သူေတာ္ေကာင္း နတ္ေကာင္းမ တယ္ဆိုတာ အမွန္ပဲ…အေမစု…ရန္ကုန္မလာခင္ေလး ရက္ပိုင္းအလို ၿခံအမွတ္(၅၄)မွာ ကိုဗစ္ေတြ႕ျခင္းျဖစ္

ရန္ကုန္သားတို႔ အထူး သတိထားၿပီးေနထိုင္ၾကပါ။ မိမိအနားက လူတိုင္းမွာ ေရာဂါရွိေနႏိုင္တယ္ဆိုတဲ့ အသိကို ထည့္ထားပီး အစြမ္းကုန္ ကာကြယ္ၾကပါ။ ဒါမွသာ ဒီကပ္ေရာဂါဆိုးႀကီးကို က်ေနာ္တို႔ ေအာင္ျမင္ပါလိမ့္မယ္။ယေန႔မနက္ ပိုးေတြ႕လူနာစာရင္းမွာပါတဲ့ ဗဟန္းၿမိဳ႕ နယ္က ၂ ေယာက္စလုံးဟာ အေမေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ၿခံအမွတ္ ၅၄ က ျဖစ္ပါတယ္။

မၾကာမီ အေမေဒၚေအာင္ဆန္းစုၾကည္ေကာ့မႉးသြားဖို႔ ရန္ကုန္လာဖို႔ ရွိတဲ့အတြက္ မေန႔က တၿခံလုံးကို swab ယူတဲ့အခါ ပိုးေတြ႕ရွိရတာ ျဖစ္ပါတယ္။တဦးက ေကာ့မႉးဇာတိျဖစ္ပီး ၿခံထဲ အၿမဲေနသူ ျဖစ္ကာ တဦးက မၾကာခဏ ဝင္ထြက္သြားလာတတ္တဲ့ မရမ္းကုန္းဘက္က လူတဦးလို႔ သတိရပါတယ္။ ထိေတြ႕မႈရွိသူ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တဦး အပါအဝင္ ၆ ဦးလဲ Q ဝင္ေနရပါတယ္။

ဒါက ဘာကို ျပသလဲဆိုရင္…ရန္ကုန္မွာ ကိုယ္တိုင္ မသိတဲ့ ေရာဂါပိုးတိတ္တဆိတ္သယ္‌ေဆာင္သူ ေတြ အမ်ားႀကီး ရွိေနပီဆိုတာကို ျပသ ပါတယ္။ မိမိကိုယ္တိုင္ တိတ္တဆိတ္ သယ္ေဆာင္သူ ျဖစ္ေနႏိုင္ပါတယ္။ ျမန္မာျပည္မွာ ကိုဗစ္ လူနာ ၇၅ % ဟာ ေရာဂါလကၡဏာ လုံး၀ မျပသပါဘူး ဆိုတာပါပဲ။

(Nay Thway)

UNICODE

ရန်ကုန်သားတို့ အထူး သတိထားပြီးနေထိုင်ကြပါ။ မိမိအနားက လူတိုင်းမှာ ရောဂါရှိနေနိုင်တယ်ဆိုတဲ့ အသိကို ထည့်ထားပီး အစွမ်းကုန် ကာကွယ်ကြပါ။ ဒါမှသာ ဒီကပ်ရောဂါဆိုးကြီးကို ကျနော်တို့ အောင်မြင်ပါလိမ့်မယ်။ယနေ့မနက် ပိုးတွေ့လူနာစာရင်းမှာပါတဲ့ ဗဟန်းမြို့ နယ်က ၂ ယောက်စလုံးဟာ အမေဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံအမှတ် ၅၄ က ဖြစ်ပါတယ်။

မကြာမီ အမေဒေါ်အောင်ဆန်းစုကြည်ကော့မှူးသွားဖို့ ရန်ကုန်လာဖို့ ရှိတဲ့အတွက် မနေ့က တခြံလုံးကို swab ယူတဲ့အခါ ပိုးတွေ့ရှိရတာ ဖြစ်ပါတယ်။တဦးက ကော့မှူးဇာတိဖြစ်ပီး ခြံထဲ အမြဲနေသူ ဖြစ်ကာ တဦးက မကြာခဏ ဝင်ထွက်သွားလာတတ်တဲ့ မရမ်းကုန်းဘက်က လူတဦးလို့ သတိရပါတယ်။ ထိတွေ့မှုရှိသူ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် ၆ ဦးလဲ Q ဝင်နေရပါတယ်။

ဒါက ဘာကို ပြသလဲဆိုရင်…ရန်ကုန်မှာ ကိုယ်တိုင် မသိတဲ့ ရောဂါပိုးတိတ်တဆိတ်သယ်‌ဆောင်သူ တွေ အများကြီး ရှိနေပီဆိုတာကို ပြသ ပါတယ်။ မိမိကိုယ်တိုင် တိတ်တဆိတ် သယ်ဆောင်သူ ဖြစ်နေနိုင်ပါတယ်။ မြန်မာပြည်မှာ ကိုဗစ် လူနာ ၇၅ % ဟာ ရောဂါလက္ခဏာ လုံး၀ မပြသပါဘူး ဆိုတာပါပဲ။

(Nay Thway)

Add a Comment

Your email address will not be published.