ခွေးလေးတွေ ကို ပွေ့ပိုက်ပြီး အသည်းယားစရာ ချစ်အားပိုအောင် ပို့စ်ပေး နေတဲ့ မေမြင့်မိုရ်






UNICODE

ဒီပုံရိပ်လေးတွေထဲမှာတော့ မေမြင့်မိုရ် က သူမရဲ့ ခွေးလေးတွေ နဲ့ အတူ အသည်းယားစရာ အမူအရာလေးတွေ နဲ့ ဖမ်းစားထားတဲ့ ပုံရိပ် လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း မေမြင့်မိုရ် က ” Super Sunday လေးမှာ ဘေဘီလေးတွေ Spa သွား” ဆိုပြီး ရေးသားဖော် ပြထားပါသေးတယ်။

ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး မေမြင့်မိုရ် ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေး လိုက်ပါတယ်နော်..။ ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။

သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့ကာ နောက် ပိုင်းမှာဆိုရင်တော့ ကြော်ငြာတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေရပြီလည်းဖြစ်ပါတယ်။ ယခုတစ်ခါ မှာလည်း မေမြင့်မိုရ် က အိမ်မှာနေရင်း ဓာတ်ဖမ်း ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေး လာခဲ့ပါတယ်။

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခေတ္တရပ်နားထားခဲ့ပြီး မိသားစုလေး နဲ့အတူပျော်ပျော်ရွှင်ရွှင် အနားယူ နေထိုင်နေတာပဲဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း မေမြင့်မိုရ် က ပရိသတ်တွေအတွက် သူမရဲ့ လှုပ် ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။

Source- May Myint Mo’s fb account

Add a Comment

Your email address will not be published.