ရန္ကုန္ မွာ (၂)ညအတြင္း ကိုဗစ္-၁၉ေၾကာင့္ ညမထြက္ရ အမိန႔္ေဖာက္ဖ်က္သူ (၁၀၀၀) ခန႔္ကို ဖမ္းဆီးၿပီး ေထာင္ (၁) လခ်
|ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္တြင္ ေရာဂါ ျပန႔္ပြားျခင္းသည္ ရန္ကုန္ၿမိဳ႕ေနျပည္သူမ်ား စည္းကမ္း လိုက္နာမႈ အားနည္းျခင္းေၾကာင့္ျဖစ္ၿပီး ျပည္ထဲေရးက ဥပေဒျဖင့္ ခပ္မာမာ ကိုင္တြယ္ရန္ လိုအပ္ေၾကာင္း စက္တင္ဘာလ ၂ ရက္ေန႔ အြန္ လိုင္းေဆြးေႏြးပြဲတြင္ ေျပာဆို ၫႊန္ၾကားခဲ့သည္။ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္တားဆီးေရးအတြက္ ည ၁၂ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရ အမိန႔္ထုတ္ျပန္ထားျခင္းျဖစ္သည္။
ရန္ကုန္တိုင္းတြင္သာမက အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ား တြင္လည္း ညမထြက္ရအမိန႔္က်ဴးလြန္သူမ်ားကို ေထာင္ ၁ လခ် ျပစ္ဒဏ္ ေပးေနေၾကာင္းသိရသည္။ရန္ကုန္ တိုင္းတြင္ စက္တင္ဘာလ ၂ ရက္ေန႔မွ စက္တင္ဘာ ၃ ရက္ေန႔ ညပိုင္းအထိ ၂ ရက္အတြင္း ညမထြက္ရ အမိန႔္ေဖာက္ဖ်က္သူ ၉၇၁ ဦး ကို ပုဒ္မ ၁၈၈ ျဖင့္ အေရးယူခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။ စက္ တင္ဘာ လ ၃ ရက္ေန႔ညတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန႔္အား ေဖာက္ဖ်က္ က်ဴးလြန္သူ က်ား (၃၀၈)ဦး၊
မ (၁၆)ဦး၊ စုစုေပါင္း (၃၂၄)ဦး၊ ေမာ္ေတာ္ယာဥ္ (၇၃)စီး၊ ဆိုင္ကယ္ (၂၄) စီးတို႔အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၈၈ ျဖင့္ အေရးယူခဲ့ ေၾကာင္း သတင္းထုတ္ျပန္သည္။စက္တင္ဘာလ ၂ ရက္ေန႔ညတြင္ ညမထြက္ရ အမိန႔္ေဖာက္ဖ်က္သူ က်ား (၆၁၈)ဦး၊ မ (၂၉)ဦး၊ စုစုေပါင္း (၆၄၇)ဦး၊ ေမာ္ေတာ္ယာဥ္ (၁၁၁) စီး၊ ဆိုင္ကယ္ (၁၈)စီးတို႔အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၈၈ ျဖင့္ အေရးယူခဲ့သည္ဟု သတင္းထုတ္ ျပန္ခ်က္အရ သိရွိရသည္။စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးဘိုဘိုဦး၏ သတင္းထုတ္ျပန္ခ်က္အရ။
စက္တင္ဘာ (၂) ရက္ ညဖက္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း၌ ညမထြက္ရအမိန႔္ကို ေဖါက္ဖ်က္က်ဴးလြန္သူ (၁၀) ဦးကို သက္ဆိုင္ရာက ဖမ္းဆီးခဲ့ေၾကာင္း၊ ၎တို႔ (၁၀) ဦးကို စက္တင္ဘာ (၃) ရက္ေန႔တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္ တရား႐ုံးတြင္ တရားစြဲဆိုခဲ့ၿပီး တရား ႐ုံးက တစ္ ဦးလွ်င္ အလုပ္မဲ့ေထာင္ဒါဏ္ တစ္လ ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။ရာဇသတ္ႀကီးပုဒ္မ ၁၈၈ မွာ မည္သူမဆို ျပည္သူ႔ဝန္ထမ္းမွ ထုတ္ ျပန္ ေၾကညာေသာ အမိန႔္ကို သိလ်က္ႏွင့္ ဖီဆန္ပါက ထိုသူအား အလုပ္မဲ့ ေထာင္ဒဏ္ ၁ လ အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ၂ ရပ္စလုံး ျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္း ထားသည္။
CRD: ELEVEN MEDIA
UNICODE
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တွင် ရောဂါ ပြန့်ပွားခြင်းသည် ရန်ကုန်မြို့နေပြည်သူများ စည်းကမ်း လိုက်နာမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ပြည်ထဲရေးက ဥပဒေဖြင့် ခပ်မာမာ ကိုင်တွယ်ရန် လိုအပ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့ အွန် လိုင်းဆွေးနွေးပွဲတွင် ပြောဆို ညွှန်ကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းတွင်သာမက အခြားသော တိုင်းနှင့်ပြည်နယ်များ တွင်လည်း ညမထွက်ရအမိန့်ကျူးလွန်သူများကို ထောင် ၁ လချ ပြစ်ဒဏ် ပေးနေကြောင်းသိရသည်။ရန်ကုန် တိုင်းတွင် စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းအထိ ၂ ရက်အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၉၇၁ ဦး ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ စက် တင်ဘာ လ ၃ ရက်နေ့ညတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သူ ကျား (၃၀၈)ဦး၊
မ (၁၆)ဦး၊ စုစုပေါင်း (၃၂၄)ဦး၊ မော်တော်ယာဉ် (၇၃)စီး၊ ဆိုင်ကယ် (၂၄) စီးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။စက်တင်ဘာလ ၂ ရက်နေ့ညတွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ကျား (၆၁၈)ဦး၊ မ (၂၉)ဦး၊ စုစုပေါင်း (၆၄၇)ဦး၊ မော်တော်ယာဉ် (၁၁၁) စီး၊ ဆိုင်ကယ် (၁၈)စီးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့သည်ဟု သတင်းထုတ် ပြန်ချက်အရ သိရှိရသည်။စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုဦး၏ သတင်းထုတ်ပြန်ချက်အရ။
စက်တင်ဘာ (၂) ရက် ညဖက်တွင် စမ်းချောင်းမြို့နယ်အတွင်း၌ ညမထွက်ရအမိန့်ကို ဖေါက်ဖျက်ကျူးလွန်သူ (၁၀) ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ (၁၀) ဦးကို စက်တင်ဘာ (၃) ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး တရား ရုံးက တစ် ဦးလျှင် အလုပ်မဲ့ထောင်ဒါဏ် တစ်လ ချမှတ်လိုက်ကြောင်း သိရှိရသည်။ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ် ပြန် ကြေညာသော အမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
CRD: ELEVEN MEDIA