မယုံၾကည္ႏိုင္စရာေကာင္းလြန္းလွတဲ့ အခ်က္မ်ားကို ပိုင္ဆိုင္ထားသည့္ ႐ုရွားသမၼတပူတင္

ကမာၻ႔ထိပ္တန္းေခါင္းေဆာင္ ႐ုရွသမၼတ ပူတင္ဟာ ငယ္စဥ္တည္းက ကိုယ္လုံပညာကို ကြၽမ္းက်င္စြာ တတ္ေျမာက္ထားသူ လည္း ျဖစ္ပါ တယ္။ အထူးသျဖင့္ ဂ်ဴဒို အားကစားမွာ အထူးကြၽမ္းက်င္ၿပီး အသက္ ( ၁၈ ) ႏွစ္အ႐ြယ္မွာတင္ ခါးပတ္နက္ ရရွိခဲ့တာပါ ။ ဒါ့အျပင္ ယေန႔ အခ်ိန္အထိ အခ်ိန္အားတဲ့အခါတိုင္း ႐ုရွား ကိုယ္လုံပညာရပ္တစ္ခုျဖစ္တဲ့ Sambo ကို ေလ့က်င့္လ်က္ ရွိပါေသးတယ္တဲ့။၂၀၀၈ ခုႏွစ္တုန္း က သမၼတ ပူတင္ဟာ TV အစီအစဥ္ တစ္ခုရဲ႕ ႐ိုက္ကူးေရး အဖြဲ႕သားေတြကို က်ားတစ္ေကာင္ရဲ႕ တိုက္ခိုက္မႈကေန ကာကြယ္ခဲ့ ေပးဖူးပါ တယ္ ။ ျဖစ္ပုံကေတာ့ ဆားဘီးယား က်ားေတြရဲ႕ ေနထိုင္က်က္စားပုံကို ေလ့လာ႐ိုက္ကူးေနစဥ္။

႐ုတ္တရက္ က်ားတစ္ေကာင္က အဖြဲ႕သားေတြကို တိုက္ခိုက္လာတာပါ ။ ဒီအခ်ိန္မွာပဲ သမၼတ ပူတင္ဟာ ေမ့ေဆးေသနတ္နဲ႔ ျမန္ျမန္ ပစ္ လိုက္လို႔သာ ႐ိုက္ကူးေရး အဖြဲ႕သားေတြ ခမ်ာ အသက္ရႈေခ်ာင္သြားခဲ့ရပါတယ္ ။လူသိနည္းလွတဲ့ အခ်က္တစ္ခုကေတာ့ သမၼတ ပူတင္မွာ Mariya Putina နဲ႔ Tekaterina Putina ဆိုတဲ့ သမီး ( ၂ ) ေယာက္ရွိတယ္ဆိုတာပါပဲ ။ သူမတို႔ဟာ လူထုေရွ႕ သိပ္ထြက္ျပေလ့မရွိပဲ သူတို႔ အေၾကာင္းကိုလည္း ႐ုရွားမီဒီယာ ေဖာ္ျပထားတာလည္း မ်ားမ်ားစားစား မရွိပါဘူး ။ သမီး ( ၂ ) ေယာက္စလုံးဟာ ဘြဲ႕ရထားၿပီး မတူညီတဲ့ နာမည္ေတြနဲ႔ သိုသိုသိပ္သိပ္ ေနေလ့ရွိၿပီး သမၼတ ပူတင္ကိုယ္တိုင္ကလည္း သူ႔သမီးေတြ အေၾကာင္း ေျပာေလ့ေျပာထ မရွိပါဘူး ။

႐ုရွားသမၼတ ပူတင္ဟာ တရားဝင္ေလယာဥ္ေမာင္း လိုင္စင္ကို ရထားသူတစ္ဦးျဖစ္ၿပီး တစ္ခါတုန္းကဆိုရင္ ေတာမီးေလာင္တဲ့ ေနရာကို ေဝဟင္ကေန ၿငိမ္းသတ္ရတဲ့အခါ အကူ ေလယာဥ္ ပိုင္းေလာ့ေနရာကေန ပါဝင္ခဲ့ပါေသးတယ္ ။ ထြက္ေပၚတဲ့ သတင္းမ်ားအရ သမၼတ ပူ တင္ဟာ သူ႔ကိုယ္ပိုင္ ဟယ္လီေကာ္ပတာ အစင္းေပါင္း ( ၁၅ ) စင္းကို ပိုင္ဆိုင္ထားၿပီး သူမၾကာခဏ အသုံးျပဳတဲ့ ေလယာဥ္အစင္းေပါင္း ကလည္း ( ၅၈ ) စင္းေတာင္ရွိပါတယ္။ေနာက္ထပ္ထူးျခားတဲ့ အခ်က္ကေတာ့ သမၼတ ပူတင္ဟာ ႏိုင္ငံေရးနယ္ပယ္မွာတင္ မဟုတ္ပဲ အ မ်ိဳးသမီးေတြၾကားမွာပါ ေရပန္းစားတဲ့ သူတစ္ဦးပါ ။ အေၾကာင္းကေတာ့ သူရဲ႕ ပြင့္ပြင့္လင္းလင္း ေျပာတတ္တဲ့ ပုံစံေတြေၾကာင့္ပါတဲ့ ။

ဒါ့အျပင္ သမၼတ ပူတင္ဟာ သူ သမၼတမျဖစ္ခင္ အခ်ိန္တုန္းက KGB လို႔ေခၚတဲ့ ႐ုရွားေထာက္လွမ္းေရးမွာ စပိုင္အျဖစ္ ေဆာင္႐ြက္ခဲ့ပါ ေသးတယ္ ။ စတင္ လုပ္ကိုင္ခဲ့တုန္းက KGB ရဲ႕ ေအးဂ်င့္အျဖစ္ လုပ္ခဲ့ၿပီး ၁၉၇၅ ခုႏွစ္ကေန ၁၉၉၁ ခုႏွစ္အထိ အေရွ႕ ဂ်ာမနီမွာ လူသစ္ စုေဆာင္းေပးသူ အျဖစ္ လႈပ္ရွားခဲ့ပါတယ္ ။ ၁၉၉၁ ခုႏွစ္မွာေတာ့ ပူတင္ဟာ ေအဂ်င္စီရဲ႕ ဒုတိယ ဗိုလ္မႈးႀကီးရာထူးကေန ႏႈတ္ထြက္ခဲ့ပါ တယ္။ေနာက္တစ္ခုကေတာ့ ထြက္ေပၚေနတဲ့ သတင္းမ်ားအရ သမၼတ ပူတင္ရဲ႕ ခ်မ္းသာႂကြယ္၀မႈဟာ ဘီလီယံေပါင္း ၄၆ ဘီလီယံအထိ ေတာင္ ခ်မ္းသာပါတယ္တဲ့ ။ ဒါေပမယ့္ ပူတင္ဟာ သူ႔ရဲ႕ ခ်မ္းသာႂကြယ္၀မႈေတြကို‌ တရားဝင္ ထုတ္ျပထားတာေတာ့ မရွိပါဘူး ။

ဒါ့အျပင္ သူပိုင္ဆိုင္သမွ်ထဲက အႀကီးက်ယ္ဆုံး ပိုင္ဆိုင္မႈကတာ့ ပူတင္ လို႔အမည္ရတဲ့ နန္းေတာ္ ျဖစ္ၿပီး ပင္လယ္နက္နားက Prasko veevka ႐ြာမွာ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ဒီနန္းေတာ္ကို တည္ေဆာက္ခဲ့တဲ့ ကုန္က်စရိတ္ကေတာ့ ေပါင္ ၇၅၀ မီလီလ်ံေက်ာ္ အသုံးျပဳခဲ့ရတယ္လို႔ သိရပါတယ္။အခုေဖာ္ျပေပးထားတာေတြကေတာ့ ႐ုရွားႏိုင္ငံက သမၼတ ပူတင္ရဲ႕ လူသိပ္မသိေသးတဲ့ အေၾကာင္းအ ရာတစ္ခ်ိဳ႕ကို ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းေတြမွာလည္း အခုလို ဗဟုသုတ ရမယ့္ အေၾကာင္းအရာေတြကို ရွာေဖြ တင္ ဆက္ေပးမွာမို႔လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦးေနာ္……

credit – Shwe Khit Online TV

UNICODE

ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ရုရှသမ္မတ ပူတင်ဟာ ငယ်စဉ်တည်းက ကိုယ်လုံပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ လည်း ဖြစ်ပါ တယ်။ အထူးသဖြင့် ဂျူဒို အားကစားမှာ အထူးကျွမ်းကျင်ပြီး အသက် ( ၁၈ ) နှစ်အရွယ်မှာတင် ခါးပတ်နက် ရရှိခဲ့တာပါ ။ ဒါ့အပြင် ယနေ့ အချိန်အထိ အချိန်အားတဲ့အခါတိုင်း ရုရှား ကိုယ်လုံပညာရပ်တစ်ခုဖြစ်တဲ့ Sambo ကို လေ့ကျင့်လျက် ရှိပါသေးတယ်တဲ့။၂၀၀၈ ခုနှစ်တုန်း က သမ္မတ ပူတင်ဟာ TV အစီအစဉ် တစ်ခုရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေကို ကျားတစ်ကောင်ရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ခဲ့ ပေးဖူးပါ တယ် ။ ဖြစ်ပုံကတော့ ဆားဘီးယား ကျားတွေရဲ့ နေထိုင်ကျက်စားပုံကို လေ့လာရိုက်ကူးနေစဉ်။

ရုတ်တရက် ကျားတစ်ကောင်က အဖွဲ့သားတွေကို တိုက်ခိုက်လာတာပါ ။ ဒီအချိန်မှာပဲ သမ္မတ ပူတင်ဟာ မေ့ဆေးသေနတ်နဲ့ မြန်မြန် ပစ် လိုက်လို့သာ ရိုက်ကူးရေး အဖွဲ့သားတွေ ခမျာ အသက်ရှုချောင်သွားခဲ့ရပါတယ် ။လူသိနည်းလှတဲ့ အချက်တစ်ခုကတော့ သမ္မတ ပူတင်မှာ Mariya Putina နဲ့ Tekaterina Putina ဆိုတဲ့ သမီး ( ၂ ) ယောက်ရှိတယ်ဆိုတာပါပဲ ။ သူမတို့ဟာ လူထုရှေ့ သိပ်ထွက်ပြလေ့မရှိပဲ သူတို့ အကြောင်းကိုလည်း ရုရှားမီဒီယာ ဖော်ပြထားတာလည်း များများစားစား မရှိပါဘူး ။ သမီး ( ၂ ) ယောက်စလုံးဟာ ဘွဲ့ရထားပြီး မတူညီတဲ့ နာမည်တွေနဲ့ သိုသိုသိပ်သိပ် နေလေ့ရှိပြီး သမ္မတ ပူတင်ကိုယ်တိုင်ကလည်း သူ့သမီးတွေ အကြောင်း ပြောလေ့ပြောထ မရှိပါဘူး ။

ရုရှားသမ္မတ ပူတင်ဟာ တရားဝင်လေယာဉ်မောင်း လိုင်စင်ကို ရထားသူတစ်ဦးဖြစ်ပြီး တစ်ခါတုန်းကဆိုရင် တောမီးလောင်တဲ့ နေရာကို ဝေဟင်ကနေ ငြိမ်းသတ်ရတဲ့အခါ အကူ လေယာဉ် ပိုင်းလော့နေရာကနေ ပါဝင်ခဲ့ပါသေးတယ် ။ ထွက်ပေါ်တဲ့ သတင်းများအရ သမ္မတ ပူ တင်ဟာ သူ့ကိုယ်ပိုင် ဟယ်လီကော်ပတာ အစင်းပေါင်း ( ၁၅ ) စင်းကို ပိုင်ဆိုင်ထားပြီး သူမကြာခဏ အသုံးပြုတဲ့ လေယာဉ်အစင်းပေါင်း ကလည်း ( ၅၈ ) စင်းတောင်ရှိပါတယ်။နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ သမ္မတ ပူတင်ဟာ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပဲ အ မျိုးသမီးတွေကြားမှာပါ ရေပန်းစားတဲ့ သူတစ်ဦးပါ ။ အကြောင်းကတော့ သူရဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ပုံစံတွေကြောင့်ပါတဲ့ ။

ဒါ့အပြင် သမ္မတ ပူတင်ဟာ သူ သမ္မတမဖြစ်ခင် အချိန်တုန်းက KGB လို့ခေါ်တဲ့ ရုရှားထောက်လှမ်းရေးမှာ စပိုင်အဖြစ် ဆောင်ရွက်ခဲ့ပါ သေးတယ် ။ စတင် လုပ်ကိုင်ခဲ့တုန်းက KGB ရဲ့ အေးဂျင့်အဖြစ် လုပ်ခဲ့ပြီး ၁၉၇၅ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ အရှေ့ ဂျာမနီမှာ လူသစ် စုဆောင်းပေးသူ အဖြစ် လှုပ်ရှားခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာတော့ ပူတင်ဟာ အေဂျင်စီရဲ့ ဒုတိယ ဗိုလ်မှုးကြီးရာထူးကနေ နှုတ်ထွက်ခဲ့ပါ တယ်။နောက်တစ်ခုကတော့ ထွက်ပေါ်နေတဲ့ သတင်းများအရ သမ္မတ ပူတင်ရဲ့ ချမ်းသာကြွယ်၀မှုဟာ ဘီလီယံပေါင်း ၄၆ ဘီလီယံအထိ တောင် ချမ်းသာပါတယ်တဲ့ ။ ဒါပေမယ့် ပူတင်ဟာ သူ့ရဲ့ ချမ်းသာကြွယ်၀မှုတွေကို‌ တရားဝင် ထုတ်ပြထားတာတော့ မရှိပါဘူး ။

ဒါ့အပြင် သူပိုင်ဆိုင်သမျှထဲက အကြီးကျယ်ဆုံး ပိုင်ဆိုင်မှုကတာ့ ပူတင် လို့အမည်ရတဲ့ နန်းတော် ဖြစ်ပြီး ပင်လယ်နက်နားက Prasko veevka ရွာမှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီနန်းတော်ကို တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကတော့ ပေါင် ၇၅၀ မီလီလျံကျော် အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။အခုဖော်ပြပေးထားတာတွေကတော့ ရုရှားနိုင်ငံက သမ္မတ ပူတင်ရဲ့ လူသိပ်မသိသေးတဲ့ အကြောင်းအ ရာတစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတ ရမယ့် အကြောင်းအရာတွေကို ရှာဖွေ တင် ဆက်ပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်……

credit –  Shwe  Khit  Online TV

Add a Comment

Your email address will not be published.