မာလာရှမ်းကောရောင်း ရ တဲ့ အမြတ်ငွေ( ၁၀ )သိန်းကို ရခိုင်ပြည်နယ် ကူးစက်ရောဂါ ကာကွယ်ရေး အတွက် နန်းခင်ဇေယျာ လှူဒါန်းပြီ





CRD: SHWE WIKI

UNICODE

“ယခုအလှူသည် နန်းခင်ရဲ့ မာလာရှမ်းကောကို အားပေးကြသော ပရိသတ်ကြီးရဲ့ အလှူလဲ ဖြစ်သည့်အတွက် အားလုံး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်အောင် အလှူမှတ်တမ်းလေးအဖြစ် တင်ပေးလိုက်ပါတယ်ရှင့်။ 🙏🙏” ဆိုပြီး သူမရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်အောင်  မျှ ဝေပေးထားတာပဲ ဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ သမာအာဇီဝကျကျ စီးပွားရှာခဲ့ပြီး ထိုထဲက အမြတ်ငွေတွေနဲ့လှူခဲ့တာပါ။

လက်ရှိမှာ အရေးတကြီးဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် အလှူအတန်းပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းခင် ဇေယျာရဲ့ ကုသိုလ်လေးအတွက် ထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နန်း ခင်ဇေယျာကတော့ Miss International 2012 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် Miss People’s Choice ဆုနဲ့ Miss Internet ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ နန်းခင်ဇေယျာက လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းခင်ဇေယျာက သူမရဲ့

ကိုယ် ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း ဦးစီးတည်ထောင်ထားလျက်ရှိပါတယ်။ မနေ့က သြဂုတ်လ (၃၁) ရက်နေ့မှာတော့ နန်းခင်ဇေ ယျာက ရခိုင်ပြည်နယ်ဖြစ်ပွါးသော COVD-19 ရောဂါကာကွယ်ရေးအတွက် လိုအပ်နေသော PPE ဝတ်စုံ အစုံ (၅၀) စာ ငွေကျပ် (၁၀) သိန်း ဖိုး တိတိကို ရန်ကုန် အလိုတော်ပြည့် ဘုန်းကြီးကျောင်းတိုက်မှာ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

CRD:  SHWE  WIKI

Add a Comment

Your email address will not be published.