ေျမာက္ဒဂုံ Capitalမွ ဝန္ထမ္း(၁)ဦး ကိုဗစ္ပိုးေတြ႕ရွိသျဖင့္ ေဈးဝယ္သူမ်ားကို လိုက္လံစုံစမ္းေနရၿပီး အင္းစိန္မွ ပိုးေတြ႕လူနာမွာ အငွားယာဥ္ေမာင္းျဖစ္

ေျမာက္ဒဂုံ Capital Supermarket မွ ဝန္ထမ္း(၁)ဦး Covid-19 ေရာဂါပိုးေတြ႕ရွိျခင္းႏွင့္ပတ္သက္၍ လိုအပ္သည့္ ပိုးသတ္သန္႔ရွင္းေရး လုပ္ငန္းမ်ားလုပ္ေဆာင္ရန္ အဆိုပါSupermarket ကို စက္တင္ဘာလ ၃ ရက္ေန႔မွစတင္၍ ယာယီပိတ္ထားမည္ျဖစ္ၿပီး ေျမာက္ဒဂုံ Capital Supermarket မွ ထိေတြ႕ဆက္ဆံမႈရွိခဲ့သည့္ ဝန္ထမ္းမ်ား အားလုံးကိုလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္း ၫႊန္ခ်က္အရ quarantine ဝင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း Capital Supermarket က ထုတ္ျပန္ထားသည္။

ထို႔အျပင္ ယင္းစင္တာတြင္ ေဈးဝယ္ယူခဲ့သူမ်ားကိုလိုက္လံစုံစမ္းလ်က္ရွိေၾကာင္း ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ မဲဆႏၵနယ္မွ ရန္ကုန္တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္က ေျပာၾကားသည္။လက္ရွိတြင္ ေရာဂါပိုးရွိသူေတြ႕ရွိသည့္ Capital Supermarket ေဈးဝယ္စင္တာတြင္ စုစုေပါင္းဝန္ထမ္း ၃၅ ဦးရွိၿပီး အဆိုပါဝန္ထမ္းမ်ားကို Quarantine ထားရွိရန္ ေဆာင္႐ြက္လွ်က္ရွိၿပီး ေဈးဝယ္စင္ တာသို႔ လာေရာက္ေဈးဝယ္သူမ်ားကို စုံစမ္းလ်က္ရွိေၾကာင္း ၎ကဆိုသည္။

ကိုဗစ္ပိုးေတြ႕ရွိသည့္ Capital ဝန္ထမ္းသည္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ ၇ ရပ္ကြက္တြင္ေနထိုင္သည့္ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳး သမီးျဖစ္ၿပီး လက္ရွိ Capital Supermarket ကို အသြားအလာကန္႔သတ္ကာ ပိုးသတ္ေဆးျဖန္းျခင္းမ်ား ေဆာင္႐ြက္လွ်က္ရွိသည္။ ျမန္ မာႏိုင္ငံတြင္ စက္တင္ဘာလ ၃ ရက္ေန႔ ေန႔လည္ပိုင္းအထိ စာရင္းမ်ားအရ ကိုဗစ္ကူးစက္ခံရသူ ၁,ဝ၅၈ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာနက ထုတ္ျပန္သည့္စာရင္းမ်ားအရ သိရသည္။

အင္းစိန္ၿမိဳ႕နယ္မွ ေျခာက္ဦးေျမာက္ Covid-19 လူနာအသစ္မွာ အငွားယာဥ္ေမာင္းအမ်ိဳးသားျဖစ္ၿပီး ျပင္ပေဆးခန္းတစ္ခုတြင္ သြား ေရာက္ျပသခဲ့ရာမွ အင္းစိန္ေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈခံယူကာ Swab ယူ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္ စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာၾကားသည္။စက္တင္ဘာလ ၃ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ဒုတိယအသုတ္) ဓာတ္ ခြဲနမူနာ ၅၁၀ ခု၊ ေဆးသုေတသနဦးစီးဌာန (DMR) မွ ဓာတ္ခြဲနမူနာ ၃၇၁ ခု၊

ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ (ဒုတိ ယအသုတ္) ဓာတ္ခြဲနမူနာ ၄၁ ခု၊ ရန္ကုန္ၿမိဳ႕၊ အမွတ္ ၁ တပ္မေတာ္ေဆး ႐ုံႀကီး ခုတင္ ၁,ဝ၀၀ မွ ဓာတ္ခြဲနမူနာ ၂၁၅ ခုႏွင့္ ေနျပည္ေတာ္၊ အ မွတ္ (၂) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ ၁,ဝ၀၀ မွ ဓာတ္ခြဲနမူနာ ၇ ခု စုစုေပါင္း ၁,၁၄၄ ခု အား စစ္ေဆးၿပီးစီးခဲ့ရာ Covid-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၆၃ ဦး ေတြ႕ရွိရေၾကာင္း ေၾကညာခဲ့သည္။ ယင္းလူနာသစ္ ၆၃ဦး အနက္ အင္းစိန္ၿမိဳ႕နယ္မွ တစ္ဦးအပါအဝင္လည္းျဖစ္သည္။

၎သည္ အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္၊ ၁ လမ္း (ေျမာက္) တြင္ေနထိုင္သူ ၃၂ ႏွစ္အ႐ြယ္ Taxi ယာဥ္ေမာင္းအမ်ိဳးသား ျဖစ္ ေၾကာင္း ဦးေဝၿဖိဳးဟန္က ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွတစ္ဆင့္ ေျပာၾကားခဲ့သည္။အင္းစိန္ၿမိဳ႕နယ္သည္ ယခင္လမ်ားက ပိုးေတြ႕လူနာအေရ အတြက္ ၄၅ ဦးရွိခဲ့ၿပီး ၾသဂုတ္လမွစတင္ကာ တစ္ေက်ာ့ျပန္ ပိုးေတြ႕လူနာမ်ား ေတြ႕ရွိလာသည့္အထဲတြင္ အင္းစိန္ၿမိဳ႕နယ္လည္း ပါဝင္လာ ရသည့္အတြက္ Stay at Home အစီအစဥ္ကို ဒုတိယအႀကိမ္ ထပ္မံလိုက္နာရန္အတြက္ ေၾကညာထားၿပီးျဖစ္သည္။

REF: THE VOICE

UNICODE

မြောက်ဒဂုံ Capital Supermarket မှ ဝန်ထမ်း(၁)ဦး Covid-19 ရောဂါပိုးတွေ့ရှိခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် ပိုးသတ်သန့်ရှင်းရေး လုပ်ငန်းများလုပ်ဆောင်ရန် အဆိုပါSupermarket ကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ပြီး မြောက်ဒဂုံ Capital Supermarket မှ ထိတွေ့ဆက်ဆံမှုရှိခဲ့သည့် ဝန်ထမ်းများ အားလုံးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်း ညွှန်ချက်အရ quarantine ဝင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Capital Supermarket က ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းစင်တာတွင် ဈေးဝယ်ယူခဲ့သူများကိုလိုက်လံစုံစမ်းလျက်ရှိကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။လက်ရှိတွင် ရောဂါပိုးရှိသူတွေ့ရှိသည့် Capital Supermarket ဈေးဝယ်စင်တာတွင် စုစုပေါင်းဝန်ထမ်း ၃၅ ဦးရှိပြီး အဆိုပါဝန်ထမ်းများကို Quarantine ထားရှိရန် ဆောင်ရွက်လျှက်ရှိပြီး ဈေးဝယ်စင် တာသို့ လာရောက်ဈေးဝယ်သူများကို စုံစမ်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် Capital ဝန်ထမ်းသည် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၇ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုး သမီးဖြစ်ပြီး လက်ရှိ Capital Supermarket ကို အသွားအလာကန့်သတ်ကာ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျှက်ရှိသည်။ မြန် မာနိုင်ငံတွင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းအထိ စာရင်းများအရ ကိုဗစ်ကူးစက်ခံရသူ ၁,ဝ၅၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

အင်းစိန်မြို့နယ်မှ ခြောက်ဦးမြောက် Covid-19 လူနာအသစ်မှာ အငှားယာဉ်မောင်းအမျိုးသားဖြစ်ပြီး ပြင်ပဆေးခန်းတစ်ခုတွင် သွား ရောက်ပြသခဲ့ရာမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူကာ Swab ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ် ခွဲနမူနာ ၅၁၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၇၁ ခု၊

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိ ယအသုတ်) ဓာတ်ခွဲနမူနာ ၄၁ ခု၊ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေး ရုံကြီး ခုတင် ၁,ဝ၀၀ မှ ဓာတ်ခွဲနမူနာ ၂၁၅ ခုနှင့် နေပြည်တော်၊ အ မှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁,ဝ၀၀ မှ ဓာတ်ခွဲနမူနာ ၇ ခု စုစုပေါင်း ၁,၁၄၄ ခု အား စစ်ဆေးပြီးစီးခဲ့ရာ Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ဦး တွေ့ရှိရကြောင်း ကြေညာခဲ့သည်။ ယင်းလူနာသစ် ၆၃ဦး အနက် အင်းစိန်မြို့နယ်မှ တစ်ဦးအပါအဝင်လည်းဖြစ်သည်။

၎င်းသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၁ လမ်း (မြောက်) တွင်နေထိုင်သူ ၃၂ နှစ်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ဖြစ် ကြောင်း ဦးဝေဖြိုးဟန်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။အင်းစိန်မြို့နယ်သည် ယခင်လများက ပိုးတွေ့လူနာအရေ အတွက် ၄၅ ဦးရှိခဲ့ပြီး သြဂုတ်လမှစတင်ကာ တစ်ကျော့ပြန် ပိုးတွေ့လူနာများ တွေ့ရှိလာသည့်အထဲတွင် အင်းစိန်မြို့နယ်လည်း ပါဝင်လာ ရသည့်အတွက် Stay at Home အစီအစဉ်ကို ဒုတိယအကြိမ် ထပ်မံလိုက်နာရန်အတွက် ကြေညာထားပြီးဖြစ်သည်။

REF:  THE  VOICE

Add a Comment

Your email address will not be published.