ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ေဈးေတြ၊ ဘတ္စ္ကားေတြ နဲ႔ လူစုလူေဝးေနရာေတြမွာ ကိုဗစ္-၁၉ ပိုး က်ဘမ္း စစ္ေဆးမည္

လက္ရွိ ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ ကိုဗစ္-၁၉ ေရာဂါပိုး ျဖစ္ပြားမႈေတြ အစုလိုက္အၿပဳံလိုက္ ျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ လူအမ်ားနဲ႔ ထိေတြ႕မႈမ်ားျပားတဲ့ လူအုပ္စုေတြနဲ႔ ကူးစက္ႏိုင္ေခ်ျမင့္မားတဲ့ လူ အုပ္စုေတြအတြင္း က်ပန္းစနစ္ေ႐ြးခ်ယ္ကာ ဓာတ္ခြဲစစ္ေဆးေပးသြားမယ္လို႔လည္း ဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာခဲ့ပါတယ္။ ျမန္မာ ႏိုင္ငံမွာ ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕ရွိ လူနာအမွတ္၃၇၅ က အစျပဳၿပီး ေရာဂါပိုးေတြ႕ရွိမႈ ႐ုတ္တရက္ တရွိန္ထိုးျမင့္တက္လာခဲ့ရာမွာ ၾသဂုတ္ လ ၁၆ ရက္ကေန ၂၇ ရက္ မနက္ ၈ နာရီအထိ ရခိုင္ျပည္နယ္မွာ ပိုးေတြ႕လူနာ ၁၈၅ ဦးရွိခဲ့ရာမွာ။

က်န္းမာေရးဝန္ထမ္း ဆယ္ေယာက္ထက္ မနည္းရွိခဲ့တယ္လို႔လည္း ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္း ခ်ဳပ္ႏိုင္ဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။ ေရာဂါပိုးကူးစက္ႏိုင္ေျချမင့္မားတဲ့ က်န္းမာေရးဝန္ထမ္းေတြအျပင္ ေဈးေတြ၊ ဘတ္စ္ကားေတြနဲ႔ လူစု လူေဝးျဖစ္တဲ့ေနရာေတြမွာ ကိုဗစ္-၁၉ေရာဂါပိုးရွိ၊မရွိ က်ဘမ္းစစ္ေဆးသြားမယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာန ေျပာေရးဆို ခြင့္ရွိသူၫြန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။ေရာဂါပိုးရွိ၊မရွိ စစ္ေဆးေပးႏိုင္ဖို႔ ဦးစားေပးအုပ္စု (၆) ခုခန႔္ သတ္မွတ္ ထားၿပီး ေရာဂါကူးစက္ႏိုင္ေျခမ်ားတဲ့ ေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္တဲ့ ဆရာဝန္၊သူနာျပဳနဲ႔ က်န္းမာေရးဝန္ထမ္းေတြ၊

ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဝန္ထမ္းေတြ၊က်န္းမာေရးမႉး၊ သားဖြားဆရာမ၊ ျပည္သူူ႔က်န္းမာေရးႀကီးၾကပ္ေတြကို ပထမဦးစားေပး စစ္ေဆးေပးမယ္ လို႔သိရပါတယ္။ဒါ့အျပင္ လူေတြ ႀကိတ္ႀကိတ္တိုး စည္ကားႏိုင္တဲ့ ေဈးေတြ၊ ႏွာေခါင္းစည္းတပ္တာ နည္းပါးတဲ့ ေနရာ ေတြမွာ ရွိေနၾကသူေတြ၊ အမ်ားျပည္ သူဝန္ေဆာင္မႈေပးတဲ့ ကညနဝန္ထမ္း၊ အုပ္ခ်ဳပ္ေရးဝန္ထမ္းေတြစတဲ့ ႏိုင္ငံ့ဝန္ထမ္းေပါင္းစုံ၊ ဘဏ္ဝန္ ထမ္းေတြ၊ ဆိုက္ကား၊ဘတ္စ္ကား၊ အဌားယာဥ္ ေမာင္းသူအစရွိသျဖင့္ လူအမ်ားစုနဲ႔ ထိေတြ႕ဆက္ဆံရသူေတြကို ဦးစားေပးစစ္ေဆး သြား မယ္ လို႔လည္း ေဒါက္တာသန္းႏိုင္ စိုးက ဆိုပါတယ္။အဓိကက ေရာဂါကူးစက္ႏိုင္ေျခမ်ားတဲ့ သူေတြေပါ့။

က်န္းမာေရး ဝန္ထမ္းေတြဆို ပိုးေတြ႕ႏိုင္ေျခမ်ားတယ္။ ဒါေၾကာင့္ လူအမ်ားစုပါဝင္ေအာင္ စစ္သင့္တဲ့အုပ္စုကေတာ့ က်န္းမာေရး ဝန္ထမ္း ေတြပဲ။ ေဆး႐ုံဝန္ထမ္းဆို ေသခ်ာတယ္ ပိုးစစ္ရမယ္။ ေနာက္တစ္ခုက လူေတြနဲ႔ အထိအေတြ႕မ်ားတဲ့သူေတြ။တစ္ခ်ိဳ႕ေနရာေတြက မက္စ္ တပ္ဖို႔ ေျပာလို႔မရတာ၊ ကိုဗစ္စည္းကမ္းလိုက္နာဖို႔ အ ဆင္မေျပတာမ်ိဳးေတြ ရွိႏိုင္တယ္။ ေနာက္တစ္ခုက ရပ္ကြက္ေတြထဲမွာ ပိုးေတြ႕လူ နာနဲ႔ Contact ရွိခဲ့တာ၊ တစ္ဖက္ႏိုင္ငံနဲ႔ အသြားအလာ ရွိခဲ့တဲ့သူေတြဆိုရင္လည္း သတင္းေပးပို႔ရင္ ကြၽန္ေတာ္တို႔ စစ္ေဆးေပးမယ္” လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

Credit : Duwun

UNICODE

လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး ဖြစ်ပွားမှုတွေ အစုလိုက်အပြုံလိုက် မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် လူအများနဲ့ ထိတွေ့မှုများပြားတဲ့ လူအုပ်စုတွေနဲ့ ကူးစက်နိုင်ချေမြင့်မားတဲ့ လူ အုပ်စုတွေအတွင်း ကျပန်းစနစ်ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးပေးသွားမယ်လို့လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ လူနာအမှတ်၃၇၅ က အစပြုပြီး ရောဂါပိုးတွေ့ရှိမှု ရုတ်တရက် တရှိန်ထိုးမြင့်တက်လာခဲ့ရာမှာ သြဂုတ် လ ၁၆ ရက်ကနေ ၂၇ ရက် မနက် ၈ နာရီအထိ ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာ ၁၈၅ ဦးရှိခဲ့ရာမှာ။

ကျန်းမာရေးဝန်ထမ်း ဆယ်ယောက်ထက် မနည်းရှိခဲ့တယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။ရောဂါပျံ့နှံ့မှုကို ထိန်း ချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဈေးတွေ၊ ဘတ်စ်ကားတွေနဲ့ လူစု လူဝေးဖြစ်တဲ့နေရာတွေမှာ ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ ကျဘမ်းစစ်ဆေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြောရေးဆို ခွင့်ရှိသူညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးနိုင်ဖို့ ဦးစားပေးအုပ်စု (၆) ခုခန့် သတ်မှတ် ထားပြီး ရောဂါကူးစက်နိုင်ခြေများတဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ကျန်းမာရေးမှူး၊ သားဖွားဆရာမ၊ ပြည်သူူ့ကျန်းမာရေးကြီးကြပ်တွေကို ပထမဦးစားပေး စစ်ဆေးပေးမယ် လို့သိရပါတယ်။ဒါ့အပြင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနိုင်တဲ့ ဈေးတွေ၊ နှာခေါင်းစည်းတပ်တာ နည်းပါးတဲ့ နေရာ တွေမှာ ရှိနေကြသူတွေ၊ အများပြည် သူဝန်ဆောင်မှုပေးတဲ့ ကညနဝန်ထမ်း၊ အုပ်ချုပ်ရေးဝန်ထမ်းတွေစတဲ့ နိုင်ငံ့ဝန်ထမ်းပေါင်းစုံ၊ ဘဏ်ဝန် ထမ်းတွေ၊ ဆိုက်ကား၊ဘတ်စ်ကား၊ အဌားယာဉ် မောင်းသူအစရှိသဖြင့် လူအများစုနဲ့ ထိတွေ့ဆက်ဆံရသူတွေကို ဦးစားပေးစစ်ဆေး သွား မယ် လို့လည်း ဒေါက်တာသန်းနိုင် စိုးက ဆိုပါတယ်။အဓိကက ရောဂါကူးစက်နိုင်ခြေများတဲ့ သူတွေပေါ့။

ကျန်းမာရေး ဝန်ထမ်းတွေဆို ပိုးတွေ့နိုင်ခြေများတယ်။ ဒါကြောင့် လူအများစုပါဝင်အောင် စစ်သင့်တဲ့အုပ်စုကတော့ ကျန်းမာရေး ဝန်ထမ်း တွေပဲ။ ဆေးရုံဝန်ထမ်းဆို သေချာတယ် ပိုးစစ်ရမယ်။ နောက်တစ်ခုက လူတွေနဲ့ အထိအတွေ့များတဲ့သူတွေ။တစ်ချို့နေရာတွေက မက်စ် တပ်ဖို့ ပြောလို့မရတာ၊ ကိုဗစ်စည်းကမ်းလိုက်နာဖို့ အ ဆင်မပြေတာမျိုးတွေ ရှိနိုင်တယ်။ နောက်တစ်ခုက ရပ်ကွက်တွေထဲမှာ ပိုးတွေ့လူ နာနဲ့ Contact ရှိခဲ့တာ၊ တစ်ဖက်နိုင်ငံနဲ့ အသွားအလာ ရှိခဲ့တဲ့သူတွေဆိုရင်လည်း သတင်းပေးပို့ရင် ကျွန်တော်တို့ စစ်ဆေးပေးမယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

Credit :  Duwun

Add a Comment

Your email address will not be published.