ထူးခြားလွန်းတဲ့ ပင်ကိုယ် အလှတရားတွေ အထင်သား မြင်တွေ့ရစေမယ့် မေမြင့်မိုရ်
UNICODE
ဒါကတော့ ကိုယ်ကျပ်ဂါဝန်လေးကြောင့်ထူးခြားလွန်းတဲ့ပင်ကိုယ်အလှတရားတွေအား ထင်ရှားစွာမြင်တွေ့ရစေမယ့် မေမြင့်မိုရ်ရဲ့ အမိုက် စားပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မေကလည်း ” ကောင်းကင်ပြာပြာနဲ့အတူ မင်းကိုလွမ်းနေတဲ့ကောင်မလေး “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် မေလေးရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
စကားပြောပုံလေးတွေကအစ အသည်းယားစရာကောင်းလွန်းနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါ တယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေ လက်ခံအားပေးလာခဲ့ကြတာပဲ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးနေရတဲ့ ပြည်သူချစ် မင်းသမီးလေးအဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။
.မေဟာ လက်ရှိမှာတော့ ပုပ္ပါးတွင် ရိုက်ကူးရေးအတွက် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အမြဲတောင်းဆိုနေတာ ကြောင့် လည်း သူမရဲ့ ပုံလှလှလေးတွေကို တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေမြင့်မိုရ်ရဲ့ လူမှုကွန် ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
Source and Photo Crd- May Myint Mo’s Facebook Account