(ကာ/လုံ)သည္ ႏိုင္ငံေတာ္၏ အသက္ဝိဉာဥ္ျဖစ္ၿပီး အစည္းအေဝး မေခၚဘဲ ဆုံးျဖတ္ေနျခင္းက အႏၲရာယ္ႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ

ကမာၻ႔ႏိုင္ငံေတြအားလုံးေလာက္နီးပါးမွာ ဒီ “ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ” ကို ဒီနာမည္နဲ႔ပဲျဖစ္ျဖစ္၊ အျခားနာမည္နဲ႔ပဲျဖစ္ျဖစ္ တစ္ နည္းနည္းနဲ႔ ဖြဲ႕စည္းလုပ္ကိုင္ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးကိစၥေတြဟာ ႏိုင္ငံတစ္ခုရဲ႕ အသက္ ဝိညာဥ္ေတြပဲ ျဖစ္ပါတယ္။ အသက္ဝိညာဥ္မရွိတဲ့လူကို လူလို႔ဆက္ၿပီးေခၚလို႔ရဦးမလား။ ဒီေလာက္အထိ အေရးႀကီးပါတယ္။ ကြၽန္ေတာ္ မၾကာခဏေျပာခဲ့သလိုပါပဲ။ ဒီကိစၥေတြမွာ Sorry ဆိုတာမရွိပါဘူး။ Sorry ဆိုရင္ ႏိုင္ငံရဲ႕အခ်ဳပ္အျခာ အာဏာဆုံးရႈံးၿပီးျဖစ္ေနပါလိမ့္မယ္။

ဒါေတြကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ၊ ညႇိႏႈိင္းမႈေတြ၊ သုံးသပ္မႈေတြမလုပ္ဘဲ၊ တစ္ဦးတည္းက ဆုံးျဖတ္ေနတာ အႏၲရာယ္သိပ္ႀကီးပါတယ္။ ထိေရာက္တဲ့၊ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္၊ လုပ္ေဆာင္ခ်က္ေတြျဖစ္ဖို႔အလြန္ အလွမ္းေဝးလွ ပါ တယ္။ ဒီအစည္းအေဝးေတြေခၚယူျခင္း၊ မေခၚယူျခင္းဟာ တာဝန္ရွိသူေတြရဲ႕အပိုင္းသာျဖစ္ၿပီး ကြၽန္ေတာ္တို႔က မိ မိႏိုင္ငံ၊ မိမိလူမ်ိဳးရဲ႕ ကာကြယ္ေရးနဲ႔လုံၿခဳံေရးကိစၥေတြကို က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားလုပ္ေဆာင္ေနပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာဆိုသြားသည္။

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ(ကာ/လုံ)သည္ ႏိုင္ငံေတာ္၏ အသက္ဝိဉာဥ္ျဖစ္ၿပီး ကာ/လုံ အစည္းအေဝး မေခၚဘဲ တစ္ဦး တစ္ေယာက္ တည္း ဆုံးျဖတ္ေနျခင္းက အႏၲရာယ္ႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုလိုက္သည္။ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ Politic မဂၢဇင္းတို႔၏ ေမးျမန္းခန္းတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အထက္ပါအတိုင္းေျပာဆိုျခင္းျဖစ္သည္။ အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို ႏိုင္ငံေတာ္စီမံခန႔္ခြဲေရးအတြက္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ထည့္သြင္းေရးဆြဲထားပါတယ္။

အဆိုပါေကာင္စီရဲ႕အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။ အခ်ိဳ႕ေသာ ကိစၥရပ္ေတြဟာ အဆိုပါေကာင္စီမွာ ေဆြးေႏြးရမယ့္ ကိစၥရပ္ေတြျဖစ္ေန ေပမယ့္ ေကာင္စီမွာေဆြးေႏြးတာနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မၾကားမိေသးဘူး။ အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီအစည္း အေဝးေတြ လိုအပ္တယ္လို႔အေဆြေတာ္ ထင္ပါသလား။ အေျခအေနေတြ တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ေရးနဲ႔ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ ေရးေတြအေထာက္အကူျဖစ္ေစႏိုင္တယ္လို႔ ထင္ပါသလား ဟု ေမးျမန္းခဲ့မႈတြင္ ၎က ယင္းသို႔ ျပန္လည္ ေျဖၾကားျခင္းျဖစ္သည္။

REF: SHWE WIKI

UNICODE

ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ် နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက် ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော် မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။

ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါ တယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာ တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိ မိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုသွားသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)သည် နိုင်ငံတော်၏ အသက်ဝိဉာဉ်ဖြစ်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ဘဲ တစ်ဦး တစ်ယောက် တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်စီမံခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

အဆိုပါကောင်စီရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ အဆိုပါကောင်စီမှာ ဆွေးနွေးရမယ့် ကိစ္စရပ်တွေဖြစ်နေ ပေမယ့် ကောင်စီမှာဆွေးနွေးတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်း အဝေးတွေ လိုအပ်တယ်လို့အဆွေတော် ထင်ပါသလား။ အခြေအနေတွေ တည်ငြိမ်အောင် ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက် ရေးတွေအထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား ဟု မေးမြန်းခဲ့မှုတွင် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published.