ဂ်ပန္အစိုးရက ျမန္မာႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ (၁၈)သန္းေက်ာ္ တန္ဖိုးရွိ ေဆးဘက္ဆိုင္ရာပစၥည္းမ်ား ေထာက္ပံ့ေပးအပ္
|ဂ်ပန္ႏိုင္ငံအစိုးရအေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ သာ မက ျမန္မာႏိုင္ငံ၏ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ျမန္မာ ႏိုင္ငံသူ ႏိုင္ငံသားမ်ားအတြက္ က႑ အသီးသီးတြင္ ပံ့ပိုးကူညီမႈမ်ား ကိုပါ ဆက္လက္၍ အစြမ္းကုန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဂ်ပန္ႏိုင္ငံအစိုးရက ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအေထာက္အပံ့စီမံကိန္းအတြက္ ဝယ္ယူထားသည့္ ဂ်ပန္ ယန္း ၂ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၈ ဒသမ ၁ သန္းခန႔္)တန္ဖိုးရွိ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ားကို ေထာက္ပံ့လိုက္ေၾကာင္း သိရသည္။
အဆိုပါ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ားမွာ ICU Beds၊ Syringe pump ႏွင့္ Suction pump ၁၀စုံစီျဖစ္ၿပီး ယင္းတို႔ကို သယ္ေဆာင္ လာသည့္ေလယာဥ္သည့္ ရန္ကုန္အ ျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ ၾသဂုတ္လ ၁၅ ရက္တြင္ ပထမအႀကိမ္ ေရာက္ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဆိုင္ရာ ဂ်ပန္သံ႐ုံး၏ထုတ္ ျပန္ခ်က္အရ သိရသည္။
Source: ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံး
UNICODE
ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သာ မက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာ နိုင်ငံသူ နိုင်ငံသားများအတွက် ကဏ္ဍ အသီးသီးတွင် ပံ့ပိုးကူညီမှုများ ကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အပံ့စီမံကိန်းအတွက် ဝယ်ယူထားသည့် ဂျပန် ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ သန်းခန့်)တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို ထောက်ပံ့လိုက်ကြောင်း သိရသည်။
အဆိုပါ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများမှာ ICU Beds၊ Syringe pump နှင့် Suction pump ၁၀စုံစီဖြစ်ပြီး ယင်းတို့ကို သယ်ဆောင် လာသည့်လေယာဉ်သည့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ် သို့ သြဂုတ်လ ၁၅ ရက်တွင် ပထမအကြိမ် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၏ထုတ် ပြန်ချက်အရ သိရသည်။
Source: မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး