အစိုးရကိုကန႔္လန႔္တိုက္တာမဟုတ္ဘဲ ေ႐ႊတိဂုံဘုရားဝင္ဖူးျခင္းသာျဖစ္ဟု YMBA ဗဟိုမွ ေျပာဆို

YMBA အသင္းႀကီးအား ၁၉၀၆ ခုႏွစ္ကစတင္တည္ေထာင္ခဲ့ၿပီး လာမည့္ ၾသဂုတ္လ ၆ ရက္တြင္လည္း အျခားၿမိဳ႕နယ္မ်ားတြင္ ႐ုံခြဲမ်ား ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ပန္းပဲတန္း႐ုံဖြင့္ပြဲကေနအျပန္မွာ အစီအစဥ္မရွိပဲ လမ္းေၾကာင့္ သင့္ေတာ့ဘရားဝင္ဖူး ရင္းေခါင္းေပါင္းမခြၽတ္ခဲ့ဘူး၊ဒီပုံေတြကို လူပုဂိုလ္စြဲ၊ သံဃာစြဲ၊ ပါတီစြဲေၾကာင့္လားမသိ။

ေဝဖန္ၾကတာပဲထင္တယ္”ဟု ဘုရားဖူးရာတြင္ေခါင္းေပါင္းမခြၽတ္သည့္ အတြက္ေဝဖန္မႈမ်ားျမင့္တက္ေနမႈအေပၚ YMBA အသင္းႀကီး ဗဟိုစည္း႐ုံးေရးမႉး၊ ရန္ကုန္တိုင္းအတြင္းေရးမႉး ဦးတင္ေအာင္ဆန္းက ရွင္းျပသည္။ဝါဆိုလျပည့္ ဓမၼစၾကၤာ အခါေတာ္ေန႔၌YMBA ဗဟိုမွ ေ႐ႊတိဂုံေစတီေတာ္ႀကီးအား ဖူးေျမာ္ျခင္းမွာအစိုးရကိုကန႔္လန႔္တိုက္တာမဟုတ္ဘုရားဝင္ဖူးတာသာျဖစ္ဟု ေျပာဆိုလိုက္သည္။

ဝါဆိုလျပည့္ ဓမၼစၾကၤာ အခါေတာ္ေန႔၌YMBA ဗဟိုမွ ေ႐ႊတိဂုံေစတီေတာ္ႀကီးအား ဖူးေျမာ္ျခင္းမွာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဝဖန္ မႈ ျမင့္တက္ေနျခင္းေၾကာင့္ ၎ကယင္းကဲ့သို႔ ေျပာဆိုလိုက္ျခင္းျဖစ္သည္။အစိုးရကိုကန႔္လန႔္တိုက္တာမဟုတ္ဘူး၊ ရည္႐ြယ္ခ်က္မရွိဘူး၊ ဘုရားဝင္ဖူးတာသာျဖစ္တယ္၊

အဓိကက ဘာသာေရးအသင္းအဖြဲ႕ျဖစ္တာနဲ႔အညီ YMBA အသင္းႀကီးကေနၿမိဳ႕နယ္အလိုက္ ႐ုံးေတြလိုက္ဖြင့္တဲ့အခါအခါ မေန႔က ပန္းပဲတန္းမွာ ႐ုံးဖြင့္ပြဲအၿပီး အခါႀကီး ရက္ႀကီးျဖစ္တဲ့အတြက္ ေ႐ြတိဂုံဘုရားကိုဦးခိုက္တဲ့သေဘာပဲ၊ က်န္တဲ့အေၾကာင္းတရားေတြ မပါဘူး”၎ကေျပာသည္။

REF: THE FIFTH WAVE NEWS

UNICODE

YMBA အသင်းကြီးအား ၁၉၀၆ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး လာမည့် သြဂုတ်လ ၆ ရက်တွင်လည်း အခြားမြို့နယ်များတွင် ရုံခွဲများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပန်းပဲတန်းရုံဖွင့်ပွဲကနေအပြန်မှာ အစီအစဉ်မရှိပဲ လမ်းကြောင့် သင့်တော့ဘရားဝင်ဖူး ရင်းခေါင်းပေါင်းမချွတ်ခဲ့ဘူး၊ဒီပုံတွေကို လူပုဂိုလ်စွဲ၊ သံဃာစွဲ၊ ပါတီစွဲကြောင့်လားမသိ။

ဝေဖန်ကြတာပဲထင်တယ်”ဟု ဘုရားဖူးရာတွင်ခေါင်းပေါင်းမချွတ်သည့် အတွက်ဝေဖန်မှုများမြင့်တက်နေမှုအပေါ် YMBA အသင်းကြီး ဗဟိုစည်းရုံးရေးမှူး၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးတင်အောင်ဆန်းက ရှင်းပြသည်။ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့၌YMBA ဗဟိုမှ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခြင်းမှာအစိုးရကိုကန့်လန့်တိုက်တာမဟုတ်ဘုရားဝင်ဖူးတာသာဖြစ်ဟု ပြောဆိုလိုက်သည်။

ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့၌YMBA ဗဟိုမှ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခြင်းမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန် မှု မြင့်တက်နေခြင်းကြောင့် ၎င်းကယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။အစိုးရကိုကန့်လန့်တိုက်တာမဟုတ်ဘူး၊ ရည်ရွယ်ချက်မရှိဘူး၊ ဘုရားဝင်ဖူးတာသာဖြစ်တယ်၊

အဓိကက ဘာသာရေးအသင်းအဖွဲ့ဖြစ်တာနဲ့အညီ YMBA အသင်းကြီးကနေမြို့နယ်အလိုက် ရုံးတွေလိုက်ဖွင့်တဲ့အခါအခါ မနေ့က ပန်းပဲတန်းမှာ ရုံးဖွင့်ပွဲအပြီး အခါကြီး ရက်ကြီးဖြစ်တဲ့အတွက် ရွေတိဂုံဘုရားကိုဦးခိုက်တဲ့သဘောပဲ၊ ကျန်တဲ့အကြောင်းတရားတွေ မပါဘူး”၎င်းကပြောသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published.