ချစ်သူလေး အတွက် မွေးနေ့ ဆုတောင်းကာ အမျိုးသား ပရိတ်သတ်ကြီးကို အ‌ကြီးအကျယ် အသည်းခွဲပလိုက်တဲ့ မအေးသောင်း





Source: Aye Thaung’s fb

UNICODE

ဒီကနေ့ကတော့ အမျိုးသားထုကြီး ဝမ်းနည်းတဲ့နေ့ဆိုရင်လည်း မမှားပါဘူးနော် ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းတို့ရဲ့ couple ပုံလေးကို မြင်မြင်ချင်းပဲ စိတ်ဝင်တစားဖြစ်သွားကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့ လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

ပရိသတ်တွေကို မအေးသောင်းက ဒီကနေ့မှာ တော့ ရွှေလက်တွဲ သွားမယ့်ချစ်သူလေးလေးကို အလင်းပြလိုက်ပြီ ဖြစ်ပါတယ်.. သူမရဲ့ချစ် သူလေးအတွက် Happy Birthday my lovely boss Hapoy ထိပ်စီးပြောင်းမွေးနေ့ ဆိုပြီး မွေးနေ့ဆုတောင်းရင်း ချစ်သူနှစ်ဦးရဲ့ အတွဲ ပုံလေးကို တင်လိုက်တာ ဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ.။

မအေးသောင်း ရဲ့ပိုစ့်အောက် မှာတော့ သူရဲ့ချစ်သူဖြစ်တဲ့သူက လည်းလာရောက် comment ပေး ထား ပါသေးတယ်။ ပရိသတ်တွေ ချစ် ကြတဲ့ မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ ဆယ်ကျော်သက်အရွယ် ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင် ရောက်လာခဲ့တာ အခုဆိုရင် (၃၆) နှစ်အရွယ်တောင်ရှိပြီပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက မြန်မာဆန်ပြီး နန်းဆန်ဆန်လှတာကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရပြီး အထူးသဖြင့် မောင်လေးတွေ ရဲ့ အားပေး ဝန်းရံခြင်းကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အေးဝတ်ရည်သောင်းက တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Source:  Aye Thaung’s fb

Add a Comment

Your email address will not be published.