ရခိုင္ျပန္ ကိုဗစ္ သံသယလူ ေတြ ကို လည္ေခ်ာင္းတို႔ဖက္“အာေခါင္တို႔ဖတ္” ယူ ရတဲ့ ဖိုက္တာ ေအာင္မ်ိဳး ရဲ႕ ႀကဳံေတြ႕ ရတဲ့ တစ္ေန႔ တာ

ဆိုေတာ့က် ေျပာခ်င္တာက ဒီက ကိုေအာင္မ်ိဳးကို ႏွယ္ႏွယ္ရရ မမွတ္ၾကပါနဲ႔။ တကယ့္ ဖိုက္တာႀကီးရယ္ပါ။ ဒီေန႔ပဲၾကည့္။ ကြာရန္တင္းထဲ မွာ ဖိုက္တယ္။ က်ဴးတဲေလးထဲမွာ ဖိုက္တယ္။ စည္ပင္သာယာနဲ႔ ဖိုက္တယ္။ ဖိုက္ ဖိုက္ ဖိုက္။အဲ… အႏိုင္အရႈံး စ ကားေတာ့ မေျပာနဲ႔ေပါ့။ အဲဒါ အားကစားသမား စိတ္ဓာတ္မရွိရာက်တယ္။ဖိုက္တာမ်ိဳး.. ေအာင္မ်ိဳး ကို ႏွယ္ႏွယ္ရရ မမွတ္ၾက ပါနဲ႔။ေျပာရရင္ မနက္ အေစာႀကီး တိုင္းက်န္းမာေရး႐ုံး ကို ေရာက္ ေနတာက စရမွာပဲ။ မေန႔ ကတည္းက ရခိုင္ျပန္ ကိုဗစ္သံသယလူေတြကို ‘တို႔ဖတ္’ ယူဖို႔ တာဝန္ေပးခံထား ရလို႔ ဒီမနက္ေတာ့ ေစာေစာထ ကားေမာင္းခဲ့ကာ၊ တိုင္း႐ုံးထဲေရာက္ေနတယ္။

ကိုဗစ္တို႔ဖတ္ေတြ ထည့္ရတဲ့ တို႔ဖတ္ဘူးေလးေတြ ကို ‘ဗီတီအမ္’ လို႔ေခၚတယ္။ viral transport media ေပါ့။ ႏွာေခါင္းထဲ အာေခါင္ထဲ ဂြမ္းတံေလးေတြနဲ႔ ထိုးၿပီးရင္ အဲဒီဘူးေလးထဲ ထည့္ပိတ္ ပို႔ရတာ။ လက္သူႂကြယ္ေလာက္ ရွိမယ့္ ပလတ္စတစ္ဘူး အရွည္ေလးေတြ။ ေနာက္တစ္ခုက ဗက္ဆင္း ကယ္ရီယာ ေခၚတဲ့ဟာ။ ဗမာလို ေရခဲပုံး ဆိုပါစို႔။ သို႔ေပမယ့္ သူက အပိတ္အဖြင့္မွာ ကလစ္ေလး ေတြ ပါတယ္။ အဖုံးကို သိုင္းႀကိဳးနဲ႔ ဘာနဲ႔ ေသခ်ာ အက်အန ပိတ္ထားရင္ ေတာ္႐ုံအက်င့္မရွိတဲ့လူ ျဗဳန္းခနဲ႔ မဖြင့္တတ္ဘူး။ ၿပီးေတာ့ သူ႔ကို ၾကည့္လိုက္ ရင္ ေရခဲပုံးဆိုတာထက္ ေသတၱာနဲ႔ ပိုတူတယ္။

အထဲမွာ ေရခဲေျခာက္ေခၚတဲ့ ပလတ္စတစ္ဘူးနဲ႔ အေအးခံ ထားတဲ့ ေရခဲေတာင့္ ေလးေတြ ပါပါတယ္။ကြၽန္ေတာ္တိုင္း ႐ုံးကို အေစာႀကီး ေရာက္ေနတာက တို႔ဖတ္ယူဖို႔အတြက္ အဲဒီ ပစၥည္းေတြ လာထုတ္တာ။ ေနာက္လည္း ယူရဦးမယ့္အတူတူ ပိုထုတ္ခဲ့မယ္ ေတြးတာ။ တို႔ ဖတ္ဘူးက လိုသေလာက္ရေပမယ့္ ေရခဲပုံးကေတာ့ အခုသုံးဖို႔ အျပင္၊ ေနာက္တစ္ပုံးပဲ အပိုရတယ္။ ဒီေတာ့လည္း ႏွစ္ပုံးေပါ့။အဲဒါ ရတာ ေလးေတြထုတ္၊ ကြၽန္ေတာ့္ ေခြးဘီလူးကားေလး ေပၚတင္ၿပီး တို႔ဖတ္ယူရမယ့္ ဇီဝိတဒါန သံဃာ့ေဆး႐ုံကို ျမန္းခဲ့တယ္ေပါ့။ ဒီအထိက ေခ်ာ ေနတာပဲ။ဟိုေရာက္ေတာ့ တာဝန္က် ဆရာမေတြနဲ႔ တို႔ဖတ္ယူဖို႔ ျပင္ဟယ္ ဆင္ဟယ္ေပါ့။

ကြၽန္ေတာ္တို႔ အလုပ္လုပ္ၾကပုံက ဒီလို။ တို႔ဖတ္ဘူးေလးေတြေပၚ နာမည္၊ အသက္ ေရးကပ္ၿပီးေတာ့ တို႔ဖတ္ အယူခံရမယ့္ အဖြဲ႕ေတြထဲ တစ္ေယာက္ခ်င္း နာမည္ေခၚ ေဝလိုက္တယ္။“ကိုယ့္နာမည္ပါတဲ့ ကိုယ့္ဘူးေလး ကိုယ္ ကိုင္ထားၿပီး တန္းစီၾကပါ၊ ကိုယ့္ဘူး ကိုယ္ ကိုင္ ထားပါေနာ္။ အခ်င္းခ်င္း ဘူးခ်င္းမလဲပါနဲ႔။ ေျခာက္ေပစီ ခြာေနပါ” ဘာညာေပါ့ဗ်ာ။ အဲဒီလိုေတြ မွာတမ္းေႁခြၿပီးေတာ့က် ကြၽန္ေတာ္က ပီပီ အီးေခၚတဲ့ အကာအကြယ္ဝတ္စုံ ဝတ္တဲ့ၿပီး၊ တစ္ေယာက္ခ်င္းေခၚကာ တို႔ဖတ္ယူေတာ့တာပဲ။ကေလးေတြ ဘာေတြ တို႔ဖတ္ယူတဲ့ပုံ ေဖ့ ဘုတ္ကၾကည့္ၿပီး ဒရာမာေတြ ထထခ်ိဳးေနတဲ့ လူေတြျမင္ရင္ ကြၽန္ေတာ္က တအားငိုခ်င္တာပဲ။

ဘာလို႔လဲဆို တကယ့္ေျမျပင္မွာ ကေလးနဲ႔ေတြ႕လို႔ ဇာတ္နာရတာက တို႔ဖတ္ယူတဲ့ ဓာတ္ခြဲမႉးပါခင္ဗ်ာ။အခုပဲ ၾကည့္ေလ။ လူေလးငါး ေယာက္ ယူၿပီးေတာ့ အလွည့္က်တာ ကေလးေလး။ သုံးႏွစ္သားေလာက္ ရွိမွာေပါ့။ ကြၽန္ေတာ့္ ျမင္ကတည္းက ဒီေကာင္က ငိုတာပဲ။ ကြၽန္ ေတာ္လည္း သနားလို႔ တစ္ခြန္းစ ႏွစ္ခြန္းစ ဝင္ေခ်ာ့ပါေသးတယ္။ အဲဒါ ကေလးအေမက“ဆရာ့ကို သူက လူလို႔ မထင္ၿပီး တအားငိုေနတာ ဆရာ။ ဆရာဆီက စကားသံၾကားေလ ပိုဆိုးေလပဲ” တဲ့။ ဪ ပီပီအီးဝတ္ထားတဲ့ ငါ့ပုံဟာ သတၱဝါႀကီး တစ္ေကာင္လို အင္မတိအင္မတန္ ခန႔္ညားလို႔ ျဖစ္မွာပဲလို႔၊ ပီတိမ်က္ရည္ေလးေတြပါ လဲ့လာမိလိုက္ပါေသးတယ္။

ၿပီးေတာ့ ေနာက္တစ္ေယာက္က ရခိုင္မ။ ၁၆ ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ရယ္၊ ၈ ႏွစ္ေလာက္ဟာေလးရယ္၊ သမီးႏွစ္ေယာက္ ပါ တယ္။ ခပ္ကဲကဲ ကေလးမိခင္တို႔ရဲ႕ အထာေပါ့ခင္ဗ်ာ။ သမီးရယ္ ဘာရယ္ ျပာဆာေနတာပဲ။ ကြၽန္ေတာ္က သူတို႔ရဲ႕ ေၾကာက္စိတ္ကို နား လည္ေပးၿပီး ျဖည္းျဖည္းညင္သာ ယူေပးပါတယ္။ ဒါနဲ႔ေတာင္ ၈ ႏွစ္ေကာင္မေလးက ကမာၻပ်က္ ေအာင္ ေအာ္သဗ်။ အ။ ပီပီအီးထဲက ေတာင္ နားပင္းယူတယ္ဗ်ာ။သူၿပီးေတာ့ ၁၆ ႏွစ္သမီး ေကာင္မေလး။ ဒါေလးကေတာ့ ရွက္တတ္တဲ့ အ႐ြယ္မို႔ မေအာ္ဘူး။ သို႔ေသာ္ မ်က္ ရည္ေတာက္ေတာက္က် ရႈိက္ရႈိက္ၿပီး ငိုတာဗ်ာ။ ကြၽန္ေတာ့္မွာ သူ႔ကို တို႔ဖတ္ယူေပးေနရင္းေတာင္ ရင္ထဲက သနားလာမိပါတယ္ ဆို။

အို။ တကယ္ေတြ ရင္ထဲ အဲလိုျဖစ္တာပါ ဆိုမွ။ သူတို႔အေမႀကီး ဆိုတာလည္း သမီးေတြအနားထိလာၿပီး တေခ်ာ့ေခ်ာ့ေပါ့။ ၿပီးေတာ့က် အ ေမႀကီး အလွည့္။ ဒီမွာ ျပႆနာတက္တာပဲ။ ကြၽန္ေတာ္ကလည္း ပထမ ၈ ႏွစ္သမီးေလးတုန္းက ေအာ္လြန္းၿပီး နားၿငီးလို႔။ ဒုတိယ ၁၆ ႏွစ္ မေလးက် သနားၿပီး ကိုယ္ပါ မ်က္ရည္ဝဲလာလို႔၊ ခပ္ျမန္ျမန္ပဲ ယူေပးလိုက္မိတာ။ အဲဒါ သူ႔သမီးေတြကို ငိုေအာင္လုပ္တဲ့ ကြၽန္ေတာ့္ကို မ်က္ ေစာင္းတခဲခဲ ျဖစ္ေနတဲ့ ရခိုင္မႀကီးက်မွ တို႔ဖတ္မယူခင္ သူ႔လက္ထဲက တို႔ဖတ္ဘူး ယူၾကည့္လိုက္ မိတာ၊ နာမည္က လြဲေနပါေရာ။ လြဲေန တာက သူ႔သမီးတစ္ေယာက္နဲ႔ တို႔ဖတ္ဘူးခ်င္း လြဲေနတာ။ ကဲ… မခက္ၾကဘူးလား။

ဒါဆို ေစာေစာက ကေလးမႏွစ္ေယာက္ထဲက တစ္ေယာက္ကို သူ႔အေမနာမည္ပါတဲ့ ဘူးနဲ႔ ယူေပးလိုက္မိတာ။ ဆိုေတာ့ကာ ဘယ္သူ႔ကို ဘယ္ဘူးနဲ႔ ယူေပးလိုက္တာလဲ။ ဒါကိုေမးေတာ့ သူတို႔သားအမိေတြလည္း မမွတ္မိဘူး။ပီပီအီးဆိုတာက ဝတ္ထားရသူအတြက္ စကၠန႔္နဲ႔အ မွ် ပူတာမ်ိဳးပါ။“ခင္ဗ်ားတို႔ဗ်ာ။ ဘူးေတြ အခ်င္းခ်င္း မလဲပါနဲ႔ လို႔ ကြၽန္ေတာ္ အတန္တန္ မွာထားလ်က္နဲ႔…” ဆိုၿပီး ေျပာေတာ့ ရခိုင္မက လည္း “အို… ဘယ္သိမလဲ၊ ဒီကလည္း သားအမိခ်င္းေတြ မွားသြားတာပဲ” ဆိုကာ မေက်မနပ္ ပြစိပြစိ။သို႔ေသာ္ ဓာတ္ခြဲ အေျဖတို႔ရဲ႕ သေဘာ က သားအမိခ်င္းလို႔ မရွိပါဘူး။ ဆိုေတာ့ကာ မင္းတုန္းမင္းႀကီးလို “မေက်နပ္ တစ္ကျပန္စ” ပဲ။

“ကဲ… အခုယူမယ့္ အန္တီ့ဘူးကိုေတာ့ အန္တီမွန္း သိေနေတာ့ နာမည္ ျပင္ကပ္ေပးလိုက္လို႔ ရတယ္။ ဒါေပမယ့္ အန္တီ့ သမီးႏွစ္ေယာက္ ေတာ့ ဘယ္သူ႔ဟာက ဘာမွန္းမသိေတာ့ ႏွစ္ေယာက္လုံး ျပန္ယူရမွာ” ဆိုေတာ့၊ဟို ၈ ႏွစ္သမီးဟာဗ်ာ၊ အဲဒီစကား ၾကားလိုက္ ကတည္းက ၿဗဲခနဲ႔ ၿဗဲခနဲ႔ ေအာ္ၿပီး ငိုတာငိုတာ ဆိုတာ၊ ကြာရန္တင္းစင္တာ တစ္ခုလုံးက ထြက္ၾကည့္ၾကတယ္။မတတ္ႏိုင္။တစ္ကျပန္စ။ ပထမ အဆိုပါ အာၿဗဲမေလး။ သူ႔အေမက ေခ်ာ့ဟယ္၊ (ကြၽန္ေတာ့္ကို ေစာင္းေျပာသလိုလိုမ်ိဳး) ဆဲဟယ္ ဆိုဟယ္ ေျခာက္ဟယ္ နဲ႔ အဆင္ေျပသြားပါတယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္သနားတဲ့ ၁၆ ႏွစ္မေလး။ ခမ်ာ ေစာေစာကလို ငိုရွာ တာပဲ။ ငိုလည္း တို႔ဖတ္ေတာ့ ယူရတယ္။

အာေခါင္က အဆင္ေျပပါတယ္။ ႏွာေခါင္းမွာ ပထမတစ္ဖက္ အၿပီး ေနာက္ဆုံး ဒုတိယတစ္ဖက္မွာ ကေလးမက ငိုေနရင္းမို႔ မႊန္လြန္းလာသ လား မသိ၊ ကြၽန္ေတာ့္လက္ကို တအား ပုတ္ထုတ္ပစ္လိုက္တာ ‘ေျဖာင္း’ ခနဲ႔ေနတာပဲ ခင္ဗ်ာ။ ဒီမွာ လက္ထဲက တို႔ဖတ္တံလည္း ဘယ္လႊင့္ သြားမွန္းေတာင္ မသိပါဘူး။ကြၽန္ေတာ္က တို႔ဖတ္တံ ဘယ္လြင့္သြားမွန္း မသိဘူးလို႔ ေရးတယ္ေနာ္။ အို… သူ႔အေမကေတာ့ သိတယ္ဗ်။ ဟိုး အေဝးႀကီးက ေျမႀကီးေပၚ အလ်ားလိုက္လွဲေနတဲ့ တို႔ဖတ္တံေလး ေျပးေကာက္တဲ့ၿပီး ေပးရွာတယ္။ သို႔ေသာ္ ဓာတ္ခြဲတို႔ရဲ႕ သေဘာကား ထို႔ သို႔ ေျမႀကီးေပၚက်ၿပီးသားႀကီး ပို႔ေပးလို႔မရျပန္။“ေနာက္ထပ္ ထပ္ထိုးရမယ္ ခင္ဗ်” ဆိုေတာ့က်။

သူေလးတို႔ ေမေမမ်က္ႏွာ ဘယ္လိုျဖစ္သြားမယ္ဆိုတာ စဥ္းစားသာ ၾကည့္ပါေတာ့ ခင္ဗ်ာ။အဲဒါမ်ိဳးေတြ လူ ၃၁ ေယာက္ ယူၿပီးၿပီဆိုေတာ့ ကိုေအာင္မ်ိဳးႀကီး တအားပင္ပန္းတယ္ေပါ့။ တို႔ဖတ္ဘူးေလးေတြ စီၿပီး ေရခဲပုံးထဲထည့္၊ ပိတ္ျပဳၿပီးေတာ့ ပီပီအီးဘာညာ ခြၽတ္ကာ ေအးျမ ျခင္းရဲ႕ အရသာကို ေကာ္ရစ္ဒါတေလ်ာက္ လမ္းေလွ်ာက္ရင္း ခံစားတယ္ေပါ့။ေအာင္မယ္မယ္။ လူနာခန္းေတြေရွ႕ ျဖတ္ေတာ့ မွန္ခန္းထဲက ေန ေစာေစာက ဂြမ္းတံနဲ႔ သုံးခါအထိုးခံလိုက္ရတဲ့ ၁၆ ႏွစ္မေလးက သိသိသာသာ မ်က္ေစာင္းထိုးျပတယ္။ သို႔ေသာ္ သူဟာ နဂါးမေလးျဖစ္ ခဲ့ရင္ေတာင္ အဲဒီ ထိုးလိုက္တဲ့ မ်က္ေစာင္းဟာ၊ ဒီက ကိုေအာင္မ်ိဳးႀကီးရဲ႕ တိုင္းျပည္နဲ႔လူမ်ိဳး အပါအဝင္။

တိုင္းရင္းသား ရခိုင္ေတြအေပၚ ထားတဲ့ ေမတၱာအဟုန္ကို ခြင္းၿပီး ထြင္းႏိုင္လိမ့္မယ္ မထင္မိေပါင္။ ဟီဟီ။ အဲဒါ တိုက္တိုက္ဆိုင္ဆိုင္ဗ်ာ က ေလးမက ကိုယ့္ကို မ်က္ေစာင္းလွမ္းအထိုး၊ ကြၽန္ေတာ့္ ဘယ္ဘက္မ်က္စိထဲ ပိုးေကာင္ေလး ဆတ္ခနဲ႔ဝင္ ထင္ပါရဲ႕၊ ဖ်တ္ခနဲ႔ မ်က္လုံးတစ္ ဖတ္ မွိတ္လိုက္မိတာကို… ဟို အေမလုပ္တဲ့ ရခိုင္မက ျမင္ျဖစ္ေအာင္ ျမင္ၿပီး ေရခြက္ကို ေဆာင့္ခ်တယ္။ အဲ… ဒါႀကီးကေတာ့ ဘယ္ေမတၱာ အဟုန္နဲ႔မွ တားႏိုင္မယ္မထင္လို႔ ျမန္ျမန္ေလးပဲ လစ္ခဲ့ပါေတာ့တယ္။ကြၽန္ေတာ္ အခု ေရးျပတဲ့ ဇီဝိတကြာရန္တင္း စင္တာဟာ ကန္ေတာ္ ႀကီးမွာပါ။ မႏၲေလးမွာ ကိုဗစ္ေတြ စစ္တဲ့ဌာနက ၃၅ လမ္းမွာ။

ဒီေတာ့လည္း ကြၽန္ေတာ့္မွာ တို႔ဖတ္ဘူးေတြ ထည့္ထားတဲ့ ေစာေစာက ေရခဲပုံးႀကီး ေခြးဘီလူးကားေလးေနာက္တင္ကာ ကန္ေတာ္ႀကီး လမ္းအတိုင္း အေရွ႕တက္ခဲ့တယ္ေပါ့။ အဲဒါ ၿမိဳ႕ေဟာင္းေဈး လမ္းဆုံအေရာက္မွာ ကားတန္းထဲ ပိတ္မိေနၿပီး လမ္းနည္းနည္းၾကပ္လို႔ ေမွး ေမာင္းရတယ္ မို႔လား။ အဲလို ေနတုန္း စိတ္ကူးယဥ္တာေပါ့။တကယ္ဆို ငါ သူတို႔ေလးေတြကို ဒီ့ထက္ခ်ိဳခ်ိဳသာသာ ဆက္ဆံခဲ့သင့္တာ” ဘာ ညာ ေပါ့ဗ်ာ။ အေတြးေတြ ပြားေနတာ။ “တကယ္လို႔ အစိုးရကသာ မပူတဲ့ ပီပီအီးေတြ တီထြင္ေပးမယ္ဆို ငါဒီထက္ ခ်ိဳခ်ိဳသာသာ ေျပာဆို ႏိုင္မွာပဲ” အစိုးရကိုလည္း နာနာဆဲေပါ့။ ဟီးဟီး။ အဲလိုေတြ ေတြးေနတုန္း ကားေနာက္ခန္းဆီက ညိမ့္ခနဲ႔ တစ္ခ်က္ခံစားလိုက္ရၿပီး။

ေဘးကေန တစ္ေယာက္ေယာက္က လွမ္းေအာ္တာ“ယူသြားၿပီ၊ ယူသြားၿပီ၊ ခင္ဗ်ား ဟာႀကီး ယူသြားၿပီ” တဲ့။ဟ… ေသာက္လေခြး။ ေခြးဘီ လူး ကားေနာက္ခန္းမွာ တင္ထား တဲ့ ကိုဗစ္ေရခဲပုံးႀကီး လူယူေျပးတာဗ်ား။ အား။ ဘာေျပာေကာင္းမလဲ။ ကြၽန္ေတာ္လည္း ကားေပၚက ဆင္းၿပီး ဒုန္းစိုင္းလိုက္ေတာ့တာေပါ့။စိတ္ဟာ လက္ဖ်စ္တတြတ္အတြင္း ကုေဋဘယ္ႏွသန္းဆိုလား ျဖစ္တယ္ဆိုရဲ႕။ ဒီ ေရခဲပုံးႀကီး ျပန္မ ရရင္ ၃၁ ေယာက္လုံး အသစ္ ျပန္ယူရမွာ။ ေစာေစာကမွ တို႔ဖတ္အယူခံထားရတဲ့ လူအုပ္ႀကီးဟာ ေနာက္တစ္ခါသာဆို…. အို… ငါေတာ့ ေသၿပီ။ တျခားလူေတြအသာထား ဟို ရခိုင္မ လုပ္တာနဲ႔ ပဲ ငါေသမွာ။

ငါမေသခ်င္ေသး။ ေတာ္ၾကာ … ရခိုင္မေလးငို…. အဲ …ဟုတ္ေပါင္။ လိုက္ဟ ေအာင္မ်ိဳးရ။ မင္း ျပႆနာ မတက္ခ်င္ရင္ အဲဒီ ရဲခဲပုံးႀကီး မရ ရေအာင္ လိုက္ယူဟ ေပါ့ဗ်ာ။ယူေျပးတာကလည္း ကေလးသာသာ ေကာင္ေလးဗ်။ မေအေပးေလးက ကိုဗစ္ပုံးကို ဘာထင္ေနတယ္ မသိ။ ကေလးသာဆိုတယ္ အေျပးက ခ်န္ပီယံလားမသိ။ သင္းကိုေတာ္ေတာ္နဲ႔ မမိ။ အႀကိဳအၾကားေတြ အကုန္ေလွ်ာက္ေျပးၿပီးတဲ့ အဆုံးက်မွ အိမ္ေလးတစ္လုံးထဲ ဝင္သြားတယ္။ ကြၽန္ေတာ္လဲ ေဟာဟဲခတ္ေနၿပီ။“ေစာေစာက ကေလးယူေျပးသြားတဲ့ ပုံးေလး ကြၽန္ေတာ္ျပန္လိုခ်င္ လို႔ပါ”အိမ္ေရွ႕ကျပင္မွာ ထဘီရင္ရွားနဲ႔ မိန္းမ၊ ဘာေတြလည္း မသိ၊ ကုန္းလုပ္ေနရာက မလႈပ္ပါ။

ေတာ္ေတာ္ ၾကာၾကာ ဇြဲခတ္ေမးေတာ့မွ..“ဘယ္က ကေလးလဲ။ ဒီအိမ္မွာ ဘာကေလးမွ မရွိဘူး” တဲ့။ အထဲက အသက္ ၅၀ ေလာက္ လူႀကီး တစ္ေယာက္ ထြက္လာၿပီး ေျဗာင္လိမ္တာ။ ဗိုလ္ခ်ဳပ္ခင္ၫြန႔္ ေခတ္က ႏြားခိုးတဲ့ ႐ြာတစ္႐ြာ ရွိဆိုလား။ အဲဒီ႐ြာက ႏြားခိုးၿပီး တစ္႐ြာလုံး မွ် စားၾကတာတဲ့။ ဒါေပတဲ့ ႐ြာထဲက ႀကိဳက္တဲ့ ကေလး တစ္ေယာက္ေယာက္ ကို “မင္းတို႔အိမ္ ဘာခ်က္လဲ” ေမး၊ “ဂဂြၽန္း႐ြက္ေၾကာ္” လို႔ခ်ည္း ေျဖတာဆိုပဲ။ အခုလည္း ဒီလူေတြက အဲဒီ “ဂဂြၽန္း႐ြက္ေၾကာ္” ဆိုတဲ့ အကြက္ေတြ။ကြၽန္ေတာ္လည္း ေမာေနေတာ့ ၾကာၾကာ စိတ္မရွည္ခ်င္။ အဲဒီ ကေလးယူသြားတာ အဖိုးတန္ ပစၥည္း ဘာညာ ပါတဲ့ ေသတၱာမဟုတ္၊

အခု ေခတ္စားေနတဲ့ ကိုဗစ္ပိုးေတြ သယ္လာတဲ့ ဟာလို႔လည္း ရွင္းျပလိုက္ေရာ“ေဟ့ ရဲေဇာ္ဝင္း၊ သူေတာင္းစားေလး။ နင့္ေစာက္ေသတၱာ ႀကီးပါ ျမန္ျမန္ယူၿပီး ထြက္ခဲ့” တဲ့။ မိန္းမက ေၾကာက္လန႔္တၾကား စြတ္ေအာ္တာ။ ေစာေစာက ကေလးဟာ မ်က္ကလူးဆန္ျပာနဲ႔ ေစာေစာ က သူယူေျပးတဲ့ ေရခဲပုံးကို သိုင္းႀကိဳးကေန တံျမက္စည္း႐ိုးနဲ႔ ထိုးမၿပီး ထြက္လာရွာတယ္။ အို… ေၾကာက္တတ္လိုက္တာ။“ေဟ့… ေနဦး။ မင္း ကလိမ္ကက်စ္ မလုပ္နဲ႔”ဟို… အသက္ ၅၀ အ႐ြယ္ ဦးေျဗာင္လိမ္ႀကီးက ကြၽန္ေတာ့္ကို လွမ္းေျပာတာ။ ကြၽန္ေတာ္က အံ့ႀကီးမက ဩ သြားၿပီး“ခင္ညာ … ကြၽန္ေတာ္ ဘာမ်ား ကလိမ္ကက်စ္ လုပ္မိတာပါလိမ့္” ဆိုေတာ့ ဟိုလူႀကီးက လက္ယဥ္တယ္။

ကြၽန္ေတာ့္ အနားေရာက္ခ်လာၿပီး ပုခုံးကို ကိုင္ကာ ဇြတ္ထိုင္ခိုင္းတာ။“အဲဒီ ေသတၱာ ဖြင့္ျပ” တဲ့။ သူက အခုထိ ဒါကို တစ္ခုခုပါတဲ့ ေသတၱာ ထင္ေနေသးတာ။ ေဘးဘီၾကည့္လိုက္ေတာ့ ပတ္ဝန္းက်င္ကလည္း က်ိဳးတို႔ က်ဲတဲ။ အို… မဟုတ္လည္း ကိုယ့္အထဲ ဘာပါတာ မွတ္လို႔ဆို ၿပီး နားေအးေအာင္ ဖြင့္ျပလိုက္တာ…ဟာ… အထဲမွာ ဘာမွကို မပါဘူးဗ်ာ။ တကယ္ကို ဘာမွ မပါတာ။ ကြၽန္ေတာ့္မ်က္ႏွာ ျပာထြက္သြား တာ။ ဒါကို ရိပ္မိတဲ့ ဟို ဦးေျဗာင္ျငင္းႀကီးက“ဘယ္မလဲ ကိုဗစ္ပိုး” တဲ့။ ကြၽန္ေတာ္လည္း ေခ်ာလဲေရာထိုင္ေပါ့ဗ်ာ။ အထဲက ေရခဲေျခာက္ ထုပ္ေလးေတြ အသာကိုင္တဲ့ၿပီး ပြတ္ကာသပ္ကာ“အို… ခင္ဗ်ားတို႔ ဒီဟာကို ကြၽန္ေတာ္မလာခင္ ဖြင့္လိုက္ၾကေသးလား။

သြားပါၿပီ။ ဒီအထုပ္ေလးေတြဟာ ကိုဗစ္ေတြထည့္ထားတဲ့ဟာ။ ၾကည့္။ အခု အရည္ေပ်ာ္စ ျပဳေနၿပီ။ သြားပါၿပီ။ သြားပါၿပီ” နဲ႔ ညည္းေၾကာ က္ႀကီး လုပ္ျပလိုက္တာ၊ ဟိုမိန္းမက ဦးေျဗာင္ျငင္းႀကီးကို ထကေလာ္တုပ္ပါေလေရာ။“ကို သိန္းဦး၊ သူေတာင္းစားႀကီး။ ေတာ္ ေတာ္ေတာ္ ရီးရွည္ပါလား။ သူ႔ ပစၥည္းသူ ျမန္ျမန္ ျပန္ေပးလိုက္” တဲ့။ သူတို႔ လင္မယား ပီယဝါစာ ခ်စ္ဖြယ္ေသာ စကားေတြနဲ႔ တစ္ေယာက္ကို တစ္ ေယာက္ က်ီစယ္ေနၾကတုန္း ကြၽန္ေတာ္လည္း ေရခဲပုံး အလြတ္ႀကီးကို စလြယ္သိုင္းကာ ကားရွိရာ ေျပးရျပန္ပါေတာ့တယ္။ ဘာေၾကာင့္ ေျပးရျပန္ပါသလဲ။ ဒီအေျဖကို ေပးရရင္ အခု ကြၽန္ေတာ္ မရမက လိုက္ယူထားတဲ့ ေရခဲပုံးထဲမွာ။

ဘာေၾကာင့္ တို႔ဖတ္ဘူးေတြ မပါေတာ့ပါသလဲ လို႔ ေတြးရမယ္ဗ်။ ဘယ္ပါမလဲဗ်။ ကြၽန္ေတာ္ တိုင္း႐ုံးကေန ေရခဲပုံးႏွစ္ပုံး ထုတ္ခဲ့တာ။ တစ္ ပုံးမွာ တို႔ဖတ္ဘူးေတြပါတယ္။ တစ္ပုံးမွာ မပါဘူး။ ေစာေစာက ကားတန္းထဲ ညပ္မိေနတုန္း ဟို ‘မအိမ္လုံး’ ေလး ယူေျပးတာက ပုံးအလြတ္ ႀကီးဗ်။ ကြၽန္ေတာ္က ျဗဳန္းခနဲ႔ဆို သူယူေျပးေတာ့ အဲဒါ မေတြးအားဘဲ ေျပးလိုက္ခဲ့တာ။ ဆိုေတာ့ကာ ကားေပၚမွာ က်န္ခဲ့တဲ့ ပုံးမ်ား၊ ကြၽန္ ေတာ္ အခု ဒီလိုလာေနတုန္း တစ္ေယာက္ေယာက္က ‘ဘုံး’ သြားရင္ ေသၿပီ။ ဟို ရခိုင္မနဲ႔တင္ ကြၽန္ေတာ္ေသၿပီ။ အို… ခေလးမေလးေတြရဲ႕ အေမကို ကြၽန္ေတာ္ ေၾကာက္တယ္။ ဒီေတာ့လည္း ေျပးေပဦးေတာ့ တစ္ေခါက္။

အဲဒါ ကားဆီ ေရာက္ေရာက္ခ်င္း ႀကိဳဆိုေနၾကတာက စည္ပင္သာယာေတြပါ။ သူတို႔က မရပ္ရမယ့္ ေနရာမွာ ကားရပ္ထားခဲ့လို႔ဆိုၿပီး ကြၽန္ ေတာ့္ကားကို ဘီးေသာ့ခတ္ၿပီးၾကၿပီ။ အီ။“တကယ္ေတာ့ကြာ… ဒီေရခဲပုံးေနာက္ လိုက္ရင္း….”ကြၽန္ေတာ္ ဘယ္လို ရွင္းျပျပ မရပါဘူး။ “ကြၽန္ေတာ္တို႔လည္း အဖြဲ႕နဲ႔မို႔ နားလည္ေပးပါ” တဲ့။ ဟုတ္တယ္။ သူတို႔ ကားဖမ္းလာတဲ့ အဖြဲ႕ဟာ ရွစ္ေယာက္တိတိ ရွိတယ္။ သူတို႔ နား လည္ခိုင္းတာကို ကြၽန္ေတာ္ နားလည္ပါတယ္။ ဝန္ထမ္းခ်င္းပဲ။ ညႇိလိုက္ရင္ တစ္ေသာင္းခြဲေလာက္နဲ႔ ျပတ္မွာပဲ။ အဲ…။ ဒီမွာ ဘာမဟုတ္တဲ့ ေသာက္ပိုအေတြးက ဝင္လာၿပီး ကိုယ့္ဟာကိုယ္ ဒရာမာေတြ ထခ်ိဳးတာ။

အို… ငါက ကိုဗစ္အတြက္ အလုပ္လုပ္ၿပီး ျပန္လာရတာ။ သြားတာလာတာ ဘာလမ္းစရိတ္မွလည္း ဘယ္သူကမွ ေပးတာမဟုတ္။ ကိုယ့္ ယဥ္ကိုယ့္ကားနဲ႔ ကိုယ္ဆီကိုယ္ထည့္ၿပီး အိတ္စိုက္လုပ္ေနရတာ။ … ရီးမွ တစ္ေသာင္းခြဲ အကုန္မခံႏိုင္ဘူးကြာ ဆိုတဲ့ၿပီးစစ္အစိုးရ ေခတ္က နည္းေပါ့ဗ်ာ။ ဟီးဟီး။ ကြၽန္ေတာ့္အသိ စည္ပင္သာယာက ‘အစ္ကိုႀကီး’ တစ္ေယာက္ဆီ ဖုန္းဆက္လိုက္တယ္။ အို… ကိုေအာင္မ်ိဳးလား။ ခ်က္ခ်င္းပဲ။ အဲဒီေကာင္ေတြ ဖုန္းေပးလိုက္ ကိုေအာင္မ်ိဳးတဲ့။ ဟဲဟဲ။ ဘာတတ္ႏိုင္ေသးလဲ ဆိုၿပီး ဖုန္းကို စပီကာဖြင့္ ေပးေျပာလိုက္တာ အဲဒါ ငါ့အသိ စာေရးဆရာပါကြာ၊ သူဆိုတာ ဓာတ္ခြဲမႉး။ အခုက ကိုဗစ္ အတြက္ ဆြက္ယူၿပီး ျပန္လာတာ၊

မင္းတို႔က ကူညီေပးလိုက္ပါ ဘာညာေပါ့ဗ်ာ။ အာဟာ… အာဟာ။ ခဏေနေတာ့မွ ကြၽန္ေတာ့္ဆီ ဖုန္းျပန္ေပးဖို႔ ေျပာၿပီး“ကိုေအာင္မ်ိဳး စပီ ကာပိတ္လိုက္ဦး” တဲ့။ ကြၽန္ေတာ္က ပိတ္ၿပီးၿပီလို႔ ေျပာေတာ့“အဆင္ေျပမွာပါ ကိုေအာင္မ်ိဳး။ ကြၽန္ေတာ္ ေျပာေပးထားတယ္တဲ့။ ဒါေပမယ့္ ေကာင္ေလးေတြ ေက်နပ္ေအာင္ ကိုေအာင္မ်ိဳးက မုန႔္ဖိုးေလးဘာေလး နည္းနည္းစီေတာ့ ေပးခဲ့လိုက္ပါဦး” တဲ့။စာဖတ္သူခင္ဗ်ာ။ ေပ်ာ္စ ရာႀကီးေနာ္။ ကြၽန္ေတာ္က လူလည္က်လိုက္ရတယ္လို႔ ထင္တယ္ မဟုတ္လား။ တကယ့္တကယ္မွာ သူ႔ဆီက ဖုန္းခ်ၿပီးၿပီးခ်င္း “ကိန္” ခနဲ႔ မေအာ္မိေအာင္ မနည္းႀကီး ေနလိုက္ရတာ ဒီက ေမာင္ေအာင္မ်ိဳးေလး ရယ္ပါ။

ကြၽန္ေတာ္က သူတို႔ အထက္လူႀကီးရဲ႕ သူငယ္ခ်င္း။ အင္း။ အဲဒီလိုေကာင္က ခ်က္ခ်င္းလက္ငင္း ကေလးေလးေတြ ျဖစ္သြားတဲ့ စည္ပင္ေလး ေတြကို စိတ္ကူးနဲ႔ မုန႔္ဖိုးေပးၾကည့္လိုက္ပါဗ်ာ။ တစ္ေယာက္ကို ႏွစ္ေထာင္ သုံးေထာင္ေပးလိုက္လို႔ ေကာင္းပါမလား။ အားပါးပါး။ အဲဒါ ငါး ရွစ္လီ ေလးဆယ္နဲ႔ ရွစ္ေယာက္စာ ေလးေသာင္း‌ေတာင္မွ ေတာင္းေတာင္းပန္ပန္ပါခင္ညာ။

အားလုံးကို ေပ်ာ္ေစခ်င္တဲ့(ေအာင္မ်ိဳးသူလြင္)

UNICODE

ဆိုတော့ကျ ပြောချင်တာက ဒီက ကိုအောင်မျိုးကို နှယ်နှယ်ရရ မမှတ်ကြပါနဲ့။ တကယ့် ဖိုက်တာကြီးရယ်ပါ။ ဒီနေ့ပဲကြည့်။ ကွာရန်တင်းထဲ မှာ ဖိုက်တယ်။ ကျူးတဲလေးထဲမှာ ဖိုက်တယ်။ စည်ပင်သာယာနဲ့ ဖိုက်တယ်။ ဖိုက် ဖိုက် ဖိုက်။အဲ… အနိုင်အရှုံး စ ကားတော့ မပြောနဲ့ပေါ့။ အဲဒါ အားကစားသမား စိတ်ဓာတ်မရှိရာကျတယ်။ဖိုက်တာမျိုး.. အောင်မျိုး ကို နှယ်နှယ်ရရ မမှတ်ကြ ပါနဲ့။ပြောရရင် မနက် အစောကြီး တိုင်းကျန်းမာရေးရုံး ကို ရောက် နေတာက စရမှာပဲ။ မနေ့ ကတည်းက ရခိုင်ပြန် ကိုဗစ်သံသယလူတွေကို ‘တို့ဖတ်’ ယူဖို့ တာဝန်ပေးခံထား ရလို့ ဒီမနက်တော့ စောစောထ ကားမောင်းခဲ့ကာ၊ တိုင်းရုံးထဲရောက်နေတယ်။

ကိုဗစ်တို့ဖတ်တွေ ထည့်ရတဲ့ တို့ဖတ်ဘူးလေးတွေ ကို ‘ဗီတီအမ်’ လို့ခေါ်တယ်။ viral transport media ပေါ့။ နှာခေါင်းထဲ အာခေါင်ထဲ ဂွမ်းတံလေးတွေနဲ့ ထိုးပြီးရင် အဲဒီဘူးလေးထဲ ထည့်ပိတ် ပို့ရတာ။ လက်သူကြွယ်လောက် ရှိမယ့် ပလတ်စတစ်ဘူး အရှည်လေးတွေ။ နောက်တစ်ခုက ဗက်ဆင်း ကယ်ရီယာ ခေါ်တဲ့ဟာ။ ဗမာလို ရေခဲပုံး ဆိုပါစို့။ သို့ပေမယ့် သူက အပိတ်အဖွင့်မှာ ကလစ်လေး တွေ ပါတယ်။ အဖုံးကို သိုင်းကြိုးနဲ့ ဘာနဲ့ သေချာ အကျအန ပိတ်ထားရင် တော်ရုံအကျင့်မရှိတဲ့လူ ဗြုန်းခနဲ့ မဖွင့်တတ်ဘူး။ ပြီးတော့ သူ့ကို ကြည့်လိုက် ရင် ရေခဲပုံးဆိုတာထက် သေတ္တာနဲ့ ပိုတူတယ်။

အထဲမှာ ရေခဲခြောက်ခေါ်တဲ့ ပလတ်စတစ်ဘူးနဲ့ အအေးခံ ထားတဲ့ ရေခဲတောင့် လေးတွေ ပါပါတယ်။ကျွန်တော်တိုင်း ရုံးကို အစောကြီး ရောက်နေတာက တို့ဖတ်ယူဖို့အတွက် အဲဒီ ပစ္စည်းတွေ လာထုတ်တာ။ နောက်လည်း ယူရဦးမယ့်အတူတူ ပိုထုတ်ခဲ့မယ် တွေးတာ။ တို့ ဖတ်ဘူးက လိုသလောက်ရပေမယ့် ရေခဲပုံးကတော့ အခုသုံးဖို့ အပြင်၊ နောက်တစ်ပုံးပဲ အပိုရတယ်။ ဒီတော့လည်း နှစ်ပုံးပေါ့။အဲဒါ ရတာ လေးတွေထုတ်၊ ကျွန်တော့် ခွေးဘီလူးကားလေး ပေါ်တင်ပြီး တို့ဖတ်ယူရမယ့် ဇီဝိတဒါန သံဃာ့ဆေးရုံကို မြန်းခဲ့တယ်ပေါ့။ ဒီအထိက ချော နေတာပဲ။ဟိုရောက်တော့ တာဝန်ကျ ဆရာမတွေနဲ့ တို့ဖတ်ယူဖို့ ပြင်ဟယ် ဆင်ဟယ်ပေါ့။

ကျွန်တော်တို့ အလုပ်လုပ်ကြပုံက ဒီလို။ တို့ဖတ်ဘူးလေးတွေပေါ် နာမည်၊ အသက် ရေးကပ်ပြီးတော့ တို့ဖတ် အယူခံရမယ့် အဖွဲ့တွေထဲ တစ်ယောက်ချင်း နာမည်ခေါ် ဝေလိုက်တယ်။“ကိုယ့်နာမည်ပါတဲ့ ကိုယ့်ဘူးလေး ကိုယ် ကိုင်ထားပြီး တန်းစီကြပါ၊ ကိုယ့်ဘူး ကိုယ် ကိုင် ထားပါနော်။ အချင်းချင်း ဘူးချင်းမလဲပါနဲ့။ ခြောက်ပေစီ ခွာနေပါ” ဘာညာပေါ့ဗျာ။ အဲဒီလိုတွေ မှာတမ်းခြွေပြီးတော့ကျ ကျွန်တော်က ပီပီ အီးခေါ်တဲ့ အကာအကွယ်ဝတ်စုံ ဝတ်တဲ့ပြီး၊ တစ်ယောက်ချင်းခေါ်ကာ တို့ဖတ်ယူတော့တာပဲ။ကလေးတွေ ဘာတွေ တို့ဖတ်ယူတဲ့ပုံ ဖေ့ ဘုတ်ကကြည့်ပြီး ဒရာမာတွေ ထထချိုးနေတဲ့ လူတွေမြင်ရင် ကျွန်တော်က တအားငိုချင်တာပဲ။

ဘာလို့လဲဆို တကယ့်မြေပြင်မှာ ကလေးနဲ့တွေ့လို့ ဇာတ်နာရတာက တို့ဖတ်ယူတဲ့ ဓာတ်ခွဲမှူးပါခင်ဗျာ။အခုပဲ ကြည့်လေ။ လူလေးငါး ယောက် ယူပြီးတော့ အလှည့်ကျတာ ကလေးလေး။ သုံးနှစ်သားလောက် ရှိမှာပေါ့။ ကျွန်တော့် မြင်ကတည်းက ဒီကောင်က ငိုတာပဲ။ ကျွန် တော်လည်း သနားလို့ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ချော့ပါသေးတယ်။ အဲဒါ ကလေးအမေက“ဆရာ့ကို သူက လူလို့ မထင်ပြီး တအားငိုနေတာ ဆရာ။ ဆရာဆီက စကားသံကြားလေ ပိုဆိုးလေပဲ” တဲ့။ ဪ ပီပီအီးဝတ်ထားတဲ့ ငါ့ပုံဟာ သတ္တဝါကြီး တစ်ကောင်လို အင်မတိအင်မတန် ခန့်ညားလို့ ဖြစ်မှာပဲလို့၊ ပီတိမျက်ရည်လေးတွေပါ လဲ့လာမိလိုက်ပါသေးတယ်။

ပြီးတော့ နောက်တစ်ယောက်က ရခိုင်မ။ ၁၆ နှစ်အရွယ် သမီးလေးတစ်ယောက်ရယ်၊ ၈ နှစ်လောက်ဟာလေးရယ်၊ သမီးနှစ်ယောက် ပါ တယ်။ ခပ်ကဲကဲ ကလေးမိခင်တို့ရဲ့ အထာပေါ့ခင်ဗျာ။ သမီးရယ် ဘာရယ် ပြာဆာနေတာပဲ။ ကျွန်တော်က သူတို့ရဲ့ ကြောက်စိတ်ကို နား လည်ပေးပြီး ဖြည်းဖြည်းညင်သာ ယူပေးပါတယ်။ ဒါနဲ့တောင် ၈ နှစ်ကောင်မလေးက ကမ္ဘာပျက် အောင် အော်သဗျ။ အ။ ပီပီအီးထဲက တောင် နားပင်းယူတယ်ဗျာ။သူပြီးတော့ ၁၆ နှစ်သမီး ကောင်မလေး။ ဒါလေးကတော့ ရှက်တတ်တဲ့ အရွယ်မို့ မအော်ဘူး။ သို့သော် မျက် ရည်တောက်တောက်ကျ ရှိုက်ရှိုက်ပြီး ငိုတာဗျာ။ ကျွန်တော့်မှာ သူ့ကို တို့ဖတ်ယူပေးနေရင်းတောင် ရင်ထဲက သနားလာမိပါတယ် ဆို။

အို။ တကယ်တွေ ရင်ထဲ အဲလိုဖြစ်တာပါ ဆိုမှ။ သူတို့အမေကြီး ဆိုတာလည်း သမီးတွေအနားထိလာပြီး တချော့ချော့ပေါ့။ ပြီးတော့ကျ အ မေကြီး အလှည့်။ ဒီမှာ ပြဿနာတက်တာပဲ။ ကျွန်တော်ကလည်း ပထမ ၈ နှစ်သမီးလေးတုန်းက အော်လွန်းပြီး နားငြီးလို့။ ဒုတိယ ၁၆ နှစ် မလေးကျ သနားပြီး ကိုယ်ပါ မျက်ရည်ဝဲလာလို့၊ ခပ်မြန်မြန်ပဲ ယူပေးလိုက်မိတာ။ အဲဒါ သူ့သမီးတွေကို ငိုအောင်လုပ်တဲ့ ကျွန်တော့်ကို မျက် စောင်းတခဲခဲ ဖြစ်နေတဲ့ ရခိုင်မကြီးကျမှ တို့ဖတ်မယူခင် သူ့လက်ထဲက တို့ဖတ်ဘူး ယူကြည့်လိုက် မိတာ၊ နာမည်က လွဲနေပါရော။ လွဲနေ တာက သူ့သမီးတစ်ယောက်နဲ့ တို့ဖတ်ဘူးချင်း လွဲနေတာ။ ကဲ… မခက်ကြဘူးလား။

ဒါဆို စောစောက ကလေးမနှစ်ယောက်ထဲက တစ်ယောက်ကို သူ့အမေနာမည်ပါတဲ့ ဘူးနဲ့ ယူပေးလိုက်မိတာ။ ဆိုတော့ကာ ဘယ်သူ့ကို ဘယ်ဘူးနဲ့ ယူပေးလိုက်တာလဲ။ ဒါကိုမေးတော့ သူတို့သားအမိတွေလည်း မမှတ်မိဘူး။ပီပီအီးဆိုတာက ဝတ်ထားရသူအတွက် စက္ကန့်နဲ့အ မျှ ပူတာမျိုးပါ။“ခင်ဗျားတို့ဗျာ။ ဘူးတွေ အချင်းချင်း မလဲပါနဲ့ လို့ ကျွန်တော် အတန်တန် မှာထားလျက်နဲ့…” ဆိုပြီး ပြောတော့ ရခိုင်မက လည်း “အို… ဘယ်သိမလဲ၊ ဒီကလည်း သားအမိချင်းတွေ မှားသွားတာပဲ” ဆိုကာ မကျေမနပ် ပွစိပွစိ။သို့သော် ဓာတ်ခွဲ အဖြေတို့ရဲ့ သဘော က သားအမိချင်းလို့ မရှိပါဘူး။ ဆိုတော့ကာ မင်းတုန်းမင်းကြီးလို “မကျေနပ် တစ်ကပြန်စ” ပဲ။

“ကဲ… အခုယူမယ့် အန်တီ့ဘူးကိုတော့ အန်တီမှန်း သိနေတော့ နာမည် ပြင်ကပ်ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် အန်တီ့ သမီးနှစ်ယောက် တော့ ဘယ်သူ့ဟာက ဘာမှန်းမသိတော့ နှစ်ယောက်လုံး ပြန်ယူရမှာ” ဆိုတော့၊ဟို ၈ နှစ်သမီးဟာဗျာ၊ အဲဒီစကား ကြားလိုက် ကတည်းက ဗြဲခနဲ့ ဗြဲခနဲ့ အော်ပြီး ငိုတာငိုတာ ဆိုတာ၊ ကွာရန်တင်းစင်တာ တစ်ခုလုံးက ထွက်ကြည့်ကြတယ်။မတတ်နိုင်။တစ်ကပြန်စ။ ပထမ အဆိုပါ အာဗြဲမလေး။ သူ့အမေက ချော့ဟယ်၊ (ကျွန်တော့်ကို စောင်းပြောသလိုလိုမျိုး) ဆဲဟယ် ဆိုဟယ် ခြောက်ဟယ် နဲ့ အဆင်ပြေသွားပါတယ်။ နောက်ပြီးတော့ ကျွန်တော်သနားတဲ့ ၁၆ နှစ်မလေး။ ခမျာ စောစောကလို ငိုရှာ တာပဲ။ ငိုလည်း တို့ဖတ်တော့ ယူရတယ်။

အာခေါင်က အဆင်ပြေပါတယ်။ နှာခေါင်းမှာ ပထမတစ်ဖက် အပြီး နောက်ဆုံး ဒုတိယတစ်ဖက်မှာ ကလေးမက ငိုနေရင်းမို့ မွှန်လွန်းလာသ လား မသိ၊ ကျွန်တော့်လက်ကို တအား ပုတ်ထုတ်ပစ်လိုက်တာ ‘ဖြောင်း’ ခနဲ့နေတာပဲ ခင်ဗျာ။ ဒီမှာ လက်ထဲက တို့ဖတ်တံလည်း ဘယ်လွှင့် သွားမှန်းတောင် မသိပါဘူး။ကျွန်တော်က တို့ဖတ်တံ ဘယ်လွင့်သွားမှန်း မသိဘူးလို့ ရေးတယ်နော်။ အို… သူ့အမေကတော့ သိတယ်ဗျ။ ဟိုး အဝေးကြီးက မြေကြီးပေါ် အလျားလိုက်လှဲနေတဲ့ တို့ဖတ်တံလေး ပြေးကောက်တဲ့ပြီး ပေးရှာတယ်။ သို့သော် ဓာတ်ခွဲတို့ရဲ့ သဘောကား ထို့ သို့ မြေကြီးပေါ်ကျပြီးသားကြီး ပို့ပေးလို့မရပြန်။“နောက်ထပ် ထပ်ထိုးရမယ် ခင်ဗျ” ဆိုတော့ကျ။

သူလေးတို့ မေမေမျက်နှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျာ။အဲဒါမျိုးတွေ လူ ၃၁ ယောက် ယူပြီးပြီဆိုတော့ ကိုအောင်မျိုးကြီး တအားပင်ပန်းတယ်ပေါ့။ တို့ဖတ်ဘူးလေးတွေ စီပြီး ရေခဲပုံးထဲထည့်၊ ပိတ်ပြုပြီးတော့ ပီပီအီးဘာညာ ချွတ်ကာ အေးမြ ခြင်းရဲ့ အရသာကို ကော်ရစ်ဒါတလျောက် လမ်းလျှောက်ရင်း ခံစားတယ်ပေါ့။အောင်မယ်မယ်။ လူနာခန်းတွေရှေ့ ဖြတ်တော့ မှန်ခန်းထဲက နေ စောစောက ဂွမ်းတံနဲ့ သုံးခါအထိုးခံလိုက်ရတဲ့ ၁၆ နှစ်မလေးက သိသိသာသာ မျက်စောင်းထိုးပြတယ်။ သို့သော် သူဟာ နဂါးမလေးဖြစ် ခဲ့ရင်တောင် အဲဒီ ထိုးလိုက်တဲ့ မျက်စောင်းဟာ၊ ဒီက ကိုအောင်မျိုးကြီးရဲ့ တိုင်းပြည်နဲ့လူမျိုး အပါအဝင်။

တိုင်းရင်းသား ရခိုင်တွေအပေါ် ထားတဲ့ မေတ္တာအဟုန်ကို ခွင်းပြီး ထွင်းနိုင်လိမ့်မယ် မထင်မိပေါင်။ ဟီဟီ။ အဲဒါ တိုက်တိုက်ဆိုင်ဆိုင်ဗျာ က လေးမက ကိုယ့်ကို မျက်စောင်းလှမ်းအထိုး၊ ကျွန်တော့် ဘယ်ဘက်မျက်စိထဲ ပိုးကောင်လေး ဆတ်ခနဲ့ဝင် ထင်ပါရဲ့၊ ဖျတ်ခနဲ့ မျက်လုံးတစ် ဖတ် မှိတ်လိုက်မိတာကို… ဟို အမေလုပ်တဲ့ ရခိုင်မက မြင်ဖြစ်အောင် မြင်ပြီး ရေခွက်ကို ဆောင့်ချတယ်။ အဲ… ဒါကြီးကတော့ ဘယ်မေတ္တာ အဟုန်နဲ့မှ တားနိုင်မယ်မထင်လို့ မြန်မြန်လေးပဲ လစ်ခဲ့ပါတော့တယ်။ကျွန်တော် အခု ရေးပြတဲ့ ဇီဝိတကွာရန်တင်း စင်တာဟာ ကန်တော် ကြီးမှာပါ။ မန္တလေးမှာ ကိုဗစ်တွေ စစ်တဲ့ဌာနက ၃၅ လမ်းမှာ။

ဒီတော့လည်း ကျွန်တော့်မှာ တို့ဖတ်ဘူးတွေ ထည့်ထားတဲ့ စောစောက ရေခဲပုံးကြီး ခွေးဘီလူးကားလေးနောက်တင်ကာ ကန်တော်ကြီး လမ်းအတိုင်း အရှေ့တက်ခဲ့တယ်ပေါ့။ အဲဒါ မြို့ဟောင်းဈေး လမ်းဆုံအရောက်မှာ ကားတန်းထဲ ပိတ်မိနေပြီး လမ်းနည်းနည်းကြပ်လို့ မှေး မောင်းရတယ် မို့လား။ အဲလို နေတုန်း စိတ်ကူးယဉ်တာပေါ့။တကယ်ဆို ငါ သူတို့လေးတွေကို ဒီ့ထက်ချိုချိုသာသာ ဆက်ဆံခဲ့သင့်တာ” ဘာ ညာ ပေါ့ဗျာ။ အတွေးတွေ ပွားနေတာ။ “တကယ်လို့ အစိုးရကသာ မပူတဲ့ ပီပီအီးတွေ တီထွင်ပေးမယ်ဆို ငါဒီထက် ချိုချိုသာသာ ပြောဆို နိုင်မှာပဲ” အစိုးရကိုလည်း နာနာဆဲပေါ့။ ဟီးဟီး။ အဲလိုတွေ တွေးနေတုန်း ကားနောက်ခန်းဆီက ညိမ့်ခနဲ့ တစ်ချက်ခံစားလိုက်ရပြီး။

ဘေးကနေ တစ်ယောက်ယောက်က လှမ်းအော်တာ“ယူသွားပြီ၊ ယူသွားပြီ၊ ခင်ဗျား ဟာကြီး ယူသွားပြီ” တဲ့။ဟ… သောက်လခွေး။ ခွေးဘီ လူး ကားနောက်ခန်းမှာ တင်ထား တဲ့ ကိုဗစ်ရေခဲပုံးကြီး လူယူပြေးတာဗျား။ အား။ ဘာပြောကောင်းမလဲ။ ကျွန်တော်လည်း ကားပေါ်က ဆင်းပြီး ဒုန်းစိုင်းလိုက်တော့တာပေါ့။စိတ်ဟာ လက်ဖျစ်တတွတ်အတွင်း ကုဋေဘယ်နှသန်းဆိုလား ဖြစ်တယ်ဆိုရဲ့။ ဒီ ရေခဲပုံးကြီး ပြန်မ ရရင် ၃၁ ယောက်လုံး အသစ် ပြန်ယူရမှာ။ စောစောကမှ တို့ဖတ်အယူခံထားရတဲ့ လူအုပ်ကြီးဟာ နောက်တစ်ခါသာဆို…. အို… ငါတော့ သေပြီ။ တခြားလူတွေအသာထား ဟို ရခိုင်မ လုပ်တာနဲ့ ပဲ ငါသေမှာ။

ငါမသေချင်သေး။ တော်ကြာ … ရခိုင်မလေးငို…. အဲ …ဟုတ်ပေါင်။ လိုက်ဟ အောင်မျိုးရ။ မင်း ပြဿနာ မတက်ချင်ရင် အဲဒီ ရဲခဲပုံးကြီး မရ ရအောင် လိုက်ယူဟ ပေါ့ဗျာ။ယူပြေးတာကလည်း ကလေးသာသာ ကောင်လေးဗျ။ မအေပေးလေးက ကိုဗစ်ပုံးကို ဘာထင်နေတယ် မသိ။ ကလေးသာဆိုတယ် အပြေးက ချန်ပီယံလားမသိ။ သင်းကိုတော်တော်နဲ့ မမိ။ အကြိုအကြားတွေ အကုန်လျှောက်ပြေးပြီးတဲ့ အဆုံးကျမှ အိမ်လေးတစ်လုံးထဲ ဝင်သွားတယ်။ ကျွန်တော်လဲ ဟောဟဲခတ်နေပြီ။“စောစောက ကလေးယူပြေးသွားတဲ့ ပုံးလေး ကျွန်တော်ပြန်လိုချင် လို့ပါ”အိမ်ရှေ့ကပြင်မှာ ထဘီရင်ရှားနဲ့ မိန်းမ၊ ဘာတွေလည်း မသိ၊ ကုန်းလုပ်နေရာက မလှုပ်ပါ။

တော်တော် ကြာကြာ ဇွဲခတ်မေးတော့မှ..“ဘယ်က ကလေးလဲ။ ဒီအိမ်မှာ ဘာကလေးမှ မရှိဘူး” တဲ့။ အထဲက အသက် ၅၀ လောက် လူကြီး တစ်ယောက် ထွက်လာပြီး ဗြောင်လိမ်တာ။ ဗိုလ်ချုပ်ခင်ညွန့် ခေတ်က နွားခိုးတဲ့ ရွာတစ်ရွာ ရှိဆိုလား။ အဲဒီရွာက နွားခိုးပြီး တစ်ရွာလုံး မျှ စားကြတာတဲ့။ ဒါပေတဲ့ ရွာထဲက ကြိုက်တဲ့ ကလေး တစ်ယောက်ယောက် ကို “မင်းတို့အိမ် ဘာချက်လဲ” မေး၊ “ဂဂျွန်းရွက်ကြော်” လို့ချည်း ဖြေတာဆိုပဲ။ အခုလည်း ဒီလူတွေက အဲဒီ “ဂဂျွန်းရွက်ကြော်” ဆိုတဲ့ အကွက်တွေ။ကျွန်တော်လည်း မောနေတော့ ကြာကြာ စိတ်မရှည်ချင်။ အဲဒီ ကလေးယူသွားတာ အဖိုးတန် ပစ္စည်း ဘာညာ ပါတဲ့ သေတ္တာမဟုတ်၊

အခု ခေတ်စားနေတဲ့ ကိုဗစ်ပိုးတွေ သယ်လာတဲ့ ဟာလို့လည်း ရှင်းပြလိုက်ရော“ဟေ့ ရဲဇော်ဝင်း၊ သူတောင်းစားလေး။ နင့်စောက်သေတ္တာ ကြီးပါ မြန်မြန်ယူပြီး ထွက်ခဲ့” တဲ့။ မိန်းမက ကြောက်လန့်တကြား စွတ်အော်တာ။ စောစောက ကလေးဟာ မျက်ကလူးဆန်ပြာနဲ့ စောစော က သူယူပြေးတဲ့ ရေခဲပုံးကို သိုင်းကြိုးကနေ တံမြက်စည်းရိုးနဲ့ ထိုးမပြီး ထွက်လာရှာတယ်။ အို… ကြောက်တတ်လိုက်တာ။“ဟေ့… နေဦး။ မင်း ကလိမ်ကကျစ် မလုပ်နဲ့”ဟို… အသက် ၅၀ အရွယ် ဦးဗြောင်လိမ်ကြီးက ကျွန်တော့်ကို လှမ်းပြောတာ။ ကျွန်တော်က အံ့ကြီးမက ဩ သွားပြီး“ခင်ညာ … ကျွန်တော် ဘာများ ကလိမ်ကကျစ် လုပ်မိတာပါလိမ့်” ဆိုတော့ ဟိုလူကြီးက လက်ယဉ်တယ်။

ကျွန်တော့် အနားရောက်ချလာပြီး ပုခုံးကို ကိုင်ကာ ဇွတ်ထိုင်ခိုင်းတာ။“အဲဒီ သေတ္တာ ဖွင့်ပြ” တဲ့။ သူက အခုထိ ဒါကို တစ်ခုခုပါတဲ့ သေတ္တာ ထင်နေသေးတာ။ ဘေးဘီကြည့်လိုက်တော့ ပတ်ဝန်းကျင်ကလည်း ကျိုးတို့ ကျဲတဲ။ အို… မဟုတ်လည်း ကိုယ့်အထဲ ဘာပါတာ မှတ်လို့ဆို ပြီး နားအေးအောင် ဖွင့်ပြလိုက်တာ…ဟာ… အထဲမှာ ဘာမှကို မပါဘူးဗျာ။ တကယ်ကို ဘာမှ မပါတာ။ ကျွန်တော့်မျက်နှာ ပြာထွက်သွား တာ။ ဒါကို ရိပ်မိတဲ့ ဟို ဦးဗြောင်ငြင်းကြီးက“ဘယ်မလဲ ကိုဗစ်ပိုး” တဲ့။ ကျွန်တော်လည်း ချောလဲရောထိုင်ပေါ့ဗျာ။ အထဲက ရေခဲခြောက် ထုပ်လေးတွေ အသာကိုင်တဲ့ပြီး ပွတ်ကာသပ်ကာ“အို… ခင်ဗျားတို့ ဒီဟာကို ကျွန်တော်မလာခင် ဖွင့်လိုက်ကြသေးလား။

သွားပါပြီ။ ဒီအထုပ်လေးတွေဟာ ကိုဗစ်တွေထည့်ထားတဲ့ဟာ။ ကြည့်။ အခု အရည်ပျော်စ ပြုနေပြီ။ သွားပါပြီ။ သွားပါပြီ” နဲ့ ညည်းကြော က်ကြီး လုပ်ပြလိုက်တာ၊ ဟိုမိန်းမက ဦးဗြောင်ငြင်းကြီးကို ထကလော်တုပ်ပါလေရော။“ကို သိန်းဦး၊ သူတောင်းစားကြီး။ တော် တော်တော် ရီးရှည်ပါလား။ သူ့ ပစ္စည်းသူ မြန်မြန် ပြန်ပေးလိုက်” တဲ့။ သူတို့ လင်မယား ပီယဝါစာ ချစ်ဖွယ်သော စကားတွေနဲ့ တစ်ယောက်ကို တစ် ယောက် ကျီစယ်နေကြတုန်း ကျွန်တော်လည်း ရေခဲပုံး အလွတ်ကြီးကို စလွယ်သိုင်းကာ ကားရှိရာ ပြေးရပြန်ပါတော့တယ်။ ဘာကြောင့် ပြေးရပြန်ပါသလဲ။ ဒီအဖြေကို ပေးရရင် အခု ကျွန်တော် မရမက လိုက်ယူထားတဲ့ ရေခဲပုံးထဲမှာ။

ဘာကြောင့် တို့ဖတ်ဘူးတွေ မပါတော့ပါသလဲ လို့ တွေးရမယ်ဗျ။ ဘယ်ပါမလဲဗျ။ ကျွန်တော် တိုင်းရုံးကနေ ရေခဲပုံးနှစ်ပုံး ထုတ်ခဲ့တာ။ တစ် ပုံးမှာ တို့ဖတ်ဘူးတွေပါတယ်။ တစ်ပုံးမှာ မပါဘူး။ စောစောက ကားတန်းထဲ ညပ်မိနေတုန်း ဟို ‘မအိမ်လုံး’ လေး ယူပြေးတာက ပုံးအလွတ် ကြီးဗျ။ ကျွန်တော်က ဗြုန်းခနဲ့ဆို သူယူပြေးတော့ အဲဒါ မတွေးအားဘဲ ပြေးလိုက်ခဲ့တာ။ ဆိုတော့ကာ ကားပေါ်မှာ ကျန်ခဲ့တဲ့ ပုံးများ၊ ကျွန် တော် အခု ဒီလိုလာနေတုန်း တစ်ယောက်ယောက်က ‘ဘုံး’ သွားရင် သေပြီ။ ဟို ရခိုင်မနဲ့တင် ကျွန်တော်သေပြီ။ အို… ခလေးမလေးတွေရဲ့ အမေကို ကျွန်တော် ကြောက်တယ်။ ဒီတော့လည်း ပြေးပေဦးတော့ တစ်ခေါက်။

အဲဒါ ကားဆီ ရောက်ရောက်ချင်း ကြိုဆိုနေကြတာက စည်ပင်သာယာတွေပါ။ သူတို့က မရပ်ရမယ့် နေရာမှာ ကားရပ်ထားခဲ့လို့ဆိုပြီး ကျွန် တော့်ကားကို ဘီးသော့ခတ်ပြီးကြပြီ။ အီ။“တကယ်တော့ကွာ… ဒီရေခဲပုံးနောက် လိုက်ရင်း….”ကျွန်တော် ဘယ်လို ရှင်းပြပြ မရပါဘူး။ “ကျွန်တော်တို့လည်း အဖွဲ့နဲ့မို့ နားလည်ပေးပါ” တဲ့။ ဟုတ်တယ်။ သူတို့ ကားဖမ်းလာတဲ့ အဖွဲ့ဟာ ရှစ်ယောက်တိတိ ရှိတယ်။ သူတို့ နား လည်ခိုင်းတာကို ကျွန်တော် နားလည်ပါတယ်။ ဝန်ထမ်းချင်းပဲ။ ညှိလိုက်ရင် တစ်သောင်းခွဲလောက်နဲ့ ပြတ်မှာပဲ။ အဲ…။ ဒီမှာ ဘာမဟုတ်တဲ့ သောက်ပိုအတွေးက ဝင်လာပြီး ကိုယ့်ဟာကိုယ် ဒရာမာတွေ ထချိုးတာ။

အို… ငါက ကိုဗစ်အတွက် အလုပ်လုပ်ပြီး ပြန်လာရတာ။ သွားတာလာတာ ဘာလမ်းစရိတ်မှလည်း ဘယ်သူကမှ ပေးတာမဟုတ်။ ကိုယ့် ယဉ်ကိုယ့်ကားနဲ့ ကိုယ်ဆီကိုယ်ထည့်ပြီး အိတ်စိုက်လုပ်နေရတာ။ … ရီးမှ တစ်သောင်းခွဲ အကုန်မခံနိုင်ဘူးကွာ ဆိုတဲ့ပြီးစစ်အစိုးရ ခေတ်က နည်းပေါ့ဗျာ။ ဟီးဟီး။ ကျွန်တော့်အသိ စည်ပင်သာယာက ‘အစ်ကိုကြီး’ တစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။ အို… ကိုအောင်မျိုးလား။ ချက်ချင်းပဲ။ အဲဒီကောင်တွေ ဖုန်းပေးလိုက် ကိုအောင်မျိုးတဲ့။ ဟဲဟဲ။ ဘာတတ်နိုင်သေးလဲ ဆိုပြီး ဖုန်းကို စပီကာဖွင့် ပေးပြောလိုက်တာ အဲဒါ ငါ့အသိ စာရေးဆရာပါကွာ၊ သူဆိုတာ ဓာတ်ခွဲမှူး။ အခုက ကိုဗစ် အတွက် ဆွက်ယူပြီး ပြန်လာတာ၊

မင်းတို့က ကူညီပေးလိုက်ပါ ဘာညာပေါ့ဗျာ။ အာဟာ… အာဟာ။ ခဏနေတော့မှ ကျွန်တော့်ဆီ ဖုန်းပြန်ပေးဖို့ ပြောပြီး“ကိုအောင်မျိုး စပီ ကာပိတ်လိုက်ဦး” တဲ့။ ကျွန်တော်က ပိတ်ပြီးပြီလို့ ပြောတော့“အဆင်ပြေမှာပါ ကိုအောင်မျိုး။ ကျွန်တော် ပြောပေးထားတယ်တဲ့။ ဒါပေမယ့် ကောင်လေးတွေ ကျေနပ်အောင် ကိုအောင်မျိုးက မုန့်ဖိုးလေးဘာလေး နည်းနည်းစီတော့ ပေးခဲ့လိုက်ပါဦး” တဲ့။စာဖတ်သူခင်ဗျာ။ ပျော်စ ရာကြီးနော်။ ကျွန်တော်က လူလည်ကျလိုက်ရတယ်လို့ ထင်တယ် မဟုတ်လား။ တကယ့်တကယ်မှာ သူ့ဆီက ဖုန်းချပြီးပြီးချင်း “ကိန်” ခနဲ့ မအော်မိအောင် မနည်းကြီး နေလိုက်ရတာ ဒီက မောင်အောင်မျိုးလေး ရယ်ပါ။

ကျွန်တော်က သူတို့ အထက်လူကြီးရဲ့ သူငယ်ချင်း။ အင်း။ အဲဒီလိုကောင်က ချက်ချင်းလက်ငင်း ကလေးလေးတွေ ဖြစ်သွားတဲ့ စည်ပင်လေး တွေကို စိတ်ကူးနဲ့ မုန့်ဖိုးပေးကြည့်လိုက်ပါဗျာ။ တစ်ယောက်ကို နှစ်ထောင် သုံးထောင်ပေးလိုက်လို့ ကောင်းပါမလား။ အားပါးပါး။ အဲဒါ ငါး ရှစ်လီ လေးဆယ်နဲ့ ရှစ်ယောက်စာ လေးသောင်း‌တောင်မှ တောင်းတောင်းပန်ပန်ပါခင်ညာ။

အားလုံးကို ပျော်စေချင်တဲ့(အောင်မျိုးသူလွင်)

Add a Comment

Your email address will not be published.