ကွယ်လွန်သွားပြီဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ဖခင်ဈာပနကို ကိုယ်တိုင် ဦးဆောင်ပြီး ကူညီပေးခဲ့တဲ့ ဝေဠုကျော်




credit-cele gabar

UNICODE

ဒီနေ့မှာ ကွယ်လွန် သွားပြီဖြစ်တဲ့ ထက်ထက်ရဲ့ဖခင်ကြီး ဦးခင်မောင်ကြည် အသက်(၈၆) ရဲ့ နောက်ဆုံးခရီး မှတ်တမ်းတင် ပုံရိပ်လေးတွေ ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ထက်ထက်ရဲ့ ဖခင်ကြီလည်း ကောင်းရာမွန်ရာရောက်ပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။ ပြည်သူချစ်မင်းသမီး တစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦး ရဲ့ဖခင်ကတော့ ဒီနေ့မှာပဲ ဆုံးပါသွားခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်ကြီးရေ… မကြာသေးခင်က ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ဖခင်ဖြစ်သူကိုတော့ ထက်ထက်ကိုယ် တိုင် နေမကောင်းတဲ့ကြားက စောင့်ရှောက်ပြုစုပေးခဲ့ပေမယ့် ဒီနေ့မှာတော့ တားလို့ မရတဲ့ သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ ထက်ထက်ဖခင်ရဲ့ဈာပန ကိုပရဟိတမင်းသား ဝေဠုကျော်ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ” ခင်မင်ရသော မထက်ရဲ့ ဖခင် ဆုံးပါးသွားခဲ့သည့်အတွက် ကျန်ရစ်သူ မထက်တို့ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲ ရပါတယ်။ အန်ကယ်လ် ကောင်းရာ ဘုံဘဝကို ရောက်ပါစေ” ဆိုပြီးတော့လည်း ထက်ထက်ရဲ့ဖခင်အတွက် ဆုတောင်းပေးခဲ့ ပါသေးတယ်။

credit-cele gabar

Add a Comment

Your email address will not be published.