ယုန္ေလးရဲ႕MV ကိစၥနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးမွာ ျမင့္ျမတ္နဲ႔ အႏုပညာရွင္မ်ား လာေရာက္ရွင္းျပ(႐ုပ္သံ)

ငါတို႔အားလုံးရဲ႕ေျမ’ Music Video ႐ိုက္ကူးရန္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးသို႔ တင္ျပ ထားျခင္းမရွိသလို ဇာတ္လမ္း ဇာတ္ကြက္ျဖင့္ ႐ိုက္ကူးထား ေသာ္လည္း ႐ုပ္ရွင္ဆင္ဆာအဖြဲ႕ သို႔ တင္ျပထားျခင္းမရွိေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးညီ ညီထြန္းလြင္က ေျဖၾကား ထားသည္။ သူကပညာေပးလည္း မ ဟုတ္ဘူး။ အစည္းအ႐ုံးအေနနဲ႔ လည္း ဒီကိစၥကို တစ္ခုခုေဆာင္ ႐ြက္သြားဖို႔ရွိပါတယ္’’ဟု ဦးညီညီ ထြန္းလြင္က ေျဖၾကားသည္။

ယင္းVideo ကို ေတးေရး၊ ေတးဆို၊ ဇာတ္လမ္း၊ ဒါ႐ိုက္တာအျဖစ္ ယုန္ေလးက တာဝန္ယူ ႐ိုက္ကူးထားျခင္း ျဖစ္ ၿပီး တစ္စုံတစ္ခုျဖစ္ပါက ၎တစ္ဦး တည္းျဖင့္သာ သက္ဆိုင္ေၾကာင္း ယုန္ေလးက ေၾကညာ ထားသည္။Music Video တြင္ အ ဆိုေတာ္မ်ားပါဝင္သည့္ ဇာတ္ဝင္ ခန္းကို ဇူလိုင္ ၂၀ရက္က ေတာင္ ဥကၠလာပၿမိဳ႕နယ္ ေဝဇယႏၲာ လမ္းရွိ Trans porter Bar ၌ ႐ိုက္ ကူးခဲ့ျခင္းျဖစ္ၿပီး ယင္းသီခ်င္းတြင္ ပါဝင္ သီဆိုထားသည့္ အဆိုေတာ္ အားလုံး ယင္း႐ိုက္ကြင္းတြင္ပါဝင္ ခဲ့သည္။

ယင္း Music Video ႏွင့္ ပတ္သက္၍ အဆိုေတာ္ ေဆာင္း ဦးလႈိင္ ကလည္း ‘‘အခုသူတို႔ Music Video မွာ လူေပါင္းမ်ားစြာ စု႐ိုက္ထားတာ သက္ ေသရွိေနၿပီ ပဲ။ တရားစြဲပါ။ COVID လူမစုရ အမိန႔္ကို ခ်ိဳးေဖာက္ ၿပီး အမ်ားစိတ္ထိခိုက္ နစ္နာ ေစေအာင္ ႐ိုက္ကူး လႊင့္ ထုတ္ၾက တာျဖစ္ တယ္။ ဘုမသိ ဘမသိ ဝင္ပါခဲ့တဲ့လူေတြကို ဖယ္ ၿပီး က်န္တဲ့သူအားလုံးကို တရားစြဲပါ’’ဟု ၎၏ ေဖ့စ္ဘြတ္ခ္ ၌ေရးသားထား သည္။႐ုပ္ရွင္၊ ဗီဒီယို၊ ဇာတ္လမ္း တြဲမ်ား ႐ိုက္ကူးျခင္းကို ဇူလိုင္ ၂၇ ရက္တြင္ က်န္းမာေရးဝန္ႀကီးဌာနက ျပန္လည္ခြင့္ ျပဳခဲ့သည္။

႐ိုက္ကူးေရးမျပဳ လုပ္မီ တစ္ပတ္ႀကိဳတင္၍ ႐ုပ္ရွင္ အစည္းအ႐ုံးႏွင့္ ႐ုပ္ရွင္ျမႇင့္တင္ ေရးဌာနသို႔ ခြင့္ျပဳခ်က္တင္ရန္ ၫႊန္ၾကားထား သည္။ ငါတို႔အားလုံးရဲ႕ေျမ’’ Music Video ႐ိုက္ကူးေရးႏွင့္ပတ္သက္၍ ႐ုပ္ရွင္အစည္းအ႐ုံးႏွင့္ ပူးေပါင္းၿပီး စိစစ္မႈမ်ားျပဳလုပ္ကာ က်န္းမာ ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ား လိုက္နာရန္ပ်က္ကြက္ပါက သက္ဆိုင္ရာဌာနမ်ားက ဥပေဒအရ အေရး ယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ေခတၱၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးႂကြယ္ကေျပာသည္။

ငါတို႔အားလုံးရဲ႕ေျမ”သီခ်င္း MVနဲ႔ပတ္သတ္ၿပီး သူငယ္ခ်င္းျဖစ္သူ ယုန္ေလးအတြက္ ႐ုပ္ရွင္အစည္းအ႐ုံးမွာ လာေရာက္ရွင္းျပေပးခဲ့တဲ့ သ႐ုပ္ေဆာင္ ျမင့္ျမတ္၊သားညီ၊ ထူးျခား၊နဲ႔kညီတို႔ရဲ႕ ပုံရိပ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

REF: CeleNews

UNICODE

ငါတို့အားလုံးရဲ့မြေ’ Music Video ရိုက်ကူးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ တင်ပြ ထားခြင်းမရှိသလို ဇာတ်လမ်း ဇာတ်ကွက်ဖြင့် ရိုက်ကူးထား သော်လည်း ရုပ်ရှင်ဆင်ဆာအဖွဲ့ သို့ တင်ပြထားခြင်းမရှိကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီ ညီထွန်းလွင်က ဖြေကြား ထားသည်။ သူကပညာပေးလည်း မ ဟုတ်ဘူး။ အစည်းအရုံးအနေနဲ့ လည်း ဒီကိစ္စကို တစ်ခုခုဆောင် ရွက်သွားဖို့ရှိပါတယ်’’ဟု ဦးညီညီ ထွန်းလွင်က ဖြေကြားသည်။

ယင်းVideo ကို တေးရေး၊ တေးဆို၊ ဇာတ်လမ်း၊ ဒါရိုက်တာအဖြစ် ယုန်လေးက တာဝန်ယူ ရိုက်ကူးထားခြင်း ဖြစ် ပြီး တစ်စုံတစ်ခုဖြစ်ပါက ၎င်းတစ်ဦး တည်းဖြင့်သာ သက်ဆိုင်ကြောင်း ယုန်လေးက ကြေညာ ထားသည်။Music Video တွင် အ ဆိုတော်များပါဝင်သည့် ဇာတ်ဝင် ခန်းကို ဇူလိုင် ၂၀ရက်က တောင် ဥက္ကလာပမြို့နယ် ဝေဇယန္တာ လမ်းရှိ Trans porter Bar ၌ ရိုက် ကူးခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းတွင် ပါဝင် သီဆိုထားသည့် အဆိုတော် အားလုံး ယင်းရိုက်ကွင်းတွင်ပါဝင် ခဲ့သည်။

ယင်း Music Video နှင့် ပတ်သက်၍ အဆိုတော် ဆောင်း ဦးလှိုင် ကလည်း ‘‘အခုသူတို့ Music Video မှာ လူပေါင်းများစွာ စုရိုက်ထားတာ သက် သေရှိနေပြီ ပဲ။ တရားစွဲပါ။ COVID လူမစုရ အမိန့်ကို ချိုးဖောက် ပြီး အများစိတ်ထိခိုက် နစ်နာ စေအောင် ရိုက်ကူး လွှင့် ထုတ်ကြ တာဖြစ် တယ်။ ဘုမသိ ဘမသိ ဝင်ပါခဲ့တဲ့လူတွေကို ဖယ် ပြီး ကျန်တဲ့သူအားလုံးကို တရားစွဲပါ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် ၌ရေးသားထား သည်။ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်း တွဲများ ရိုက်ကူးခြင်းကို ဇူလိုင် ၂၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ခွင့် ပြုခဲ့သည်။

ရိုက်ကူးရေးမပြု လုပ်မီ တစ်ပတ်ကြိုတင်၍ ရုပ်ရှင် အစည်းအရုံးနှင့် ရုပ်ရှင်မြှင့်တင် ရေးဌာနသို့ ခွင့်ပြုချက်တင်ရန် ညွှန်ကြားထား သည်။ ငါတို့အားလုံးရဲ့မြေ’’ Music Video ရိုက်ကူးရေးနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးနှင့် ပူးပေါင်းပြီး စိစစ်မှုများပြုလုပ်ကာ ကျန်းမာ ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ လိုက်နာရန်ပျက်ကွက်ပါက သက်ဆိုင်ရာဌာနများက ဥပဒေအရ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်ကပြောသည်။

ငါတို့အားလုံးရဲ့မြေ”သီချင်း MVနဲ့ပတ်သတ်ပြီး သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ရှင်းပြပေးခဲ့တဲ့ သရုပ်ဆောင် မြင့်မြတ်၊သားညီ၊ ထူးခြား၊နဲ့kညီတို့ရဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

REF:   CeleNews

Add a Comment

Your email address will not be published.