အ‌ခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ များ ကို ကျပ်(၅၀၀၀)တန်ဖိုးရှိ ကျောင်းဝတ် စုံ တစ်စုံစီ ထောက်ပံ့ မည်
REF: SHWE WIKI
UNICODE
အခြေခံပညာ ဆရာ၊ ဆရာမများ အတွက် ၂၀၁၇-၁၈ ပညာသင်နှစ် ကစကာ ကျောင်းဝတ်စုံ ထောက်ပံ့ပေးခဲ့ပြီး ပထမဆုံး ထောက်ပံ့ပေး သည့်နှစ် တွင် လုံ ချည်၊ ပုဆိုးအပြင် အင်္ကျီစကို မိမိ အစီအစဉ် ဖြင့် ဝယ်ယူနိုင်ရန် ဆရာ၊ ဆရာမ တစ်ဦးလျှင် ကျပ် ငါးထောင်ကို သီးသန့် ထောက်ပံ့ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန အနေ ဖြင့် အခမဲ့ပညာရေး ဖော်ဆောင် သည့်အနေဖြင့် ၂၀၁၅-၁၆ ပညာ သင်နှစ်က စတင်ကာ။ မူလတန်း ကျောင်းသားကျောင်းသူများကို စက်မှုဝန်ကြီးဌာနထုတ် ကျောင်းဝ တ်စုံတစ်စုံစီ ထောက်ပံ့ခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသား ကျောင်းသူ များအား ကျောင်းဝတ်စုံအစား ဗလာစာ အုပ် ခြောက်အုပ် ပြောင်း လဲ ထောက်ပံ့ခဲ့ ပါတယ်။နှစ်စဉ်ပေးနေကျပါ။ ကိုဗစ်ကြောင့် ပေးတာ တော့မဟုတ်ဘူး။ မြို့နယ်အလိုက်ဆရာ၊ ဆရာမတွေကို ထုတ်ပေး ပါတယ်”ဟု မကွေးတိုင်းဒေသကြီးမှ ပညာရေးမှူးတစ်ဦးကဆိုသည်။ ယခု ၂၀၂၀-၂၁ ပညာသင်နှစ် အတွက် ဆရာ၊ ဆရာမများ အား ထောက်ပံ့ရန် ပုဆိုး၊ လုံချည်များကို ပညာရေးဝန်ကြီးဌာနက ပညာရေးမှူးရုံး များသို့ ပေးပို့ ထားပါတယ်။
အစိုးရ အဆက်ဆက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအတွက် ဝတ်စုံကြေး သီးခြားထောက် ပံ့သော်လည်း ၂၀၁၇ မှသာ အခြေခံပညာ ဆရာ၊ဆရာမများအား ကျောင်းစိမ်း လုံချည်၊ ပုဆိုးများ စတင်ထောက် ပံ့ခဲ့တာဖြစ်ပါတယ်။
REF:   SHWE  WIKI
Add a Comment
Your email address will not be published.