လေယာဉ် မယ် ရဲ့ စကားကိုနား မထောင် ခဲ့လို့ ဘဝပျက် ပြီး ဆေးရုံ ရောက် သွားတဲ့ အမျိုး သားတစ်ယောက် အကြောင်း
REF: SHWE WIKI
UNICODE
နောက်ဆုံးတခု ကို အရမ်းစိတ်ဝင်စားသွားပြီး နှိပ်ချလိုက်တဲ့အချိန်မှာ….အားးးးးး ကျွန်တော့ ရဲ့ အောက်ပိုင်းနားမှာ စူးကနဲ ဖြစ် သွားတာကို ခံစားလိုက်ရပြီး သတိလစ်သွားပါရောဗျာ။ သတိရလာတဲ့ အခါမှာတော့ ဆေးရုံကို ရောက်နေတာဗျားးဒါနဲ့ကျွန်တော်လည်း အနားမှာရှိတဲ့ နပ်စ်မကို “ဒီမှာ …ဆရာမလေး” “ကျွန်တော်ဆေးရုံကို ဘယ်လိုရောက်လာ တာလဲ ခင်ဗျာ?“နပ်စ်မက .. ဒီလိုပါ လူကြီးမင်း ရှင့် ” လူကြီးမင်းက ATR ကို နိပ်လိုက်လို့ပါ။ အဲ့ဒါက Automatic Tampon Removal ပါ။ အဲ့ဒီစနစ် အလုပ်လုပ်တာက အမျိုးသမီး လ စဉ်သုံးပစ္စည်းတွေကို အော်တိုမက်တစ် ရှင်းပေးတာပါ။
လူကြီးမင်းက အဲဒီအခံမရှိတော့ လူကြီးမင်းရဲ့ ဥ (၂) လုံးကို ဆွဲဖြုတ်သွားလို့ အခုလို မေ့ပြီး ဆေးရုံ ကို ရောက်လာတာပါရှင့် ..”အဖြစ်က ဒီလိုဗျ …ကျနော် အော်ဇီ ကို လေယာဉ်နဲ့သွားတုန်းက အိမ်သာတက် ချင်လို့ ကြည့်လိုက်တော့ ယောက်ျားလေး အိမ်သာက လူပြည့်နေ တာဗျ . .။ကျနော် မျက်နှာပျက် နေတာကို လေယာဉ်မယ် လေးက တွေ့တော့သနားပြီး အမျိုးသမီး အိမ်သာကို အသုံးပြုခွင့် ပေးတယ်ဗျာ ။ “လူကြီးမင်း အနေဖြင့် အသုံးပြုနိုင်ပါတယ် ရှင့် တခုတော့ သတိပေးပါရစေ ကိစ္စပြီးလို့ရှိရင် ရေလောင်းပြီးသာ ထွက်လာလိုက်ပါ တခြားခ လုတ်တွေကို ယောင်လို့ မနှိပ်မိပါစေနဲ့ရှင်”။ကျနော်လဲ စိတ်ထဲက တွေးမိလိုက်တယ် ငါ့များရေမလောင်းပဲ သွားမယ့်သူကျနေတာပဲ။
ဟွန့် အမျိုးသမီး အိမ်သာက ဘာတွေကွာခြားလို့လဲ တွေးပြီး ဘေးဘီဝဲယာကို ကြည့်လိုက် တော့ ခလုတ် (၄) ခု တွေ့လိုက်တယ်ဗျာ။WW-WA-PP-ATR ဒီခလုတ် (၄) ခုက ဘာများလုပ်ဆောင်ပါလိမ့် ဆိုပြီး စဉ်းစားနေတာပေါ့။အိမ်သာ တက်ပြီးတော့ ကျနော်အဲ့ဒီ ခလုတ် ၄ ခုရဲ့ အသုံးဝင်ပုံ ကို စမ်းကြည့်အုံးမှဘာဆိုပြီး အရင်ဆုံး WWဆိုတဲ့ ခလုတ်ကို နှိပ်ကြည့်လိုက်တော့ ဖင်ကိုရေပူ တွေနဲ့ ဆေးပေးနေတယ်ခမျ…. အိုးးးး အော်အဓိပ္ပါယ်က warm water ပေါ့ great idea … ။ အဲ….ပြီးတော့ WA ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တော့ လေပူတွေ ထွက်လာ တယ်ဗျာ….wow …လန်းထှာ WA ဆိုတော့ warm air ပေါ့ လေပူလေးနဲ့ မှုတ်ပေးတာ ဇိမ်ခံကောင်းသဗျာ။
ဒါကြောင့် မိန်းခေးတွေ အိမ်သာတက်ရင် ကြာတာကိုးးး။ ထပ်ပြီး တော့ PP ဆိုတဲ့ ခလုတ် ကို နှိပ်လိုက်တော့ တို့ပတ်( powder puff) တခုထွက်လာပြီး စောစောက အပူပေး အခြောက်ခံထားတဲ့ တင်သားတဝိုက်ကို ပေါင်ဒါနဲ့ တို့ပတ်ရိုက် ပေးပါလေရောဗျာ။ကျနော် အံ့သြ သွားတယ်ဗျာ… အိုက်စ် ငါတို့မိဘတွေက မျက်နာတို့ လည်ပင်းတို့မှာဘဲ တို့ပေးတာ …ဒီမှာက မိန်းခေးတွေအတွက်…။“ဂိန်“
REF:   SHWE  WIKI
Add a Comment
Your email address will not be published.