က ဆင္းရဲ ခ်ိဳ႕တဲ့ေပမယ့္ ရွိတာေလး နဲ႔အႏုပညာကို ဖန္တီးျပသြားတာျဖစ္ပါတယ္။ အ႐ြယ္အားျဖင့္ လည္း ငယ္႐ြယ္ေပမယ့္ သူရဲ႕ ဂီတဝါသနာနဲ႔ ပညာကိုေတာ့ ေလးစားစရာပါ။ သံစဥ္ကို မရွိရွိတာနဲ႔ လုပ္ၿပီးလိုက္တီးဖို႔ဆိုတာ လြယ္တာမွ မဟုတ္တာ တကယ္ေလးစား ပါတယ္ ညီငယ္ေလးရယ္ ေျမေတာင္ေျမႇာက္ေပး မယ့္သူနဲ႔ ေတြ႕ပါေစ။ ဒီလို ႐ြက္ပုံးသီးလူငယ္ေလး ေတြ လည္း ဝါသနာပါရာေလွ်ာက္လွမ္းၿပီး ေအာင္ျမင္ႏိုင္ၾကပါေစ။

ကဲ ပရိတ္သတ္ႀကီးေရဒီဗြီယိုေလးကို ၾကည့္ျခင္းအားျဖင့္ ပရိတ္သတ္ႀကီး ေပ်ာ္႐ႊင္ၾကည္ႏူးမႈ တစ္စုံတစ္ရာ ရလိမ့္မယ္ထင္ပါတယ္။ ဒီလို ႐ြက္ပုံးသီးက ေလးငယ္ေလးေတြ ဒီထက္ႀကိဳးစားခ်င္လာေအာင္ပိုၿပီး အားေပးၾကပါအုံးလို႔ ေမတၱာရပ္ခံရင္း ဒီဗြီယိုေလး လူတိုင္းသိရေအာင္ ရွဲေပးၾကပါအုံးေနာ္….။ဗြီယိုဖိုင္ကိုေအာက္ဆုံးမွာ တင္ထားပါတယ္ဒီဗြီယိုဖိုင္ေလးဟာဆိုရင္ေတာ့ ယခု တစ္ေလာ အြန္လိုင္းမွာ နာမည္ႀကီး ေနတဲ့ ေတာ႐ြာတစ္႐ြာက ရွိတဲ့တူရိယာနဲ႔ အေကာင္းဆုံးတီခတ္ေနတဲ့ ႐ြက္ပုံးသီးကေလးငယ္ပါ။

ဒီကေလးက နတ္ေမာက္ၿမိဳ႕နယ္ ကုလားရွင္ ေက်း႐ြာကလို႔လည္းသိရပါတယ္။ သူ႔မွာရွိတဲ့ အိုးစည္ ဗုံေလးေတြ၊ ကေလးေဆာ့ တဲ့ ဒရမ္ ေလး၊ ၿပီးေတာ့ ေတာ္ယုံလူ လုပ္တတ္ဖို႔ တီးတတ္ဖို႔မလြယ္တဲ့ အိုးနဲ႔လုပ္တဲ့ အိုးဗုံကိုလည္း ပိုင္ပိုင္ႏိုင္ႏိုင္ တီးခတ္သြားတာ ျဖစ္ပါတယ္။ သီခ်င္းကလည္း ျမန္မာ့ဇာတ္သဘင္ရဲ႕ ႏွစ္ပါးသြားေတးျဖစ္ပါတယ္တဲ့၊ ႏွစ္ပါးသြားေတးတီးလုံးနဲ႔ အညီ အမွီလိုက္တီးႏိုင္ဖို႔ဆိုတာ လြယ္တာမွမဟုတ္တာဗ်ာ…တစ္ကယ့္ကို ေတာက္မည့္ မီးခဲတစ္ရဲရဲဆိုသလိုပါဘဲ။

ဒီလို အႏုပညာေျမာက္ပီး ခက္ခဲတဲ့ သီခ်င္းႀကီး တစ္ပုဒ္ကို ကေလးငယ္ တစ္ေယာက္က စည္းဝါးက်က် တီးသြားတာဟာဆိုရင္ တစ္ကယ့္ ကို ခ်ီးက်ဴးစရာေကာင္းပါတယ္။ ပညာကလည္းမေခဘူး တကယ့္ ဂီတပိုးေလးဗ်။ဒီဗြီယိုေလးဟာဆိုရင္ေတာ့ ၾကည့္ရႈ႕သူ ကိုးသိန္းေက်ာ္ သြားပီျဖစ္ပါတယ္။ တစ္ကယ္ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာ့မ်ိဳးဆက္သစ္ေတြဟာ လူေတာ္ေတြဆိုတာ ဒီဗြီယိုေလးကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။

ဒါေပမယ့္ ေျမေတာင္ေျမာွက္ေပးတာမရွိတာရယ္ အရႈံးကို ရင္ဆိုင္ ရမွာေၾကာက္ၿပီး စြန႔္စားရဲတဲ့ သတၱိမရွိတာရယ္ေၾကာင့္ ေတာ္တဲ့ ေခတ္လူငယ္ေတြ ဝါသနာကို စြန႔္လႊတ္သြားၾကရတာ ႏွေျမာစရာေကာင္းပါတယ္။

ထန္းညက္ခဲ

REF: LET PAN

UNICODE

ဒီကလေးငယ်ကတော့ အဖက်ဖက်က ဆင်းရဲ ချို့တဲ့ပေမယ့် ရှိတာလေး နဲ့အနုပညာကို ဖန်တီးပြသွားတာဖြစ်ပါတယ်။ အရွယ်အားဖြင့် လည်း ငယ်ရွယ်ပေမယ့် သူရဲ့ ဂီတဝါသနာနဲ့ ပညာကိုတော့ လေးစားစရာပါ။ သံစဉ်ကို မရှိရှိတာနဲ့ လုပ်ပြီးလိုက်တီးဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ တကယ်လေးစား ပါတယ် ညီငယ်လေးရယ် မြေတောင်မြှောက်ပေး မယ့်သူနဲ့ တွေ့ပါစေ။ ဒီလို ရွက်ပုံးသီးလူငယ်လေး တွေ လည်း ဝါသနာပါရာလျှောက်လှမ်းပြီး အောင်မြင်နိုင်ကြပါစေ။

ကဲ ပရိတ်သတ်ကြီးရေဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် ပရိတ်သတ်ကြီး ပျော်ရွှင်ကြည်နူးမှု တစ်စုံတစ်ရာ ရလိမ့်မယ်ထင်ပါတယ်။ ဒီလို ရွက်ပုံးသီးက လေးငယ်လေးတွေ ဒီထက်ကြိုးစားချင်လာအောင်ပိုပြီး အားပေးကြပါအုံးလို့ မေတ္တာရပ်ခံရင်း ဒီဗွီယိုလေး လူတိုင်းသိရအောင် ရှဲပေးကြပါအုံးနော်….။ဗွီယိုဖိုင်ကိုအောက်ဆုံးမှာ တင်ထားပါတယ်ဒီဗွီယိုဖိုင်လေးဟာဆိုရင်တော့ ယခု တစ်လော အွန်လိုင်းမှာ နာမည်ကြီး နေတဲ့ တောရွာတစ်ရွာက ရှိတဲ့တူရိယာနဲ့ အကောင်းဆုံးတီခတ်နေတဲ့ ရွက်ပုံးသီးကလေးငယ်ပါ။

ဒီကလေးက နတ်မောက်မြို့နယ် ကုလားရှင် ကျေးရွာကလို့လည်းသိရပါတယ်။ သူ့မှာရှိတဲ့ အိုးစည် ဗုံလေးတွေ၊ ကလေးဆော့ တဲ့ ဒရမ် လေး၊ ပြီးတော့ တော်ယုံလူ လုပ်တတ်ဖို့ တီးတတ်ဖို့မလွယ်တဲ့ အိုးနဲ့လုပ်တဲ့ အိုးဗုံကိုလည်း ပိုင်ပိုင်နိုင်နိုင် တီးခတ်သွားတာ ဖြစ်ပါတယ်။ သီချင်းကလည်း မြန်မာ့ဇာတ်သဘင်ရဲ့ နှစ်ပါးသွားတေးဖြစ်ပါတယ်တဲ့၊ နှစ်ပါးသွားတေးတီးလုံးနဲ့ အညီ အမှီလိုက်တီးနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ…တစ်ကယ့်ကို တောက်မည့် မီးခဲတစ်ရဲရဲဆိုသလိုပါဘဲ။

ဒီလို အနုပညာမြောက်ပီး ခက်ခဲတဲ့ သီချင်းကြီး တစ်ပုဒ်ကို ကလေးငယ် တစ်ယောက်က စည်းဝါးကျကျ တီးသွားတာဟာဆိုရင် တစ်ကယ့် ကို ချီးကျူးစရာကောင်းပါတယ်။ ပညာကလည်းမခေဘူး တကယ့် ဂီတပိုးလေးဗျ။ဒီဗွီယိုလေးဟာဆိုရင်တော့ ကြည့်ရှု့သူ ကိုးသိန်းကျော် သွားပီဖြစ်ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်တွေဟာ လူတော်တွေဆိုတာ ဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ဒါပေမယ့် မြေတောင်မြောှက်ပေးတာမရှိတာရယ် အရှုံးကို ရင်ဆိုင် ရမှာကြောက်ပြီး စွန့်စားရဲတဲ့ သတ္တိမရှိတာရယ်ကြောင့် တော်တဲ့ ခေတ်လူငယ်တွေ ဝါသနာကို စွန့်လွှတ်သွားကြရတာ နှမြောစရာကောင်းပါတယ်။

ထန်းညက်ခဲ

REF:  LET  PAN

Add a Comment

Your email address will not be published.