COVID-19ေရာဂါပိုး ရက္ (၃၀) ၾကာ မေတြ႕ခဲ့ တဲ့ ျပည္တြင္းကူးစက္ မႈ ယေန႔ ျပန္ေတြ႕ၿပီး ဘဏ္ဝန္ထမ္းတဦး ဟု သိရ

ျပည္တြင္းကူးစက္မႈသည္ ဇူလိုင္ ၁၆ရက္ညပိုင္း ထုတ္ျပန္သည့္ စာရင္းမ်ားအရ ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ လူနာနံပါတ္ ၃၃၉ကို ေနာက္ဆုံးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူ အမ်ားစုမွာ ျပည္ပျပန္မ်ားတြင္သာ ေတြ႕ရွိရျခင္းျဖစ္သည္။ ယင္းျပည္ ပျပန္မ်ားကို အစိုးရအေနျဖင့္ ထိန္းခ်ဳပ္ထားႏိုင္သည့္ အေျခအေနျဖစ္ေသာ္လည္း ျပည္တြင္း၍ က်န္းမာေရးဆိုင္ရာ သတိေပးခ်က္မ်ားကို လိုက္နာမႈ ေလ်ာ့နည္းလာ၍ က်န္းမာေရးဝန္ႀကီးဌာန အေနျဖင့္ စိုးရိမ္မႈ တစ္ဖန္ ျမင့္တက္လ်က္ရွိေနစဥ္မွာပဲ ေတြ႕ခဲ့တာပါ။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ျပည္တြင္းကူးစက္မႈ ျပန္လည္ေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။ကနဦး သတင္းမ်ားအရ လူနာအမွတ္ (၃၇၅) ဟာ ဘဏ္ဝန္ထမ္း အမ်ိဳးသမီး (၁) ဦး ျဖစ္တယ္လို႔ သိရပါတယ္။ ထပ္မံသိရွိရတဲ့ သတင္းမ်ားကို ဆက္လက္ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ (၁၆ -၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ သတင္းအရ (၁၆-၈-၂၀၂၀) ရက္ေန႔အတြက္ ကိုဗစ္ ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ စုစုေပါင္း (၆၃၄) ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ ကိုဗစ္ ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာသစ္ (၁) ဦး ေတြ႕ရွိရပါသည္။

(၁၆-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီအထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၃၇၅) ဦး ရွိပါသည္။ ဓာတ္ခြဲအ တည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၅) ဦး ရွိသျဖင့္ ယေန႔အထိ ကိုဗစ္ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၃၂၉) ဦးရွိပါသည္။ ၎တို႔အနက္ (၃၂၁) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာ မ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆) ဦး ရွိပါသည္။ (၁၅-၈-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၆-၈-၂၀၂၀) ရက္ ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၉) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

ပြည်တွင်းကူးစက်မှုသည် ဇူလိုင် ၁၆ရက်ညပိုင်း ထုတ်ပြန်သည့် စာရင်းများအရ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် လူနာနံပါတ် ၃၃၉ကို နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ အများစုမှာ ပြည်ပပြန်များတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။ ယင်းပြည် ပပြန်များကို အစိုးရအနေဖြင့် ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သော်လည်း ပြည်တွင်း၍ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာမှု လျော့နည်းလာ၍ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် စိုးရိမ်မှု တစ်ဖန် မြင့်တက်လျက်ရှိနေစဉ်မှာပဲ တွေ့ခဲ့တာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ကနဦး သတင်းများအရ လူနာအမှတ် (၃၇၅) ဟာ ဘဏ်ဝန်ထမ်း အမျိုးသမီး (၁) ဦး ဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းများကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ (၁၆ -၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ သတင်းအရ (၁၆-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စုစုပေါင်း (၆၃၄) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ် ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။

(၁၆-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၇၅) ဦး ရှိပါသည်။ ဓာတ်ခွဲအ တည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ ကိုဗစ် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၂၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။ (၁၅-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၆-၈-၂၀၂၀) ရက် နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၉) ဦးရှိပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published.