တေက်ာ့ျပန္COVID-19ေၾကာင့္ ရန္ကုန္ေနျပည္သူမ်ား အေၾကာင္းမရွိရင္ အိမ္ျပင္မထြက္သင့္ ဟု ဝန္ႀကီး ဦးႏိုင္ငံလင္း ေျပာၿပီ

ကမာၻတစ္ဝန္း မွာလည္း လူစုလူေဝးနဲ႔ အခမ္းအနားေတြ လုပ္ရာကေန ကိုဗစ္ ျပန႔္ပြားမႈေတြ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ားမွာ ေတြ႕ရတဲ့အတြက္ ဒါကိုသတိျပဳဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ၫႊန္ၾကားေရးမႈး မစၥတာတက္ဒေရာ့က ဩဂုတ္လ(၂၇) ရက္ကသတိေပး ေျပာၾကားထား ပါတယ္။လူစုလူေဝး ကေတာ့ မျဖစ္မေနကို အျပင္ထြက္ရမယ့္ကိစၥရွိမွ အျပင္ထြက္ဖို႔။ လူစုလူေဝးတဲ့ ေနရာေတြ သြားဖို႔မေျပာနဲ႔ ကြၽန္ေတာ္ တို႔အျပင္ ထြက္ဖို႔ဆိုရင္ ကိုယ္ကလိုအပ္မွသာထြက္ဖို႔။

ကြၽန္ေတာ္တို႔တိုင္းအစိုးရ အဖြဲ႕ကလည္း လုပ္ႏိုင္သေလာက္ ျပန္လုပ္ေနတယ္။ဥပမာ Mask ကမ္ပိန္းေတြလုပ္တယ္။ ေနာက္ၿပီးႏွာေခါင္း စည္း Mask မတပ္ရင္ အေရးယူမယ္ဆိုတဲ့ကိစၥေတြ ျပည္သူလူထုကို ထပ္မံႏႈိးေဆာ္တယ္။ အထူးသျဖင့္ ရပ္ကြက္ေတြရဲ႕ ေဆး႐ုံ၊ ေဆးခန္း ေတြမွာ သံသယလူနာေတြေတြ႕ခဲ့လို႔ရွိရင္ကြၽန္ေတာ္တို႔အစိုးရရဲ႕ေဆး႐ုံေတြ Refer(စနစ္တက်ေပးပို႔ဖို႔)လုပ္ဖို႔ ကြၽန္ေတာ္တို႔ ၫႊန္ၾကားခ်က္ ေတြလုပ္ေနတယ္”လို႔ ဝန္ႀကီးဦးႏိုင္ငံလင္းကေျပာပါတယ္။

ကိုဗစ္ တစ္ေက်ာ့ျပန္ ျဖစ္ပြားမႈေတြရွိလာတဲ့ အတြက္ ရန္ကုန္တိုင္း အတြင္းရွိ ျပည္သူေတြ အေနနဲ႔ လူစုလူေဝးမ်ိဳး မေျပာ နဲ႔ အေၾကာင္းမရွိ ရင္ အိမ္ျပင္ထြက္တာ မ်ိဳးေတာင္ မလုပ္ေဆာင္သင့္ဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက သတိေပး ေျပာၾကား လိုက္ပါတယ္။အရင္က ကိုဗစ္နဲ႔ပတ္သက္လို႔ ရန္ကုန္တိုင္း အတြင္းမွာ ေျဖေလ်ာ့တာေတြ ရွိခဲ့ေပမယ့္ အခုခ်ိန္ မွာေတာ့ ကူးစက္ မႈ ေတြ ျမင့္တက္လာတဲ့ အတြက္ ၾကပ္ၾကပ္မတ္မတ္ ျပန္လည္ေဆာင္႐ြက္ေန တယ္ လို႔လည္း ဦးႏိုင္ငံလင္းက ေျပာပါတယ္။

CRD: PAN PYOE LAT

UNICODE

ကမ္ဘာတစ်ဝန်း မှာလည်း လူစုလူဝေးနဲ့ အခမ်းအနားတွေ လုပ်ရာကနေ ကိုဗစ် ပြန့်ပွားမှုတွေ နိုင်ငံတော်တော် များများမှာ တွေ့ရတဲ့အတွက် ဒါကိုသတိပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှုး မစ္စတာတက်ဒရော့က ဩဂုတ်လ(၂၇) ရက်ကသတိပေး ပြောကြားထား ပါတယ်။လူစုလူဝေး ကတော့ မဖြစ်မနေကို အပြင်ထွက်ရမယ့်ကိစ္စရှိမှ အပြင်ထွက်ဖို့။ လူစုလူဝေးတဲ့ နေရာတွေ သွားဖို့မပြောနဲ့ ကျွန်တော် တို့အပြင် ထွက်ဖို့ဆိုရင် ကိုယ်ကလိုအပ်မှသာထွက်ဖို့။

ကျွန်တော်တို့တိုင်းအစိုးရ အဖွဲ့ကလည်း လုပ်နိုင်သလောက် ပြန်လုပ်နေတယ်။ဥပမာ Mask ကမ်ပိန်းတွေလုပ်တယ်။ နောက်ပြီးနှာခေါင်း စည်း Mask မတပ်ရင် အရေးယူမယ်ဆိုတဲ့ကိစ္စတွေ ပြည်သူလူထုကို ထပ်မံနှိုးဆော်တယ်။ အထူးသဖြင့် ရပ်ကွက်တွေရဲ့ ဆေးရုံ၊ ဆေးခန်း တွေမှာ သံသယလူနာတွေတွေ့ခဲ့လို့ရှိရင်ကျွန်တော်တို့အစိုးရရဲ့ဆေးရုံတွေ Refer(စနစ်တကျပေးပို့ဖို့)လုပ်ဖို့ ကျွန်တော်တို့ ညွှန်ကြားချက် တွေလုပ်နေတယ်”လို့ ဝန်ကြီးဦးနိုင်ငံလင်းကပြောပါတယ်။

ကိုဗစ် တစ်ကျော့ပြန် ဖြစ်ပွားမှုတွေရှိလာတဲ့ အတွက် ရန်ကုန်တိုင်း အတွင်းရှိ ပြည်သူတွေ အနေနဲ့ လူစုလူဝေးမျိုး မပြော နဲ့ အကြောင်းမရှိ ရင် အိမ်ပြင်ထွက်တာ မျိုးတောင် မလုပ်ဆောင်သင့်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သတိပေး ပြောကြား လိုက်ပါတယ်။အရင်က ကိုဗစ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်း အတွင်းမှာ ဖြေလျော့တာတွေ ရှိခဲ့ပေမယ့် အခုချိန် မှာတော့ ကူးစက် မှု တွေ မြင့်တက်လာတဲ့ အတွက် ကြပ်ကြပ်မတ်မတ် ပြန်လည်ဆောင်ရွက်နေ တယ် လို့လည်း ဦးနိုင်ငံလင်းက ပြောပါတယ်။

CRD:  PAN  PYOE  LAT

Add a Comment

Your email address will not be published.