မင်းသား မင်းသမီးတွေက သူ့ကို အိမ်ထဲ တောင် အဝင် မခံ ကြတဲ့ အကြောင်း ဝမ်းနည်းစွာ ပြောပြ လာတဲ့ ကျော်ထူး (ရုပ် သံ)




REF: SHWE WIKI

UNICODE

ဟာသ သရုပ်ဆောင် ကျော်ထူးကို အားပေးတဲ့ ပရိသတ်ကြီး အနေနဲ့ရော ဘယ်လို မျိုးခံစားမိပါလဲ။ အခုလို အနုပညာရှင် အချင်းချင်းအ ခက်အခဲဖြစ်နေချိန်မှာ ကူညီရမယ့် အစား ဒီလိုအဖြစ်မျိုးတွေဟာ ဖြစ်သင့်လားဆိုတာ ဝေဖန်ပေးပါဦးနော်။အထူးသဖြင့် ဆန်ကို ရုပ်ရှင် မင်းသား မင်းသမီး တွေကို အားကိုးပြီး ရောင်းချပေမယ့် သူတို့ဆီ ဆန်နမူနာလေးပေးပြီး ကောင်းမှ အားပေးကြပါလို့ တောင်းဆိုဖို့ သွားခဲ့ ပေမယ့် သူ့ကို လူချင်းတွေ့ဖို့နေနေသာသာ ခြံထဲတောင် အဝင်မခံပဲ အိမ်ဖော်နဲ့ပဲ တွေကခဲ့ရတဲ့အပေါ် ။

အတော်လေးစိတ်မကောင်း ဖြစ် နေပါတယ်။ရိုက်ကွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး ၊ ဇာတ်လမ်း တစ်ခုမှာလည်း အနုပညာမောင် နှမ တွေ ဖြစ်ခဲ့ပေမယ့် မင်းသား မင်းသမီးနဲ့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ လုပ်အားခဟာ အဆမတန် ကွာခြားနေတဲ့အပြင် အခုလိုမျိုး လုပ်ရပ်တွေ ကြောင့် ကျော်ထူး တစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုထားပါတယ်။ကျော်ထူး တစ်ယောက်ကတော့ သရုပ်ဆောင် လောကမှာ သာမက သဘင်ပညာဘက်မှာလည်း အောင်မြင်တဲ့ အနုပညာသည် တစ်ဦးဖြစ်ပါတယ်နော်။

အခုလို ကိုဗစ် ကာလမှာ ရိုက်ကူး ရေးတွေ ရပ်နားထား၍ အနုပညာရှင် ဇာတ်ပို့ ဇာတ်ရံတွေမှာ အတော်လေးကို စားဝတ် နေ ရေး ခက်ခဲ လှပါတယ်။ ရိုက်ကူးရေးတွေ မရှိတော့ ဝင်ငွေတွေ ရပ်တန့်ချိန်မှာ ရုပ်ရှင် မင်းသား မင်းသမီးတွေကအစ ဟင်းရောင်း ထမင်း ရောင်းကြရတဲ့ အထိပါပဲနော်။ဒီအထဲမှာတော့ ဇာတ်ပို့ ဇာတ်ရံတွေဖြစ်တဲ့ လူတွေဘဝက ပိုလို့ ပင် ဆိုးရွားလှပါတယ်။ အပိုဝင်ငွေလေး ရမလားလို့ ကျော် ထူး တစ်ယောက်ကတော့ ဆန်တွေကို ယူရောင်းဖို့ ကြိုးစားရင်း ။စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရတဲ့ အကြောင်းကို ပြောပြလာပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published.