ရပ္ကြက္ထဲ လူတေယာက္ COVIDပိုးေတြ႕တာ နဲ႔ ကမာၻပ်က္ သလား ေအာက္ေမ့ ရတဲ့ ပညာဉာဏ္နိမ့္ပါးတဲ့ ေ႐ႊျမန္မာေတြ

ျမန္မာျပည္မွာ ျဖစ္ေနတာက ထိေတြ႕ လူနာေတြ ပိုးရွိ လူနာေတြ ေနထိုင္ရာ အနီးအနား သြားၿပီး live ေတြ လႊင့္ၿပီး ဘာလုပ္ၾကတာလဲ နား မလည္ဘူး.. လူေတြကို ပို အထိတ္တလန႔္ ျဖစ္ေစ တယ္ မဟုတ္လား ? အခုပဲ ျမန္မာျပည္ႀကီး ပ်က္ေတာ့မယ့္ အတိုင္း ေရးေျပာ ေနၾက တယ္က်န္းမာေရးဌာနက ထုတ္ျပန္ထားတာေတြကို လိုက္နာမယ္.. Mask တပ္မယ္.. လက္ေဆးမယ္.. လူစုလူေဝး ေရွာင္မယ္.. ။

ကူးစက္ ခံရသူနဲ႔ ထိေတြ႕ခဲ့သူေတြကလည္း သက္ဆိုင္ရာ ကို အခ်ိန္မွီ သတင္းပို႔မယ္.. Q ဝင္မယ္.. တာဝန္သိသိ လိုက္နာရင္း ဒုတိယလႈိင္း ကို ေက်ာ္ျဖတ္ရဖို႔ လုပ္ရမယ္.. သတင္းေတြဖြ ကိုယ္တိုင္လည္း ေၾကာက္ အျခားသူေတြကိုလည္း အေၾကာက္ တရား လိုက္သြင္းၿပီး ဘာ လုပ္ၾကမွာလဲ။လက္ရွိ တစ္မိနစ္ကို လူတေယာက္ႏႈန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ခံေနရတဲ့ ဂ်ာမနီမွာ ကြၽန္ေတာ္ ေနပါတယ္။

စိုးရိမ္ထိတ္လန႔္ၿပီး အိမ္ထဲေအာင္းေနလို႔ မရပါဘူး.. လူတိုင္း ကိုယ္ဆီ တာဝန္ေတြ အရ အျပင္ကို ထြက္ေနရပါတယ္.. က်န္းမာေရးဌာနက ၫႊန္ၾကားတဲ့ အတိုင္း Mask တပ္တယ္ လက္ေဆးလို႔ ရတဲ့ ေနရာတိုင္းမွာ လက္ကို ေဆးပါတယ္.. အျခားသူ တဦးဦး နဲ႔ အနည္းဆုံး (၆)ေပ အကြာမွာ ေနပါတယ္…။ဒီကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတိုင္း မေသပါဘူး.. ။

သို႔ေသာ္ ကူးစက္မႈ မခံရဖို႔ေတာ့ အေရးတႀကီး ကာကြယ္ရမွာ ျဖစ္ပါတယ္နားမလည္ႏိုင္တာက ျမန္မာႏိုင္ငံဘက္က ကိစၥေတြ ကိုပါ.. ရပ္ ကြက္ထဲ လူတေယာက္ ေရာဂါပိုးေတြ႕တာ နဲ႔ ကမာၻ ပ်က္သလား ေအာက္ေမ့ရတယ္.. ဒီလူကို ဘယ္သြားတယ္ ဘာလုပ္တယ္ စသျဖင့္ အ ကုန္ေရးေတာ့တာပဲ.. ေရာဂါပိုး ရွိသူ ကို အျပစ္သားသဖြယ္ ပုံေဖာ္ၾကတယ္…။အသိဉာဏ္နိမ့္ပါးတယ္လို႔ပဲ ေျပာပါရေစ။

Credit : (Maung Myint)

UNICODE

မြန်မာပြည်မှာ ဖြစ်နေတာက ထိတွေ့ လူနာတွေ ပိုးရှိ လူနာတွေ နေထိုင်ရာ အနီးအနား သွားပြီး live တွေ လွှင့်ပြီး ဘာလုပ်ကြတာလဲ နား မလည်ဘူး.. လူတွေကို ပို အထိတ်တလန့် ဖြစ်စေ တယ် မဟုတ်လား ? အခုပဲ မြန်မာပြည်ကြီး ပျက်တော့မယ့် အတိုင်း ရေးပြော နေကြ တယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာတွေကို လိုက်နာမယ်.. Mask တပ်မယ်.. လက်ဆေးမယ်.. လူစုလူဝေး ရှောင်မယ်.. ။

ကူးစက် ခံရသူနဲ့ ထိတွေ့ခဲ့သူတွေကလည်း သက်ဆိုင်ရာ ကို အချိန်မှီ သတင်းပို့မယ်.. Q ဝင်မယ်.. တာဝန်သိသိ လိုက်နာရင်း ဒုတိယလှိုင်း ကို ကျော်ဖြတ်ရဖို့ လုပ်ရမယ်.. သတင်းတွေဖွ ကိုယ်တိုင်လည်း ကြောက် အခြားသူတွေကိုလည်း အကြောက် တရား လိုက်သွင်းပြီး ဘာ လုပ်ကြမှာလဲ။လက်ရှိ တစ်မိနစ်ကို လူတယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရတဲ့ ဂျာမနီမှာ ကျွန်တော် နေပါတယ်။

စိုးရိမ်ထိတ်လန့်ပြီး အိမ်ထဲအောင်းနေလို့ မရပါဘူး.. လူတိုင်း ကိုယ်ဆီ တာဝန်တွေ အရ အပြင်ကို ထွက်နေရပါတယ်.. ကျန်းမာရေးဌာနက ညွှန်ကြားတဲ့ အတိုင်း Mask တပ်တယ် လက်ဆေးလို့ ရတဲ့ နေရာတိုင်းမှာ လက်ကို ဆေးပါတယ်.. အခြားသူ တဦးဦး နဲ့ အနည်းဆုံး (၆)ပေ အကွာမှာ နေပါတယ်…။ဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတိုင်း မသေပါဘူး.. ။

သို့သော် ကူးစက်မှု မခံရဖို့တော့ အရေးတကြီး ကာကွယ်ရမှာ ဖြစ်ပါတယ်နားမလည်နိုင်တာက မြန်မာနိုင်ငံဘက်က ကိစ္စတွေ ကိုပါ.. ရပ် ကွက်ထဲ လူတယောက် ရောဂါပိုးတွေ့တာ နဲ့ ကမ္ဘာ ပျက်သလား အောက်မေ့ရတယ်.. ဒီလူကို ဘယ်သွားတယ် ဘာလုပ်တယ် စသဖြင့် အ ကုန်ရေးတော့တာပဲ.. ရောဂါပိုး ရှိသူ ကို အပြစ်သားသဖွယ် ပုံဖော်ကြတယ်…။အသိဉာဏ်နိမ့်ပါးတယ်လို့ပဲ ပြောပါရစေ။

Credit : (Maung Myint)

Add a Comment

Your email address will not be published.