ႏိုင္ငံေတာ္သမၼတႏွင့္ႏိုင္ငံေတာ္အတိုင္ပင္ခံ အပါအဝင္ တာဝန္ရွိသူမ်ားကို COVID-19စစ္ေဆးရာ ပိုးမရွိအေျဖထြက္ေၾကာင္း ဦးေဇာ္ေဌးေျပာၿပီ

ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္ရွိ က်န္ရွိေသာ ဌာနမ်ားအေနျဖင့္ ပုံမွန္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ ဝန္ထမ္းဦးေရ ထက္ဝက္တက္ စနစ္ျဖင့္ ေဆာင္႐ြက္ေနေၾကာင္းႏွင့္ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ တို႔မွာလည္း က်န္းမာေရး ေကာင္းမြန္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။ဦးေဇာ္ေဌးက “သမၼတအိမ္ေတာ္မွာ က်န္တဲ့ဌာနေတြ၊ သမၼတ႐ုံးက က်န္ဌာနေတြ အလုပ္တက္ပါတယ္။ အလုပ္မပိတ္ တစ္ဝက္တက္စနစ္နဲ႔ ေဆာင္႐ြက္လ်က္ ရွိပါတယ္။

ယႏၲရား ပုံမွန္အတိုင္း လည္ပတ္လ်က္ ရွိပါတယ္။ ႏိုင္ငံေတာ္သမၼတႀကီးေရာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေရာ က်န္းမာေရး ေကာင္းမြန္ ပါတယ္။ စိတ္ပူစရာ မရွိပါ။ လုပ္ငန္းတာဝန္ေတြ ပုံမွန္အတိုင္း ေဆာင္႐ြက္လ်က္ ရွိပါတယ္” ဟု ေျပာၾကားသည္။ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ အပါအဝင္ သမၼတ႐ုံးမွ တာဝန္ရွိသူမ်ားကို COVID-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးရာတြင္ Negative အေျဖ ထြက္ေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။

ႏိုင္ငံေတာ္သမၼတ႐ုံးမွ COVID-19 Positive ေတြ႕ရွိခဲ့သူသည္ အရာရွိႀကီး မဟုတ္ဘဲ လက္ေထာက္ ၫႊန္ၾကားေရးမႉးအဆင့္ ျဖစ္ ေၾကာင္း ႏွင့္ ၎ႏွင့္ဌာနတူ ဝန္ထမ္း ၁၁ ဦးအား ဓာတ္ခြဲစစ္ေဆးရာ Negative အေျဖထြက္ေၾကာင္း ဦးေဇာ္ေဌးက ဆိုသည္။ စိတ္ခ်ရ ေအာင္ သူနဲ႔ ေတြ႕တဲ့သူ၊ မေတြ႕လည္း ေနရာနီးသူ အားလုံးကို Quarantine ဝင္ခိုင္းၿပီး စစ္တာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံေတာ္ သမၼတ ႀကီးနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔နဲ႔ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ဆက္စပ္သူအားလုံး မေန႔ကေရာ၊ ဒီေန႔ပါစစ္ၿပီး ျဖစ္ပါတယ္။

အားလုံး Negative ျဖစ္ပါတယ္” ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။သမၼတအိမ္ေတာ္၌ ၎အပါအဝင္ ေလးဦးအား Swab နမူနာယူ၍ ယေန႔စစ္ေဆးရာတြင္လည္း ေလးဦးစလုံး Negative အေျဖထြက္ေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။“ဒီကေန႔ သမၼတအိမ္ေတာ္က ကြၽန္ေတာ္၊ သမၼတ႐ုံး ဒုၫႊန္ခ်ဳပ္ ႏွစ္ဦးနဲ႔ ဓါတ္ပုံ ကိုသက္ေအာင္၊ စုစုေပါင္း ေလးဦး Swab နမူနာယူပါတယ္။ အခု အေျဖရပါတယ္။ ေလး ဦးလုံး Negative ပါ” ဟု ဦးေဇာ္ေဌးက ဆိုသည္။

CRD: ELEVEN MEDIA

UNICODE

နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ကျန်ရှိသော ဌာနများအနေဖြင့် ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဝန်ထမ်းဦးရေ ထက်ဝက်တက် စနစ်ဖြင့် ဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့မှာလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ဦးဇော်ဌေးက “သမ္မတအိမ်တော်မှာ ကျန်တဲ့ဌာနတွေ၊ သမ္မတရုံးက ကျန်ဌာနတွေ အလုပ်တက်ပါတယ်။ အလုပ်မပိတ် တစ်ဝက်တက်စနစ်နဲ့ ဆောင်ရွက်လျက် ရှိပါတယ်။

ယန္တရား ပုံမှန်အတိုင်း လည်ပတ်လျက် ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန် ပါတယ်။ စိတ်ပူစရာ မရှိပါ။ လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။ နိုင်ငံတော်သမ္မတနှင့် နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတရုံးမှ တာဝန်ရှိသူများကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် Negative အဖြေ ထွက်ကြောင်း  ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးမှ COVID-19 Positive တွေ့ရှိခဲ့သူသည် အရာရှိကြီး မဟုတ်ဘဲ လက်ထောက် ညွှန်ကြားရေးမှူးအဆင့် ဖြစ် ကြောင်း နှင့် ၎င်းနှင့်ဌာနတူ ဝန်ထမ်း ၁၁ ဦးအား ဓာတ်ခွဲစစ်ဆေးရာ Negative အဖြေထွက်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ စိတ်ချရ အောင် သူနဲ့ တွေ့တဲ့သူ၊ မတွေ့လည်း နေရာနီးသူ အားလုံးကို Quarantine ဝင်ခိုင်းပြီး စစ်တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော် သမ္မတ ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သူအားလုံး မနေ့ကရော၊ ဒီနေ့ပါစစ်ပြီး ဖြစ်ပါတယ်။

အားလုံး Negative ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။သမ္မတအိမ်တော်၌ ၎င်းအပါအဝင် လေးဦးအား Swab နမူနာယူ၍ ယနေ့စစ်ဆေးရာတွင်လည်း လေးဦးစလုံး Negative အဖြေထွက်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။“ဒီကနေ့ သမ္မတအိမ်တော်က ကျွန်တော်၊ သမ္မတရုံး ဒုညွှန်ချုပ် နှစ်ဦးနဲ့ ဓါတ်ပုံ ကိုသက်အောင်၊ စုစုပေါင်း လေးဦး Swab နမူနာယူပါတယ်။ အခု အဖြေရပါတယ်။ လေး ဦးလုံး Negative ပါ” ဟု ဦးဇော်ဌေးက ဆိုသည်။

CRD:  ELEVEN  MEDIA

Add a Comment

Your email address will not be published.