အစိုးရက မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ကြေညာချက် ထုတ်ပြန်လိုက်ပြီ
CRD: MYANMA PLATFORM
UNICODE
ပြည်သူများအနေဖြင့် မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များကို အစိုးရဌာနအဖွဲ့အစည်းများသို့ လှူဒါန်းခြင်း ဖြစ်ပါက ၂၀၀၇ ခုနှစ်မိုဒယ် အ ထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး ဘယ်မောင်း ယာဉ်များအပြင် ညာမောင်းယာဉ်များပါ တင်သွင်းခွင့် ပြုမည် ဖြစ်သည်။ထို့ပြင် အများ ပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း မရှိသည့် လုပ်ငန်းသုံးယန္တရားများအတွက် လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်ခဲ့ သည့်ယာဉ်များကို တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ် ခုနှစ်သတ်မှတ်ခြင်းကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သည်။ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် လူစီးမော်တော်ယာဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊
လုပ်ငန်းသုံးယာဉ်(ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်)များကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များကို ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ ယန္တရားများကို ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တင်သွင်း ရမည်ဖြစ်ပြီး ယန္တရားများမှ အပ ကျန်တင်သွင်း သည့်ယာဉ်များအား ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည် ဟုလည်း ကြေညာထားသည်။
CRD: MYANMA PLATFORM