ရုပ်ရှင်လောကထဲမဝင်ခင်က လက်ဖက်ရည်ဆိုင်တွေကို မီးသွေး လိုက်ပို့၍ ဘဝကို ရုန်းကန်ခဲ့ ရကြောင်း ယွန်းရွှေရည် ဝမ်းနည်းစွာ ပြောပြ လာ
CRD: LET PAN
UNICODE
ဇာတ်ရံသရုပ်ဆောင် ယွန်းရွှေရည်က ငယ်ဘ၀ ရုပ်ရှင်လောကထဲ မရောက်ခင် လက်ဖက်ရည်ဆိုင် တွေမှာ မီးသွေးတောင်းလိုက်ပို့ရတဲ့အထိ ခက်ခဲစွာ ရုန်းကန်ခဲ့ရပုံကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာ ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးယွန်းရွှေရည်က ” “ကိုယ့်ကို ပေးထားတဲ့ အနုပညာကြေးနဲ့ ထိုက်တန်တဲ့ အနုပညာကို ပြန်လည် ပေးဆပ်မယ်။ ကိုယ့်ကို ခေါင်းဆောင် မင်းသမီးအဖြစ်ရိုက်စေချင်တဲ့ ပရိသတ်တွေ ကိုလည်းကျေးဇူးတင်တယ်…” လို့လည်း ပြောသွားခဲ့တာပါပရိသတ်ကြီးရေ။
သရုပ်ဆောင် ယွန်းရွှေရည် ကတော့ လက်ရှိမှာ အလုပ်သဘော အရ Online ပေါ်ကနေ အချိန်ပိုင်းနဲ့ Live လွှင့်ပြီး ဈေးရောင်းပေး နေ တယ်လို့ ဆိုပါတယ်။ ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေ ကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ် တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။Covid ကာလ မှာတော့ ယွန်းရွှေရည်ဟာ အနုပညာလုပ်ငန်းတွေကို ရပ်နားထားခဲ့တာပါ
ယွန်းရွှေရည်က ရုပ်ရှင်လောကထဲ မရောက်ခင် မိဘတွေရဲ့ စီးပွားရေး ခက်ခဲစဉ်က ရုန်းကန်ခဲ့ရပုံကို ပြောပြလာခဲ့တာဖြစ်ပါတယ်။ ယွန်းရွှေ ရည်က “အဖေက ဝပ်ရှော့လောကမှာ နာမည်ကြီး ဝပ်ရှော့ဆရာ တစ်ယောက်ပါ။ တခါတလေ မနက်မိုးလင်းထိ အလုပ်လုပ်နေတဲ့ နေ့ရက် တွေတောင်ရှိခဲ့ပါတယ် အရမ်းနာမည်ကြီးခဲ့ သလို ပိုက်ဆံလည်း တော်တော်ရှိခဲ့တာပေါ့။ အမတွေလက်ထက်က ကားတွေဘာတွေနဲ့ အေး အေးဆေးဆေး နေနိုင်ခဲ့ပေမယ့် နောက်ပိုင်း စီးပွားရေးကျသွားတဲ့အချိန်မှာ ဒုက္ခရောက်ခဲ့ရတယ်။
အမကိုယ်တိုင်လက်ဖက်ရည်ဆိုင် တွေမှာ မီးသွေးတောင်းလိုက်ပို့တဲ့အထိ လုပ်ခဲ့ရတာပေါ့ ။မရှက်ပါဘူး။ကိုယ့်မိသားစု အရေးကိုယ်ရှင်းရ တာ ဆိုတော့လေ….. အမဆရာကျော်ဇောလင်းဆီမှာ အပ်ပေးရင်းက ဒီလောကထဲ ရောက် လာခဲ့တာပါ။”ဒါကတော့ ပရိသတ်တွေ မသိ သေးတဲ့ ယွန်းရွှေရည်ရဲ့ ငယ်ဘဝဖြတ်သန်းခဲ့ရပုံ လေးပဲဖြစ်ပါတယ်နော်။
CRD:  LET  PAN
Add a Comment
Your email address will not be published.