လူအများဒုက္ခရောက်နေချိန် ပစ္စည်းတွေကို ဈေးတင်ရောင်းရင် သံသရာမှာကြုံတွေ့ရမည့်အကျိုးကို ဆရာတော်ပြောပြီ
REF: APANN PYAY
UNICODE
အင်မတန်ကြီးမားတဲ့ အကုသိုလ်ပါ။စားတော့ သုံးတော့ တစ်မိသားစုလုံး။ ခံရတော့ ကိုယ်တစ်ယောက်တည်း။ဝိသမလောဘအကုသိုလ်ကို ကျူးလွန်မိတဲ့သူက အဲဒီကံကြောင့်-ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးနဲ့ ကြုံတွေ့ရပြီး ကူရာမဲ့ ကယ်ရာမဲ့ အသေဆိုးနဲ့ သေရတတ်တယ်။
ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုးတွေကပ်ပြီး ခန္ဓာကိုယ် ဖရိုဖရဲပျက်ပြီး သေရတတ်တယ်။ သေပြီးသည့်နောက်မှာ ငရဲကျတတ်တယ်။ ငရဲ ကလွတ်လို့ လူပြန်ဖြစ်ခဲ့ရင် ခြေလက်အင်္ဂါမစုံ လူလုံးမလှတဲ့သူဖြစ်တတ်တယ်။
ကဲ အဲဒီလိုဖြစ်မှာကို မကြောက်ရင် ရောင်းကြပေါ့။ဥပမာ Mask ကို အဆမတန် စျေးတင်ရောင်းရင် ဝိသမလောဘ အကုသိုလ်ဖြစ်တယ်။ ဆေးပစ္စည်းတွေစျေးတင်ရောင်းရင်ရော မသုံးမဖြစ်ပစ္စည်းတွေကို စျေးတင်ရောင်းရင်ပါ အကြုံးဝင်ပါတယ်။
မိုးသု မန္တလေး Ashin Khema Nanda
REF:   APANN  PYAY
Add a Comment
Your email address will not be published.