REF: MINISTRY OF HEALTH
UNICODE
(၁၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19 ရောဂါပိုးရှိသူ မတွေ့ကြောင်း သတင်းထုတ်ပြန်
(၁၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန် ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်)ဓာတ်ခွဲနမူနာ (၁,၂၁၇)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၄)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၇၈)ခုနှင့်
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)(PHL-MLM)မှ ဓာတ်ခွဲနမူနာ (၃၆၈)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၀၄၇)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။ (၁၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၆၄)ခုနှင့်
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၃၆၈)ခု၊ စုစုပေါင်း (၁,၀၃၂) ခုအား ယနေ့၊ နံနက် အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။ (၁၄-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာ ရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၁) ဦးရှိပါသည်။
REF: MINISTRY OF HEALTH