ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မျဖင့္ လႊတ္ေတာ္ကိုယ္စားေလာင္း ဦးေဌးေအာင္ကို ပုဇုန္ေတာင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီး

ဦးေဌးေအာင္မွာ လာမည့္ေ႐ြး ေကာက္ပြဲတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရန္ကုန္ တိုင္းေဒသႀကီး ေကာ့မႉးၿမိဳ႕မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ တစ္သီး ပုဂၢလ ကိုယ္စားေလာင္းျဖစ္သည္။လက္ရွိ ၄င္းအား ဖမ္းဆီးမႈမွာ ႏိုင္ငံ ေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ဖမ္းဆီးထားေၾကာင္း ကနဦးသိရၿပီး ဦးေဌးေအာင္က သတၱိရွိရွိေဆာင္႐ြက္သြားပါမည္ဟု ၄င္း၏ တရားဝင္ ေဖ့ဘြတ္စ္အေကာင့္တြင္ တင္ထားသည္ကိုေတြ႕ရသည္။

ဦးေဌးေအာင္ ကို ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ(၁၂၄ က)ျဖင့္ ဖမ္းဆီးထိန္းသိမ္း လိုက္ေၾကာင္း သတင္း ရရွိပါသည္။ ပုဒ္မ (၁၂၄) က ဆိုသည္မွာ – ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ၁၂၄(က) တြင္ မည္သူမဆို ႏုတ္ျဖင့္ျဖစ္ေစ၊စာျဖင့္ျဖစ္ေစ၊ အမွတ္ အသားျဖင့္ျဖစ္ေစ၊ ထင္ရွားေသာ ပုံသ႑ာန္ျဖင့္ ျဖစ္ေစ၊ အျခားေသာ နည္းျဖင့္ျဖစ္ေစ ျပည္ေထာင္စု အတြက္၊ သို႔တည္းမဟုတ္ ျပည္ေထာင္စုအဖြဲ႕ဝင္မ်ား အတြက္ ဥပေဒ အရ တည္ေထာင္ ထားေသာ အစိုးရကို မုန္းထားေအာင္ေသာ္ လည္းေကာင္း၊ မေလးစားေအာင္ ေသာ္လည္းေကာင္း ျပဳလ်င္၊

သို႔တည္းမဟုတ္ ထိုသို႔ ျပဳရန္ အားထုတ္လ်င္ သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္ လႈံ႕ေဆာ္လ်င္၊ သို႔တည္းမဟုတ္ ထိုသို႔လႈံ႕ေဆာ္ရန္ အား ထုတ္လ်င္၊ ထိုသူကို ေငြဒဏ္ႏွင့္ တကြ တစ္သက္ကြၽန္း ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္ တစ္သက္ကြၽန္းေအာက္ ေလ်ာ့သည့္ တစ္ကြၽန္းဒဏ္ ျဖစ္ ေစ ၊ေငြဒဏ္ႏွင့္တကြ သုံးႏွစ္အထိေထာင္ဒဏ္ ျဖစ္ေစ၊ ေငြဒဏ္ သက္သက္ျဖစ္ေစ ထိုသူကို ခ်မွတ္ရမည္လို႔ ျပဌာန္းထားပါသည္။ လႊတ္ ေတာ္ကိုယ္စားေလာင္း ဦးေဌးေအာင္ကို ၾသဂုတ္ ၂၁ရက္တြင္ ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္း တာဝန္ရွိသူမ်ားက လာေရာက္ ဖမ္းဆီးခဲ့သည္။

။ဦးေဌးေအာင္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက အမ်ိဳး သားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD) အေနျဖင့္ ေ႐ြးေကာက္ပြဲမ်ား ေအာင္ႏိုင္ေရး အတြက္ ျပည္ပ အေထာက္အပံ့ရယူထားေၾကာင္း အ ေထာက္အထားမ်ားရွိသည္ဟုဆိုကာ သ တင္းစာရွင္းလင္းပြဲျပဳလုပ္ထားသည္။

REF: THE FIFTH WAVE NEWS

UNICODE

ဦးဌေးအောင်မှာ လာမည့်ရွေး ကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဥ်ပြိုင်မည့် ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဝင်ရောက်ယှဥ်ပြိုင်မည့် တစ်သီး ပုဂ္ဂလ ကိုယ်စားလောင်းဖြစ်သည်။လက်ရှိ ၄င်းအား ဖမ်းဆီးမှုမှာ နိုင်ငံ တော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထားကြောင်း ကနဦးသိရပြီး ဦးဌေးအောင်က သတ္တိရှိရှိဆောင်ရွက်သွားပါမည်ဟု ၄င်း၏ တရားဝင် ဖေ့ဘွတ်စ်အကောင့်တွင် တင်ထားသည်ကိုတွေ့ရသည်။

ဦးဌေးအောင် ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု(၁၂၄ က)ဖြင့် ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သတင်း ရရှိပါသည်။ ပုဒ်မ (၁၂၄) က ဆိုသည်မှာ – ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) တွင် မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ အမှတ် အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ ပြည်ထောင်စု အတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များ အတွက် ဥပဒေ အရ တည်ထောင် ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင် သော်လည်းကောင်း ပြုလျင်၊

သို့တည်းမဟုတ် ထိုသို့ ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အား ထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင့် တကွ တစ်သက်ကျွန်း ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ် ဖြစ် စေ ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားပါသည်။ လွှတ် တော်ကိုယ်စားလောင်း ဦးဌေးအောင်ကို သြဂုတ် ၂၁ရက်တွင် ပုဇွန်တောင်မြို့မရဲစခန်း တာဝန်ရှိသူများက လာရောက် ဖမ်းဆီးခဲ့သည်။

။ဦးဌေးအောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနေဖြင့် ရွေးကောက်ပွဲများ အောင်နိုင်ရေး အတွက် ပြည်ပ အထောက်အပံ့ရယူထားကြောင်း အ ထောက်အထားများရှိသည်ဟုဆိုကာ သ တင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်။

REF:  THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published.