စိတ်ဝင်စားမှုမြင့်တက်နေ သည့် သီဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက် လိုဏ်ခေါင်းနှင့် ပတ်သက်၍ စမ်းသပ်တွေ့ရှိချက်
REF: ပြည်မြန်မာ
UNICODE
ဒီကနေ့မနက်ကျွန်တော်တို့စမ်းသပ်ကြည့်တာကတော့ ဘုရားရေသပ္ပာယ်တဲ့ရေတွေကအဲလိုဏ်ခေါင်း ထဲကို ရောက်သွားတယ်ဗျ၊ တန်းခူး လဆိုရင် ရေသွန်းကန်ကနေအပေါ်တက်ပြီး ရေလောင်းကြတယ်၊အဲ မှာရေပိုက်က တစ်ဆင့် နတ်ရုပ်တွေရဲ့ လက်ကိုရေကရောက်ပြီး ဘုရား ကိုရေသွန်းလောင်းပူဇော်တာ နောက် ဆုံးရေကလိုဏ်ခေါင်းရှိရာကိုသွားတာကိုဒီနေ့စမ်းသပ်ကြည့်တာတွေ့ရှိရတယ်၊
အရင်ကတော့ ရေတွေ‌ေမြကြီးထဲစိမ့်ဝင်သွား တယ်ထင်ခဲ့တာပါ”ဟု၎င်းကဆိုသည်။ယခုတွေ့ရှိထားသည့် လိုဏ်ခေါင်းအပေါ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လိုဏ် ခေါင်းဖြစ်တည်မှုနှင့် နှစ်ကာလကြာရှည်မှုအပေါ်စမ်းသပ်ရန်ရှိနေခြင်းကြောင့် ၎င်း လိုဏ်ခေါင်းကို ဝင်ခွင့်နှင့် စမ်းသပ်ခြင်းများမလုပ်ရန်တားမြစ်ထားကြောင်းလည်းသိရသည်။
ပြည် တွင်း ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားများကပါ စိတ်ဝင်းစားမှုရှိနေသည့် မကွေးတိုင်း ဒေသ ကြီး၊ ပခုက္ကူမြို့၏ကျက်သရေဆောင် သီဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက်လိုဏ်ခေါင်း ကိုဂေါပ ကအဖွဲ့က စမ်းသပ်အဖြေရှာသည့်လုပ်ငန်းတစ်ခုကို ပြုလုပ်ဆောင်ခဲ့ ကြောင်း ဘုရားဂေါပက အဖွဲ့က သိရသည်။
စည် ပင်ရေမြောင်းတူးရာ ပေါ်ထွက်လာခဲ့သည် အဆိုပါလိုဏ်ခေါင်းနှင့်ပက်သက်၍ ထင်မြင်ယူဆချက် အသီးသီးအပေါ် ၎င်းတို့အနေဖြင့် ဘုရားများရေသပ္ပာယ်ရာတွင်တစ်နေရာတည်း ရေများ စုစည်းစွန့်ပစ် ရေကျ ဆင်းသည့် လိုဏ်ခေါင်းဟုတ်မဟုတ် သြဂုတ်လ ၆ရက်(ယ နေ့)တွင် လက် တွေ့စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်းဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူးဦးလှဝင်းနိုင်ကပြောသည်။
REF:   ပြည်မြန်မာ
Add a Comment
Your email address will not be published.