အသက်(၃၀) မှာ အမိုက်စား စော်ကြီး ဖြစ်ရမယ်လို့ နေခြည် ဦး ပြောပြီ ဘယ်လိုမျိုးများလဲ?




Source – Nay Chi Oo

Rainbow- Cele Gabar

UNICODE

အလေ့အကျင့်ကောင်း တစ်ခုကို လုပ်နိုင်ပြီဆို လွယ်လွယ်နဲ့ မရပ်လိုက်နဲ့နော်။ နေခြည် အခု yoga တစ်လနားပြီး ပြန်ဆော့ တဲ့အခါ ကြွက် သားတွေ တောင့်တင်း နေတာ အရင်လို ပြန်ဖြစ် ဖို့ ပြန်လေ့ကျင့် ရတော့မယ်” ဆိုပြီး သူ ကြုံတွေ့ နေရတဲ့ ပြဿနာလေး ကို ပြောပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဖက်ဖက်က ပြီးပြည့်စုံအောင် ကြိုးစားနေသူပီပီ “အသက်သုံးဆယ်မှာ အမိုက်စားစော်ကြီး ဖြစ်ရမယ်” ဆိုပြီးတော့ လည်း သူ့ရဲ့ရည်မှန်းချက်ကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..ဘယ်လိုမျိုးများလဲ?

အချိန်တို အတွင်း ပရိသတ်အသိမှတ်ပြု အားပေးမှုရရှိလာသူ နေခြည်ဦးကတော့ မိဘထောက်ပံ့မှု အားကောင်းရုံမက ကိုယ်တိုင်လည်း အ ရည်အချင်း အပြည့်အဝရှိသူ တစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက် လုပ်ဖို့ ရွေးချယ်လိုက်ပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အ ကောင်းမွန်ဆုံးတည်ဆောက်ဖို့ တစ်ရက်မှ မနားဘဲ အချိန်ရှိသရွေ့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေသူဆိုရင်လည်း မမှားပါဘူး။

အနုပညာရှင် တစ်ယောက်မှာ ရှိသင့်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အတွက် Gym ဆော့တာအပြင် မနက်တိုင်း လက်ဝှေ့ထိုးကျင့်ခြင်း ၊ ယောဂဆော့ခြင်းတို့ကို အချိန် တစ်ခုပေးပြီး သေချာလုပ်နေသူပါ။ ဒါပေမယ့် ဒီကြားထဲမှာ ယောဂဆော့ဖို့ တစ်လပျက်ခဲ့တဲ့ ချီချီကတော့ အလေ့အကျင့်ကောင်းတွေကို လုပ်နိုင်ပြီဆို မရပ်ကြဖို့ သူကိုယ်တိုင်ကြုံတွေ့နေရတဲ့ ဥပမာလေးနဲ့ ပြောပြခဲ့ပါတယ်။

Source – Nay Chi Oo

Rainbow- Cele Gabar

Add a Comment

Your email address will not be published.