ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ အစိုးရဖြဲ႕ႏိုင္ပါ က အဂတိ လိုက္စားမႈ ကို လုံးဝခြင့္လႊတ္မည္ မဟုတ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္ေျပာၿပီ

က်ေနာ္တို႔ ကတိေပးႏိုင္ တာက က်ေနာ္တို႔ တာဝန္ယူခဲ့ ရရင္ က်ေနာ္တို႔ အဖြဲ႕အစည္းထဲမွာ အဂတိ တရားကို လုံးဝလက္ခံမွာ မဟုတ္ ပါ ဘူး။ လူသားေတြ ျဖစ္တဲ့အတြက္ အမွားအယြင္း ရွိခဲ့ရင္လည္း ဥပေဒနဲ႔အညီ ျပတ္ျပတ္သားသား အေရးယူ ေဆာင္ ႐ြက္သြား မယ္လို႔ က် ေနာ္တို႔ ဒီေနရာကေန ကတိေပး လိုပါတယ္” လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။ ဒါ့အျပင္ ႀကံ့ခိုင္ေရး ပါတီအ ေနနဲ႔ ျပဳျပင္ ေျပာင္းလဲမႈေတြ ကို ျပဳလုပ္ခဲ့ၿပီး လက္ရွိမွာ အမ်ား ေျပာေနၾက သလို စစ္တပ္ပါတီ၊ သူခိုးပါတီ မဟုတ္ေတာ့ဘူးလို႔လည္း ဆိုပါ တယ္။

ဒါေပမဲလည္း ႀကံ့ခိုင္ေရးပါတီရဲ႕ ကိုယ္စားလွယ္ေလာင္း စာရင္းမွာ တပ္မေတာ္ ကေန အၿငိမ္းစားယူထားသူေတြ ပါဝင္ေနဆဲျဖစ္ပါတယ္ ။ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ လာမယ့္ေ႐ြး ေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့ပါက အဂတိလိုက္စားမႈကို လုံးဝခြင့္လႊတ္ သြားမွာ မဟုတ္ ဘူး လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္ က ကတိေပးေျပာၾကား လိုက္ပါတယ္။ဩဂုတ္ ၁၈ ရက္က ေနျပည္ေတာ္ ႀကံ့ခိုင္ ေရးပါတီဗဟိုဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း ေဒါက္တာနႏၵာလွျမင့္က ေျပာၾကားခဲ့တာပါ။

ႀကံ့ခိုင္ေရးအစိုးရလက္ထက္မွာ အစိုးရအဖြဲ႕ဝင္ေတြ အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္ေပၚခဲ့သလို လက္ရွိ အန္အယ္လ္ဒီ အစိုးရလက္ထက္မွာလည္း အလားတူျဖစ္ရပ္ေတြ ရွိတယ္လို႔ ဆိုပါတယ္။ေဒါက္တာနႏၵာလွျမင့္ က “၁၁၂၉ ဦးမွာ က်ေနာ္တို႔ တပ္မေတာ္ သား အၿငိမ္းစားေပါ့၊ အခုမွ အၿငိမ္းစားယူတာ မဟုတ္ဘူး ေနာ္၊ အၿငိမ္းစား ယူၿပီးမွ ပါတီကိုယ္စားလွယ္ ေလာင္း အျဖစ္ဝင္ ေရာက္ယွဥ္ ၿပိဳင္ လိုတယ္လို႔ အဆိုျပဳၿပီးေတာ့မွ သက္ဆိုင္ရာေဒသကေန ေထာက္ခံ ၿပီးေ႐ြးခ်ယ္ခဲ့တဲ့ ကိုယ္စားလွယ္ေလာင္း ၈၈ ဦးပါတယ္ခင္ဗ်။

ရာခိုင္ႏႈန္း အားျဖင့္ ၇ ရာခိုင္ႏႈန္းေလာက္ ပါပါတယ္။” လို႔ ေျပာပါတယ္။ ႀကံ့ခိုင္ေရး ပါတီရဲ႕ လက္ရွိ ကိုယ္စားလွယ္ ေလာင္းစာရင္းမွာ တပ္ မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ကေန လတ္တေလာ အၿငိမ္းစားယူထားသူေတြလည္း ပါဝင္ေနၿပီး သူတို႔ကိုေတာ့ ပါတီရဲ႕ သက္ ဆိုင္ရာေဒသခံ ေတြက ႀကိဳက္ႏွစ္သက္တဲ့အတြက္ ေ႐ြးခ်ယ္ခဲ့လို႔ ပါဝင္လာရျခင္းျဖစ္တယ္လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

REF: ဒီဗြီဘီ

UNICODE

ကျနော်တို့ ကတိပေးနိုင် တာက ကျနော်တို့ တာဝန်ယူခဲ့ ရရင် ကျနော်တို့ အဖွဲ့အစည်းထဲမှာ အဂတိ တရားကို လုံးဝလက်ခံမှာ မဟုတ် ပါ ဘူး။ လူသားတွေ ဖြစ်တဲ့အတွက် အမှားအယွင်း ရှိခဲ့ရင်လည်း ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား အရေးယူ ဆောင် ရွက်သွား မယ်လို့ ကျ နော်တို့ ဒီနေရာကနေ ကတိပေး လိုပါတယ်” လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေး ပါတီအ နေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ကို ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အများ ပြောနေကြ သလို စစ်တပ်ပါတီ၊ သူခိုးပါတီ မဟုတ်တော့ဘူးလို့လည်း ဆိုပါ တယ်။

ဒါပေမဲလည်း ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ တပ်မတော် ကနေ အငြိမ်းစားယူထားသူတွေ ပါဝင်နေဆဲဖြစ်ပါတယ် ။ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့်ရွေး ကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါက အဂတိလိုက်စားမှုကို လုံးဝခွင့်လွှတ် သွားမှာ မဟုတ် ဘူး လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ကတိပေးပြောကြား လိုက်ပါတယ်။ဩဂုတ် ၁၈ ရက်က နေပြည်တော် ကြံ့ခိုင် ရေးပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့တာပါ။

ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ အစိုးရအဖွဲ့ဝင်တွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့သလို လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း အလားတူဖြစ်ရပ်တွေ ရှိတယ်လို့ ဆိုပါတယ်။ဒေါက်တာနန္ဒာလှမြင့် က “၁၁၂၉ ဦးမှာ ကျနော်တို့ တပ်မတော် သား အငြိမ်းစားပေါ့၊ အခုမှ အငြိမ်းစားယူတာ မဟုတ်ဘူး နော်၊ အငြိမ်းစား ယူပြီးမှ ပါတီကိုယ်စားလှယ် လောင်း အဖြစ်ဝင် ရောက်ယှဉ် ပြိုင် လိုတယ်လို့ အဆိုပြုပြီးတော့မှ သက်ဆိုင်ရာဒေသကနေ ထောက်ခံ ပြီးရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၈၈ ဦးပါတယ်ခင်ဗျ။

ရာခိုင်နှုန်း အားဖြင့် ၇ ရာခိုင်နှုန်းလောက် ပါပါတယ်။” လို့ ပြောပါတယ်။ ကြံ့ခိုင်ရေး ပါတီရဲ့ လက်ရှိ ကိုယ်စားလှယ် လောင်းစာရင်းမှာ တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် ကနေ လတ်တလော အငြိမ်းစားယူထားသူတွေလည်း ပါဝင်နေပြီး သူတို့ကိုတော့ ပါတီရဲ့ သက် ဆိုင်ရာဒေသခံ တွေက ကြိုက်နှစ်သက်တဲ့အတွက် ရွေးချယ်ခဲ့လို့ ပါဝင်လာရခြင်းဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

REF:  ဒီဗွီဘီ

Add a Comment

Your email address will not be published.