မဲေပးခြင့္ရရွိေရးအတြက္ ႏိုင္ငံသားကတ္ မရွိသူမ်ားအား စီမံခ်က္ ျဖင့္ ေန႔ခ်င္းၿပီး ျပဳလုပ္ေပးေနၿပီ

“မွတ္ပုံတင္ အမွန္တကယ္ေပ်ာက္ဆုံးတာပဲျဖစ္ျဖစ္၊မလုပ္ရေသးတာပဲျဖစ္ျဖစ္ သက္ဆိုင္တဲ့ၿမိဳ႕နယ္မွာ သြားလုပ္တဲ့ အခ်ိန္ မွာ ေငြေၾကး တစ္စုံတစ္ရာ ေပးစရာမလိုပါဘူး ၊ အခမဲ့ လုပ္ေပးမွာပါ ၊ တကယ္လို႔ ေငြေၾကးေပးရတယ္ဆိုရင္ က်ေနာ့္ဆီကိုပဲ ျဖစ္ျဖစ္၊ အစိုးရအဖြဲ႕ တိုင္ ၾကားစာလက္ခံဌာနမွာပဲျဖစ္ျဖစ္ လာေျပာပါ၊ ထိထိ ေရာက္ေရာက္ အေရးယူသြားမယ္”ဟု မႏၲေလးတိုင္းေဒသႀကီး လူဝင္မႈႀကီး ၾကပ္ေရး ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္ၾကည္က ေျပာဆိုလိုက္သည္။

မႏၲေလးတိုင္းေဒသႀကီးရွိ ခ႐ိုင္မ်ားအနက္ ႏိုင္ငံ သားစိစစ္ေရးကတ္(မွတ္ပုံတင္)ျပဳလုပ္ရန္ က်န္ရွိေနမႈမွာ ျပင္ဦး လြင္ခ႐ိုင္၌ ၄၁၀၀၀ ေက်ာ္ျဖင့္ အမ်ားဆုံးျဖစ္ၿပီး ျပင္ဦးလြင္ခ႐ိုင္အတြင္းရွိ မိုးကုတ္ၿမိဳ႕နယ္မွာ ၁၆၀၀၀ ေက်ာ္ျဖင့္ လူဦးေရ အမ်ားဆုံး ၿမိဳ႕နယ္ျဖစ္ေၾကာင္း သိရ ပါတယ္။ပရိတ္သတ္ႀကီးေရ မႏၲေလးတိုင္းေဒသႀကီးတြင္ ႏိုင္ငံသား စိစစ္ေရးကတ္ မရွိသူမ်ားအား ႏွစ္လစီမံခ်က္ျဖင့္ ေန႔ခ်င္းၿပီးျပဳ လုပ္ ေပးေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကသိရသည္။

ဆႏၵမဲေပးပိုင္ခြင့္ ရွိသူ ၄၅ သိန္း ၈ ေသာင္းေက်ာ္ရွိသည့္အနက္ ႏိုင္ငံသားစိစစ္ေရးကတ္(မွတ္ပုံတင္)မရွိသူမွာ ၁၇၀၀၀၀ ေက်ာ္ ပါဝင္ေန ေသာေၾကာင့္ ျပဳလုပ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။ “အဓိကကေတာ့ ႏိုင္ငံသား တစ္ေယာက္ရဲ႕ ရပိုင္ခြင့္ကို မဆုံးရႈံးေစခ်င္တာေပါ့၊ မဲေပးတယ္ဆိုတာကလည္း ၅ႏွစ္မွ တစ္ႀကိမ္ ပဲ ရရွိတဲ့ အခြင့္အေရးပါ၊ ဒါေၾကာင့္ မဲေပးခြင့္မဆုံးရႈံးေစေရးအတြက္ မွတ္ပုံတင္မရွိေသးတဲ့သူ၊ ေပ်ာက္ဆုံးသူေတြကို ႏွစ္လ စီမံခ်က္ခ်ၿပီး အၿပီးျပဳ လုပ္ေပးေနပါတယ္”ဟု ဝန္ႀကီး ဦးေအာင္ၾကည္က ေျပာသည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ားအနက္ အသက္ ၁၈ ႏွစ္ျပည့္ၿပီးေသာ္လည္း မွတ္ပုံတင္ ရွိေသးသူ ၁၂၅ ၂၇၄ ဦးႏွင့္ မွတ္ပုံတင္ ေပ်ာက္ဆုံးေၾကာင္း ေလွ်ာက္ထားသူ ၅ ေသာင္းေက်ာ္ ထိရွိကာ သက္ဆိုင္ရာ ၿမိဳ႕နယ္လဝက ႐ုံးမ်ားတြင္ အျမန္ဆုံးရရွိ ေအာင္ ျပဳလုပ္ေပးေနျခင္း ျဖစ္သည္။

REF: LET PAN

UNICODE

“မှတ်ပုံတင် အမှန်တကယ်ပျောက်ဆုံးတာပဲဖြစ်ဖြစ်၊မလုပ်ရသေးတာပဲဖြစ်ဖြစ် သက်ဆိုင်တဲ့မြို့နယ်မှာ သွားလုပ်တဲ့ အချိန် မှာ ငွေကြေး တစ်စုံတစ်ရာ ပေးစရာမလိုပါဘူး ၊ အခမဲ့ လုပ်ပေးမှာပါ ၊ တကယ်လို့ ငွေကြေးပေးရတယ်ဆိုရင် ကျနော့်ဆီကိုပဲ ဖြစ်ဖြစ်၊ အစိုးရအဖွဲ့ တိုင် ကြားစာလက်ခံဌာနမှာပဲဖြစ်ဖြစ် လာပြောပါ၊ ထိထိ ရောက်ရောက် အရေးယူသွားမယ်”ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က ပြောဆိုလိုက်သည်။

မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်များအနက် နိုင်ငံ သားစိစစ်ရေးကတ်(မှတ်ပုံတင်)ပြုလုပ်ရန် ကျန်ရှိနေမှုမှာ ပြင်ဦး လွင်ခရိုင်၌ ၄၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မိုးကုတ်မြို့နယ်မှာ ၁၆၀၀၀ ကျော်ဖြင့် လူဦးရေ အများဆုံး မြို့နယ်ဖြစ်ကြောင်း သိရ ပါတယ်။ပရိတ်သတ်ကြီးရေ မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအား နှစ်လစီမံချက်ဖြင့် နေ့ချင်းပြီးပြု လုပ် ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကသိရသည်။

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၄၅ သိန်း ၈ သောင်းကျော်ရှိသည့်အနက် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)မရှိသူမှာ ၁၇၀၀၀၀ ကျော် ပါဝင်နေ သောကြောင့် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို မဆုံးရှုံးစေချင်တာပေါ့၊ မဲပေးတယ်ဆိုတာကလည်း ၅နှစ်မှ တစ်ကြိမ် ပဲ ရရှိတဲ့ အခွင့်အရေးပါ၊ ဒါကြောင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မှတ်ပုံတင်မရှိသေးတဲ့သူ၊ ပျောက်ဆုံးသူတွေကို နှစ်လ စီမံချက်ချပြီး အပြီးပြု လုပ်ပေးနေပါတယ်”ဟု ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင် ရှိသေးသူ ၁၂၅ ၂၇၄ ဦးနှင့် မှတ်ပုံတင် ပျောက်ဆုံးကြောင်း လျှောက်ထားသူ ၅ သောင်းကျော် ထိရှိကာ သက်ဆိုင်ရာ မြို့နယ်လဝက ရုံးများတွင် အမြန်ဆုံးရရှိ အောင် ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

REF:  LET  PAN

Add a Comment

Your email address will not be published.