စီးပွားရေးအဆင်မပြေလို့ အခြေ အနေ မဟန် ရင် ဆိုက်ကား နင်း သင့် နင်းရ မှာပဲ ဆိုတဲ့ “မျောက် ရှုံး”
REF: SHWE WIKI
UNICODE
ကိုဗစ်ကာလမှာ အခြားသော အနုပညာရှင် တွေက မိသားစု စားဝတ်နေရေးအတွက် ဈေးရောင်း တာတွေလည်း ရှိလို့နေပေမယ့် လည်း သရုပ်ဆောင် ‌မျောက်ရှုံး ကတော့ ဘာမှ မလုပ်တတ်တာကြောင့် ဈေးတော့ မရောင်းဖြစ်ဘူးလို့ ပြောပါတယ်။ ဒီကာလအတွင်း မှာ ဈေး ရောင်းနေရတဲ့ အနုပညာရှင်တွေအနေနဲ့ ကလည်း မဖြစ်သာလို့ ဈေးရောင်းနေကြတာဖြစ်ပြီး ဘယ်အနုပညာရှင် ကမှ ဈေးရောင်းချင်တဲ့သူ မရှိဘူးလို့ ဆိုပါတယ်။
“သူတို့က လုပ်နိုင် တယ် ကျွန်တော်တို့ က မလုပ် တတ်တာ မရောင်း တတ်ဘူး စားတတ်တယ်။ တစ်သတ်လုံးရောင်းပါဆို မရောင်းဘူး။ အခိုက်အတန့်လေးမို့ ရှိတဲ့အတတ်ပညာ လေးနဲ့ မဖြစ်နိုင်လို့သာ လုပ်နေရတာ ဘယ်အနုပညာရှင်သမားမှ ဈေးမရောင်းချင်ဘူး။ ဒါကျွန် တော်ရိုး သားစွာပြောတာ အနုပညာသမား ဆိုကလည်းက ဆိုမလား ကမလား တီးမလား ဒါတွေပဲ လုပ်ချင်တာ အခုလိုအခြေအနေမျိုးမှာ မိသားစု စားဝတ်နေရေး ထိန်းတဲ့အနေနနဲ့ လုပ်တာ ရေရှည်ဆို ဘယ်သူမှ မလုပ်ဘူး။
ကျွန်တော်တို့လည်း အထောက်အပံ့လေး နဲ့ သွားနေရလို့ ကျွန်တော်ဆို ဆိုက်ကား နင်းသင့် နင်းရမှာဘဲ “ လို့ သူကဆိုပါတယ်။ ကိုဗစ်ကာ လ အတွင်းမှာ အနုပညာ လှုပ်ရှားမှုတွေ နားထား ရတဲ့ လူရွှင်တော် မျောက်ရှုံးက ပရိသတ်တွေအတွက် 5 stars entertainment Page ကနေ ဟာသ ဗီဒီယိုလေးတွေ တင်ပေးနေတယ်လို့ ဆိုပါတယ်။အနုပညာကို ရူးသွပ်လွန်းတဲ့ လူရွှင်တော် သရုပ်ဆောင် ‌မျောက်ရှုံး ကတော့ ပွဲတွေ နားထား ရတာတောင် ပရိသတ်တွေ အတွက် သူတတ်ကျွမ်းတဲ့ အနုပညာအလုပ် နဲ့ ဖျော်ဖြေနေသူ ဖြစ်ပါတယ်။
ကိုဗစ်ကာလ အတွင်းမှာ အခြားစီးပွားရေးကို မလုပ်တတ်ပေမယ့် သူတတ်ကျွမ်းတဲ့အနုပညာနဲ့ 5 stars entertainment Page ကနေ ဟာသဗီဒီယိုလေးတွေ တင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ဒီကာလ မှာ ကတော့ ဘာ အလုပ် မှလည်းမရှိဘူး။ဒါပေမယ့် အနုပညာသမား ဆိုတာ တစ်ခုခု လုပ်နေရမှ အဆင်ပြေမှာဆိုတော့ မရှိတာရှိတာ အသာထား အနုပညာတစ်ခုခု လုပ်နေရင်း နဲ့ငတ်နေတာကို သိပ်သဘော ကျတာ။ အွန်လိုင်းမှာ 5 stars entertainment ဆိုပြီး ပေ့ချ်လည်း ဖွင့်ထားတယ်။
အဲ့မှာ ပရိသတ်တွေ ကို ပျော်ရွှင်အောင် ဟာသလေးတွေ တင်ဆက်ပေးတယ်။ တစ်ခါတစ်ခါ အိတ်စိုက်ရတာ ရှိပေမယ့် စပွန်ဆာတွေ က လည်း ထောက်ပံ့ပေးပါတယ်” လို့ ဆိုပါတယ်။
REF:  SHWE  WIKI
Add a Comment
Your email address will not be published.